ရှင်းရှင်းလေးနဲ့ အလင်းပေးမယ့် ဘဝခွန်အားဖြည့်စာစုများ

blank

၁။ ပညာဆိုတာ အကောင်းဆုံးမိတ်ဆွေပါ။ ပညာရှိတဲ့သူက နေရာတိုင်းမှာ လေးစားခြင်းခံရတယ်။ ပညာရှိခြင်းက လှပနုပျိုမှုကို အနိုင်ယူနိုင်ပါတယ်။

၂။ သူများတွေရဲ့ အမှားတွေကနေ သင်ယူပါ။ ကိုယ်တိုင်မှားမှ သင်ခန်းစာယူမယ်ဆိုရင် အမှားအားလုံးမှားဖူးဖို့ သင့်ဘဝမှာ အချိန်မရှိပါဘူး။

၃။ ပန်းရနံ့ဟာ လေညင်းဆောင်ရာတစ်လျှောက်ပဲ ပျံ့နှံ့တယ်။ လူတွေရဲ့ ကောင်းသတင်းကတော့ အရပ် ၈မျက်နှာလုံး ပျံ့နှံ့ပါတယ်။

၎။ အလုပ်တစ်ခုကို မလုပ်ခင် ကိုယ့်ကိုယ်ကို မေးခွန်း (၃)ခုမေးပါ။

  • ငါဘာလို့ ဒီအလုပ်ကို လုပ်မှာလဲ။
  • ဘယ်လို ရလဒ်တွေ ထွက်လာနိုင်လဲ။
  • အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်မလား။

ဒီမေးခွန်းတွေအတွက် အဖြေကို လေးလေးနက်နက်စဉ်းစားပြီး စိတ်ကျေနပ်မှုရတယ်ဆိုမှသာ ရှေ့ဆက်လုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ကလေး (၅) နှစ်မတိုင်ခင်အရွယ်ထိ ချစ်မြတ်နိုးစွာ ဆက်ဆံပါ။

သင့်ကလေး (၁၆) နှစ်မတိုင်ခင်အရွယ်ထိ ဆူစရာရှိတာဆူပါ၊ ဆုံးမသွန်သင်ပါ။

သင့်ကလေး (၁၆) နှစ်ကျော်သွားတာနဲ့ သူငယ်ချင်းတစ်ယောက်လိုဆက်ဆံပါ။

အရွယ်ရောက်ပြီးသား သင့်သားသမီးတွေဟာ သင့်အတွက်အကောင်းဆုံး သူငယ်ချင်းတွေပါ။

၆။ ခင်မင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ကိုယ်ကျိုးမျှော်စိတ်လေးတွေ ရှိတယ်။ ကိုယ်ကျိုးမျှော်စိတ်မရှိတဲ့ ခင်မင်မှုဆိုတာ မရှိဘူး။ ဒါဟာ ခါးသက်တဲ့ အမှန်တရားတစ်ခုပါပဲ။

၇။ လူတိုင်းက အရမ်းကြီး ရိုးဖြောင့်မနေသင့်ဘူး။ ပင်စည်ဖြောင့်တဲ့အပင်တွေက အရင်ဆုံးအခုတ်ခံရသလိုပဲ ရိုးဖြောင့်လွန်းတဲ့လူတွေကလည်း အရင်ဆုံး အခွင့်အရေးယူခံရတတ်တယ်။

၈။ အလုပ်တစ်ခုခုလုပ်ပြီဆိုရင် ကျရှုံးမှာမကြောက်နဲ့။ လက်မလျှော့နဲ့။ အလုပ်ကို သစ္စာရှိသူတွေက ဘဝမှာ အပျော်ရွှင်ဆုံးပါပဲ။

၉။ လူတစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားခြင်းကို သူ့ရဲ့ လုပ်ရပ်တွေနဲ့ တိုင်းတာသတ်မှတ်ပါတယ်။ သူမွေးဖွားပုံနဲ့ မသတ်မှတ်ပါဘူး။

၁ဝ။ သင့်ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ ထုတ်မပြောပါနဲ့။ ထုတ်ပြောလိုက်တဲ့ လျှို့ဝှက်ချက်တွေက သင့်ကိုဖျက်စီးမယ့် လက်နက်တွေပါ။

၁၁။ မျက်မမြင်တွေအတွက် မှန်ဟာ အသုံးမဝင်သလိုပဲ လူပြိန်းတွေအတွက် စာအုပ်တွေက အသုံးမဝင်ပါဘူး။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။