အခက်အခဲဆိုတာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကျော်လွှားရတဲ့အရာပါ။

blank

လူတစ်ယောက်ဟာ သွားလာရင်းနဲ့ လက်မ ၄ဝ လောက်ရှိတဲ့တွင်းနက်တစ်ခုထဲကို ပြုတ်ကျ သွားတယ်။ သူက ခွန်အားရှိသလောက် လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်ပေမဲ့ ကြိုးစားလေ ပိုဆိုးလေ ဖြစ်ပြီး ကြာတော့ခြေကုန်လက်ပမ်းကျလာတယ်။

ဒါနဲ့ စိတ်ဓာတ်ကျလာပြီး သူ့ကိုယ်သူပြောမိတယ်။

“ငါတော့ ဒီနေရာကနေ ဘယ်လိုရုန်းထွက်ရမယ်မှန်း မသိတော့ပါဘူး။ မလွတ်နိုင်တော့တဲ့ ဒီ တွင်းထဲမှာ စိတ်ဒုက္ခအဖြစ်ခံနေမယ့်အစား သေလိုက်တာကမှပိုကောင်းဦးမယ်”

အဲ့ဒီအချိန်မှာပဲ “ ကယ်ကြပါဦး” လို့ ကြောက်လန့်တကြားအော်ဟစ်အကူအညီတောင်းတဲ့ အသံကို သူကြားလိုက်ရတယ်။ အသံဟာ တခြားတွင်းတစ်ခုဆီက ရောက်လာတာပါ။ အဲ့ဒီတွင်းက သူ ရှိနေတဲ့တွင်းထက် ၁ဝ လက်မပိုနက်ပါတယ်။ သူ့လိုပြုတ်ကျနေတဲ့လူနောက်ထပ်တစ်ယောက်ရှိနေ သေးတယ်ဆိုတဲ့အသိက သူ့ကို အားတက်သွားစေပါတယ်။

နားထောင်နေတုန်းမှာပဲ အဲ့ဒီတွင်းထဲက ကျောက်ခဲတချို့နဲ့ သဲတွေပြိုကျနေသံကိုပါ သူကြား လိုက်ရတယ်။

ချက်ချင်းပဲ သူ့သတ္တိတွေပြည့်လာပြီး သူ့ရဲ့လက်ကျန်အင်အားတွေစုစည်းရင်း ဖြည်းဖြည်းစီကုပ် တွယ်တက်လိုက်တယ်။ နောက်ဆုံးမှာတော့ သူဟာ တွင်းနှုတ်ခမ်းပေါ်ကို အောင်မြင်စွာ ရောက်ရှိသွား တော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စာချစ်သူတို့ရေ… ပုံပြင်လေးကပေးတဲ့ မက်ဆေ့ခ်ျလေးကတော့ သိပ်ကိုကောင်းပါတယ်နော်။ လူတိုင်းက ကိုယ့်အဖြစ်ကိုယ်ဆိုးလှချည်ရဲ့လို့ အောက်မေ့ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ သေချာကြည့် မိရင် ကိုယ့်ထက်အဖြစ်ဆိုးကြုံနေသူတွေ လောကမှာ အများကြီးပါ။ ဒါကြောင့် ဘယ်တော့မှ စိတ် ဓာတ်မကျပါနဲ့။ ကိုယ့်ကိုယ်ကိုလည်း လုံးဝအထင်မသေးပါနဲ့။ ချိုချိုသာသာပြောပါ။ နာကျင်စရာတွေ ကို အပြုံးနဲ့ကြံ့ကြံ့ခံပါ။ ဒါတွေဟာ ကိုယ့်ခံနိုင်ရည်ကို စမ်းသပ်တဲ့စိန်ခေါ်မှုတွေဆိုတာ အမှတ်ရပါ။

ပြီးရင် အရာရာကိုကျော်လွှားပြီး ဘဝရဲ့အောင်မြင်မှုတွေကို ရယူလိုက်ပါနော်။

စိတ်ဓာတ်ခွန်အားဖြည့်စာစောင်လေးတွေမျှဝေဖို့ SHARE လိုက်ပါဦး။