စိတ်ဖိစီးမှုတွေကို လျော့ကျစေမယ့် ခွန်အားဖြည့်စာစုလေးများ

blank

၁။ အခြေအနေတွေအားလုံးဟာ ခဏတာပါပဲ။ ဘယ်အရာမှမမြဲပါဘူး။ သစ်ပင်တွေလည်း ခြောက်သွေ့ပြီး သေသွားတယ်၊ အဆောက်အဦးတွေလည်း ပျက်ယွင်းပြိုကျသွားတတ်တယ်။ အဲဒီလိုပဲ အဆင်မပြေမှုတွေကလည်း ခဏတာလောက်ပါပဲ။

၂။ ဆုံးဖြတ်ချက်မှားတယ်ဆိုတာ မရှိပါဘူး။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေမှာ ရလဒ်ကောင်းတွေရှိတယ်။ မှားယွင်းတယ်လို့ထင်ရတဲ့ဆုံးဖြတ်ချက်တွေမှာ သင်ခန်းစာတွေရှိနေတယ်။ အဓိကက ယူတတ်ဖို့ပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အတိတ်က ခက်ခဲတဲ့အချိန်တွေကိုတောင် ကောင်းကောင်းကျော်ဖြတ်လာနိုင်ခဲ့သေးတာပဲ။ အခုအချိန်ကိုလည်း အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။

၎။ အာရုံစူးစိုက်ထားဖို့လိုတယ်။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေရတယ်။ အကောင်းဆုံး အကြံထုတ်ရမယ်။ သင် လုပ်နိုင်တယ်မဟုတ်လား။

၅။ လောကကြီးရဲ့ လမ်းပြမှုကို ယုံကြည်တယ်။ ကြိုးစားသူ၊ ဇွဲမလျှော့တဲ့သူ၊ မှန်ကန်တဲ့သူအတွက် လောကကြီးက တစ်ခုခုတော့ ပြန်ပေးတယ်လေ။

စိတ်ခွန်အားရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။