မသန္တာလှိုင်ရဲ့ နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ။

blank

အသက် ၄ဝ အရွယ် မှာ လွန်ခဲ့တဲ့ ၁ဝ နှစ်ကထက် ပိုမို နုပျိုလှပနေတဲ့ T’s Workshop ရဲ့ ပဲ့ကိုင်ရှင် မသန္တာလှိုင်ရဲ့ အသားအရေ ထိန်းသိမ်းနည်းလေးက ဘာဖြစ်မလဲ။

အားလုံး သိကြတဲ့အတိုင်း ပိုမိုနုပျိုလာတဲ့ မသန္တာလှိုင်က ကျန်းမာတဲ့ အသားအရေ ထိန်းသိမ်းနည်း လေးကို ယခုလို ဝေမျှခဲ့ပါတယ်။

၁။ သဘာဝ အဆီကထုတ်လုပ်ထားတဲ့ Facial wash, Body Wash စတာတွေနဲ့ သေသေချာချာ မိတ်ကပ်၊ ဖုန် ကင်းစင်အောင် ဆေးကြောပါတယ်။

၂။ မျက်နှာသုတ်ပုဝါနဲ့ ခပ်ဖွဖွ ခြောက်အောင်သုတ်ပြီး Chemical အနည်းဆုံး Product တစ်ခုဖြစ်တဲ့ RJH Serum၊ Rose Skin Tonic လေးနဲ့ အရေပြားအတွက်လိုအပ်တဲ့ အဆီနဲ့ ရေဓါတ်ကို အားဖြည့်ပေးပါတယ်။

၃။ ပြီးတာနဲ့ Facial Cupping လေးနဲ့ သွေးလည်ပတ်မှုကောင်းအောင် တစ်မိနစ်ခန့် စုပ်ယူ ဆွဲပေးပါတယ်။ ဒါကြောင့်မို့လို့ သွေးလည်ပတ်မှုကောင်းအောင် နှိပ်နယ်ပေးသလိုဖြစ်ပြီး လိမ်းထားတဲ့ Skin Care ကို ပိုမို စုပ်ယူစေပါတယ်။

၎။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပီး ရေနဲ့ အုန်းရေ များများသောက်ကာ အသီးအနှံများများ စားသုံးဖို့ နှစ်သက်သူဖြစ်ပါတယ်။ အိပ်ရေးပျက်မခံပဲ ညဘက် စောစောအိပ်ယာဝင်ကာ စောစော အိပ်ယာထခြင်းကြောင့်လည်း စိတ်လက်ကြည်လင်စေပါတယ်လို့ အကြံပေးပါတယ်။

၅။ အရေပြားပေါ်မှာရှိတဲ့ လိမ္မော်ခွံလို အဆီ အထစ်ထစ်လေးတွေအတွက် Organic Body Oil လိမ်းခါ Anti Cellulite Cupping ကို အသုံးပြုပြီး ချောမွေ့အောင်အသုံးပြုပါသေးတယ်။ ကျန်းမာလှပတဲ့ ခနာကိုယ်အတွက်တော့ လေ့ကျင့်ခန်းကို အဓိက လေ့ကျင့်ဖြစ်ကြောင်း ဂန္တ၀င်မှ အမျိုးသမီးများအတွက် ဝေမျှပေးလိုက်ပါတယ်ရှင်။

နောက်ဆုံးတစ်ချက်က ချစ်ခြင်းမေတ္တာဖြင့် နေ့ရက်တိုင်းကို ဖြတ်သန်းနေသောကြောင့်လည်း နုပျိုနေနိုင်တာကြောင့် ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်နဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိသင့်ကြောင်း ထပ်ပီး အကြံပေးပါသေးတယ်။

Silicon Cupping လေးရဲ့ အကျိုးကျေးဇူးကိုတော့ ဒီလိုရှင်းပြသွားပါတယ် …

စီလီကွန် စုပ်ခွက် အသုံးပြုခြင်းဖြင့် မျက်နှာအနှံ့ရှိ သွေးကြောတွေပွင့်ပြီး သွေးလည်ပတ်မှုကောင်းကာ အရေးအကြောင်းများ သက်သာစေပါတယ်။ ထို့အပြင် နေ့စဉ် အသုံးပြုပါက တစ်လအတွင်း ဝက်ခြံများ နှင့် အသားခြောက်ခြင်း များသက်သာစေပြီး အသားအရည်ကြည်လင်တောက်ပ လာပါမယ်။

၁။ အဆိပ်အတောက်ပြေစေခြင်း

၂။ အကြောလျော့ခြင်း

၃။ အရေပြား နူးညံ့စေခြင်း

၎။ ကြွက်သားနာကျင်မှု လျော့ကျစေခြင်း

ဤစီလီကွန် စုပ်ခွက်သည် မျက်နှာ နှိပ်နယ်ခြင်း တစ်မျိုးဖြစ်၍ ဘေးဥပါဒ် မရှိပါပေမဲ့ သွေးမတိတ်တဲ့ ရောဂါရှိသူများအနေနဲ့ အသုံးလုံးဝမပြုသင့်ပါဘူး။

သတိပြုရန်

မျက်နှာအသားပေါ်သို့ စုပ်ခွက်နဲ့ တစ်နေရာတည်း အချိန်ကြာကြာ မစုပ်ထားရန် သတိပြုပါ။ ထိုသို့ ပြုလုပ်ပါက အန္တရာယ်မရှိပေမယ့် ထိုနေရာတွင် အနီကွက် ဖြစ်စေနိုင်ပါတယ်။

Body Cupping (Moving Therapy Cupping) အသုံးပြုနည်းကတော့

ခန္ဓာကိုယ်ရှိ အဆီခဲများစုနေတဲ့ ခါး ပေါင် ဗိုက် ခြေသလုံးရှိ Cellulite ဖြစ်နေသောနေရာတွေမှာ  စုပ်ခွက်ကို စုပ်စေပြီး အထက်အောက် ဆွဲ၍အသုံးပြုပေးလို့ရတယ်။ နှိပ်နယ်ပေးသလိုဖြစ်လို့ အပူထွက်ပီး နေလို့ပေါ့ပါးလာမယ်။ စီလီကွန် စုပ်ခွက်ကို အသုံးမပြုမီ နှစ်သက်ရာ အဆီ တစ်ခုခုလိမ်းထားပါ။

ဈေးကွက်ထဲ Silicon Grade အမျိုးမျိးရှိလို့ ကိုယ့်အသားအရေပေါ်တင်မယ့် ပစ္စည်းကို အမြဲ အရည်အသွေးကောင်းတာကို စစ်ဆေးဝယ်ယူဖို့လည်း အကြံပေးခဲ့ပါတယ်။

ကဲ ဂန္တဝင် ပရိတ်သတ်လည်း မသန္တာလှိုင်လို ကျန်မာတဲ့ အသားအရေကို ပိုင်ဆိုင်ပြီး ပိုနုပျိုစေမယ့် နည်းလမ်းလေးတွေ သိရလို့ ကျေနပ်ပြီလို့ ထင်ပါတယ်နော်။