၁၉ နှစ်အရွယ်မှာ သိလာခဲ့ရတဲ့အသိအမြင် ၁၉ ခု

blank

၁။ တချို့လူတွေက သင့်ဘဝကို အဆိပ်ခတ်လိမ့်မယ်။ တချို့သူတွေက သင့်ဘဝကို အဆိုးဖြစ်စေလိမ့်မယ်။ ဒီလိုလူတွေကို ဘဝထဲကဖယ်ထုတ်ပစ်တာ အကောင်းဆုံးပါ။

၂။ တစ်ယောက်တည်းနေဖို့ကအဆင်ပြေပါတယ်။ ပျော်ရွှင်ဖို့အတွက် ပါတီတွေတက်နေမှ၊ သူငယ်ချင်းတွေနဲ့ တွေ့နေမှမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းနေပြီး ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါတယ်။

၃။ တစ်ခါတလေမှာ သူများတွေထက် ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဦးစားပေးလိုက်ရတာမျိုးရှိတယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုအတွက် အကောင်းဆုံးလုပ်ဆောင်ခြင်းပါ။

၎။ လူတွေ ကိုယ့်ဘဝထဲကနေ ထွက်သွားကြတယ်။ တစ်ခါတလေမှာ ထွက်သွားမှာကို ကြိုသိရသလို၊ တစ်ခါတလေမှာ ရုတ်တရက်ထွက်သွားတတ်ကြတယ်။ ဒါကို ဘယ်သူမှ ပြောင်းလဲလို့မရဘူး။ ကိုယ်လုပ်နိုင်တာက  ဘယ်သူပါပါ မပါပါ ဘဝလမ်းကိုဆက်လျှောက်နိုင်ဖို့ပဲ။

၅။ အရမ်းကြီး မစဉ်းစားနဲ့။ ပြဿနာတွေရဲ့ ၉၉%လောက်က စဉ်းစားလွန်းခြင်းက စတင်တာပဲ။

၆။ ယုံကြည်ရာကို ရှာဖွေပါ။ နေ့ရက်တိုင်းကို ဆက်လက်ပြီးရှင်သန်နိုင်ဖို့ဆိုတာ ယုံကြည်ရာတစ်ခုခုရှိနေမှ ဖြစ်မှာပါ။

၇။ စားချင်တာစား၊ ဝတ်ချင်သလိုဝတ်၊ ချစ်ချင်တဲ့သူကိုချစ်ပါ။ ဘဝဆိုတာ တိုတောင်းလွန်းတယ်၊ ကိုယ့်စိတ်ချမ်းသာဖို့ဦးစားပေးလိုက်ပါ။

၈။ မိဘတွေကို ကျေးဇူးသိတတ်ပါ။ သူတို့မရှိဘဲ လူဖြစ်မလာနိုင်ဘူးလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၉။ တက္ကသိုလ်ကျောင်းသားဘဝကို အကောင်းဆုံးဖြတ်သန်းပါ။ စာလည်းကောင်းကောင်းလုပ်ပါ။ ကျောင်းသားဘဝဆိုတာ နှစ်ခါပြန်မရပါဘူး။

၁ဝ။ ကိုယ့်စိတ်ကို လုံခြုံမှုပေးစွမ်းနိုင်တဲ့သူတွေကို လက်မလွှတ်ပါနဲ့။ သူတို့က ဘုရားပေးတဲ့ဆုလာဘ်တွေပါ။

၁၁။ သင့်ကိုပါ မှားစေတဲ့သူတွေကို အမှန်ပြင်ပေးဖို့မကြိုးစားပါနဲ့။

၁၂။ အလုပ်လုပ်ခြင်းက စည်းကမ်းရှိဖို့နဲ့တာဝန်ယူစိတ်ရှိဖို့တင် သင်ပေးတာမဟုတ်ဘူး၊ ဒီလောကမှာ တကယ်ကို စိတ်ဓာတ်မကောင်းတဲ့သူတွေရှိနေသေးတယ်ဆိုတာကိုလည်း သိစေတယ်။

၁၃။ ရယူခြင်းထက် ပေးကမ်းရခြင်းက ပိုပြီး ပျော်စရာကောင်းတယ်။

၁၄။ ကိုယ့်ကိုယ်ကို ကင်းဗတ်စအလွတ်တစ်ခုလို သတ်မှတ်ကြည့်ပါ။ ကြိုက်တဲ့ပုံဆွဲလို့ရတယ်၊ စုတ်တံက ကိုယ့်လက်ထဲမှာလေ။

၁၅။ ဝမ်းနည်းမှုတွေကို ခံစားနေရတာက ဘယ်နေရာမှာအဆုံးသတ်မယ်မှန်းမသိတဲ့ လှိုဏ်ခေါင်းထဲမှာ လမ်းလျှောက်နေရသလိုပါပဲ။ ဆက်လျှောက်ပါ။ အဆုံးတစ်ဖက်ရောက်သွားရင် အလင်းကိုတွေ့ပါလိမ့်မယ်။

၁၆။ ကိုယ့်ဘဝကိုယ် ကားတစ်စီးလို့ မြင်ကြည့်ပါ။ ဘဝကိုပျော်ပျော်ဖြတ်သန်းချင်ရင် ခရီးသည်နေရာက လိုက်စီးပါ၊ ယာဉ်မောင်းသူနေရာက မလိုက်ပါနဲ့။

၁၇။ ကိုယ်ဖြစ်ချင်နေတာကို ဖြစ်အောင်လုပ်ဖို့ ဘယ်တော့မှမတွန့်ဆုတ်ပါနဲ့။

၁၈။ ကိုယ့်အတွင်းစိတ်ကို ယုံကြည်ပါ။ ဦးနှောက်ဆိုတာက အတွေးများလွန်းပြီး နှလုံးသားက ခံစားလွန်းပါတယ်။ ဒါပေမဲ့ သင့်အတွင်းစိတ်ကတော့ အမြဲတမ်းမှန်ကန်ပါတယ်။

၁၉။ ဘာတွေဘယ်လိုပဲဖြစ်နေနေ မျှော်လင့်ချက်ထားပါ။ အမြဲတမ်း မျှော်လင့်ချက်ရှိနေပါတယ်။

ခံစားချက်တွေ တိုက်ဆိုင်သွားရင် SHARE လိုက်ပါ။ သင်သိလာတဲ့အသိတစ်ခုခုကိုလည်း comment box မှာ ဝေမျှပေးခဲ့ပါဦး။