မေ့တတ်သူများဖတ်ဖို့…။

blank

လူရဲ့ဦးနှောက်ဟာ အချက်အလက်တွေနဲ့လေးလံနေတာမျိုးမဖြစ်အောင် ကာကွယ်ထားပါ တယ်။ ဒါကြောင့် အချက်အလက်တွေဆိုရင်လည်း ရေတိုပဲသိုလှောင်ထားပေးပြီး ရေရှည်သိုလှောင် မထားပေးပါဘူး။ သင့်အနေနဲ့ မှတ်ထားတဲ့အရာတွေကို ခဏခဏပြန်မတွေးရင်၊ ဒါမှမဟုတ် လုံးဝကို ပြန်အသုံးမပြုတော့ဘူးဆိုရင် ဦးနှောက်ကလည်း မြန်မြန်မေ့ပစ်လိုက်ပါတော့တယ်။

သိပ္ပံပညာရှင်တစ်ယောက်ရဲ့လေ့လာတွေ့ရှိချက်အရ လူတွေဟာ သင်ယူပြီး တစ်နာရီနောက် ပိုင်းမှာ သင်ယူထားတဲ့အချက်အလက်ရဲ့တစ်ဝက်ကျော်ကို မေ့သွားကြပြီး တစ်ပတ်လောက်ကြာရင် တော့ သင်ယူထားသမျှရဲ့ ၂ဝ% လောက်ကိုသာ သတိရတော့တယ်လို့ဆိုပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အချက်အလက်တွေကို ခေါင်းထဲအချိန်အကြာကြီး မှတ်မိနေအောင် ထိန်းသိမ်းထားဖို့ဆိုရင် သင့်အနေနဲ့ သင်ယူထားသမျှကို ရေရှည်မှတ်ဉာဏ်ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ အတင်းအကြပ် အလွတ်ကျက်တာမျိုးကတော့ အကျိုးသက်ရောက်မှုမရှိနိုင်ပါဘူး။ ခဏခဏပြန်တွေးတာ၊ ပြန်အသုံး ပြုတာမျိုးတွေနဲ့ မှတ်ဉာဏ်ကာလကို ရှည်လျားအောင် ချဲ့ထွင်ပေးဖို့ လိုအပ်ပါတယ်။

ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဘာကိုမှ လွယ်လွယ်ကူကူ မေ့တတ်တော့မှာ မဟုတ်ပါဘူး။