၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီလ ၃ဝ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ရှုပ်ထွေးမှုအပေါင်းသောင်းခြောက်ထောင်နှင့် အလိုလို စိတ်အလိုမကျ ဒေါသဖြစ်နေမယ်။ ရှောင်ပြေးဖို့ကြိုးစားနေတဲ့ ပြဿနာတွေ ပိုမိုကြီးထွားလာမယ်။ အရာရာကို သတိထားပြီး သွေးအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းပါ။ ဝါသနာနဲ့ ထပ်တူကျတဲ့ စီးပွားရေးအစီအစဉ်တွေကို သတ်မှတ်လျှောက်လှမ်းနိုင်မယ်။ ဘဝကိုအထွတ်အထိပ်ရောက်စေမယ့် အခွင့်အရေးတွေရောက်လာနိုင်တာကြောင့် မျက်စိဖွင့်နားစွင့်ထားပါ။

ယတြာ- ရေဖိုးလှူဒါန်းပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ      

ပြဿနာတွေကို ဟော့ဟော့ဒိုင်းဒိုင်းဖြေရှင်းတတ်တဲ့ အကျင့်၊ သွေးပူနေတုန်းဆုံးဖြတ်ချက်ချမှတ်တတ်သောအကျင့်တွေကြောင့် ပြဿနာတွေပိုမိုကြီးထွား ရှုပ်ထွေးလာမယ်။ မိမိရဲ့ အကျိုးကိုအမှန်တကယ်လိုလားသူများထံမှ အကြံဉာဏ်တောင်းခံပြီးမှ ဆုံးဖြတ်ချက်များကို သွေးအေးအေးချမှတ်ပါ။ အချိန်အတော်ကြာအောင် ကွဲကွာနေသော သူငယ်ချင်းတစ်ဦးနှင့် အဆက်အသွယ်ရမည်။ အနီရောင်အသုံးအဆောင်တစ်ခုလက်ဆောင်ရပါက ထီထိုးပါ။

ယတြာ- ချို့တဲ့သူများအတွက် မနက်စာလှူဒါန်းပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အလွဲအချော်လေးတွေ ဖြစ်တတ်တာကြောင့် အလုပ်တွေကို ခါတိုင်းထက် ပိုမိုအာရုံစိုက်လုပ် ကိုင်ရမယ့်ကာလဖြစ်ပါတယ်။        အလုပ်နဲ့ ပုဂ္ဂိုလ်ရေး မရောယှက်မိအောင် သတိထားပါ။ ငွေရေးကြေး ရေးကိစ္စတွေမှာလည်း ယုံကြည်စိတ်ချရသူနဲ့သာ လက်တွဲပါ။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးဖြင့် ကန်တော့ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
           ဝန်ထမ်းဖြစ်ပါက ရာထူးတိုးခြင်း၊ နေရာပြောင်းရွှေ့ခြင်းတို့ ကြုံရမယ့်ကာလဖြစ်ပါတယ်။ စီးပွား ရေးသမားဖြစ်ပါက လုပ်ငန်းနေရာ အပြောင်းအရွှေ့ရှိပါတယ်။ ရင်းနှီးသူတစ်ယောက်ရဲ့ ငွေအလိမ်ခံရ တတ်တယ်။ သတိထားပါ။ အချစ်ရေးမှာ စန်းပွင့်နေမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။
ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်ကာလဖြစ်ပါတယ်။ ရွေးချယ်စရာ တွေ သုံးလေးခုတစ်ပြိုင်နက်တည်းပေါ်နေတာကြောင့် ရွေးချယ်ရခက်နေမယ်။ တစ်ယောက်တည်း မဆုံးဖြတ်ဘဲ လူကြီးမိဘတွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးဖြစ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ရေသက်စေ့လှူပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်မှာ အတိုက်အခိုက်တချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမယ့်ကာလဖြစ်ပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ သင်လုပ်စရာရှိတာကိုသာ မှန်ကန်စွာ လုပ်ဆောင်လိုက်ပါ။ မကြာခင်မှာ အခက်အခဲတွေ ပြေလည်သွားပါလိမ့်မယ်။ သောကြာနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးပါမယ်။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အခက်အခဲတွေပြီးဆုံးလို့ ပျော်စရာလေးတွေ ရောက်လာမယ့်ကာလဖြစ်ပါတယ်။ အလှူ အတန်းတွေပြုရမယ်။ မိသားစုခရီးထွက်ရမယ်။ အလုပ်အင်တာဗျူးဖြေဆိုထားသူများ အင်တာဗျူး အောင်ပါမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ သတိပြုပါ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

        ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေပြန်ရမယ်။ စိတ်ပူနေရတဲ့ပြဿနာလေးတွေ အဆင်ပြေစွာ ပြီးဆုံးသွားမယ်။ နေအိမ်ပြုပြင်ရမယ်။ စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။ မိသားစုဝင်အသစ်တိုးမယ်။ အချစ်ရေးမှာ သုံးပွင့်ဆိုင်ဖြစ်နေတာကြောင့် ရင်မောနေရတတ်တယ်။ ကျန်းမာရေး ကောင်းပါတယ်။

ယတြာ။         ။ မွေးရက်မှာ ဘယာကြော်ဆွမ်းလောင်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

သူများအပူက ကိုယ့်အပူဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ အရှုပ်အထွေးတွေကြားထဲမှာ ဝင်မပါ ဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ပါ။ ကြားညပ်တတ်ပါတယ်။ မိသားစုအတွင်း ပျော်စရာသတင်း ကောင်းလေးတွေ ကြားရမယ်။ ငွေဝင်ကိန်းကြီးကြီးမားမားရှိတယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်ဆွမ်းကပ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

အဆိုးနဲ့အကောင်း ဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို ခေါင်းအေးအေးနဲ့ ရင် ဆိုင်ဖြေရှင်းသင့်ပါတယ်။ မိတ်ဆွေကောင်းတွေ အကျိုးပေးမယ်။ ဆရာသမားကောင်းတွေ ကူညီ စောင့်ရှောက်မယ်။ လူကြီးမိဘကျန်းမာရေးကို အထူးဂရုစိုက်ပါ။

ယတြာ။         ။  မွေးရက်မှာ သူငယ်ချင်း ၂-ယောက်ကို ကြေးအိုးတိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

စိတ်ကူးဉာဏ်လေးတွေ ရင့်သန်နေမယ့်ကာလဖြစ်ပါတယ်။ မျှော်မှန်းထားတာထက် အောင်မြင် မှုရရှိနိုင်တာကြောင့် ကြံရွယ်ထားတဲ့အလုပ်လေးတွေရှိရင် အကောင်အထည်ဖော်လိုက်ပါ။ အချစ်ရေး မှာ နားလည်မှုလေးတွေ လွဲနေတတ်တယ်။ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းယူပါ။ မကြာခင် အဆင်ပြေသွားပါ လိမ့်မယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သင့်ရဲ့တိကျသေချာတဲ့ ကြိုးစားမှုလေးတွေကြောင့် အလုပ်ထဲမှာ အောင်မြင်မှုလေးတွေ ရရှိ မယ့်ကာလဖြစ်ပါတယ်။ ငွေကြေးကိစ္စတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိပေမဲ့ စိတ်ရှည်ရှည်ထားပါ။ မမျှော်လင့်ဘဲ ခရီးတစ်ခုထွက်ရမယ်။ ရေလမ်းခရီးကို ရှောင်ပါ။ အချစ်ရေးမှာ ကြားလေသွေးလို့ ခဏ ဝေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ကြံရည်လှူပါ။