၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီ ၂၃-ရက်နေ့မှ ၂၉ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

       ပြီးပြီးသားကိစ္စတွေကို မေ့ပစ်ပြီး အသစ်တွေနဲ့ ရှေ့ဆက်သင့်တဲ့ ကာလဖြစ်ပါတယ်။ ရွေးချယ် စရာလမ်းကြောင်းသစ်တွေ၊ အခွင့်အလမ်းကောင်းတွေ၊ မိတ်ဆွေသစ်တွေက သင့်ကို ရှေ့မှာ စောင့် ကြိုနေကြပါတယ်။ ကြိုးစားဖို့သာ သတ္တိမွေးလိုက်ပါ။ အချစ်ရေးမှာ အများအားကျရလောက်အောင် စန်းပွင့်နေပါတယ်။

ယတြာ။        ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ဝမ်းကွဲမောင်နှမတွေရဲ့ အကျိုးပြုမှုတွေ ခံစားရမယ့် ကာလဖြစ်ပါတယ်။ ငွေကြေးအကူအညီ၊ လုပ်အားအကူအညီတွေ များစွာရရှိမယ်။ အလုပ်သစ်စတင်မယ်ဆိုရင် စိတ်မလောပါနဲ့။ အမှားပါတတ် တယ်။ ကြာသပတေးနံနဲ့စတဲ့ လုပ်ငန်းတွေကို ရွေးချယ်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ သူတစ်ပါးရဲ့အခက်အခဲတစ်ခုခုကို တတ်နိုင်သလောက် ကူညီပေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အမှတ်တမဲ့ပြုမိတဲ့ကိစ္စလေးကနေ ကြီးကြီးမားမားအငြင်းပွားစရာအခြေအနေတစ်ခု ဖြစ်ပေါ် တတ်တယ်။ အပြောအဆို၊ အပြုအမူဆင်ခြင်သတိပြုရမယ့် ကာလဖြစ်ပါတယ်။ အထူးသဖြင့် လူအများ စုရှိတဲ့ပွဲလမ်းသဘင်တွေကို ရှောင်ပါ။ အချစ်ရေးမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေမယ်။

ယတြာ။         ။ သူငယ်ချင်းတွေကို အအေးတိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ကူးထားတာလေးတွေကို ဖြည်းဖြည်းချင်းအကောင်အထည်ဖော်ဖြစ်မယ့် ကာလဖြစ်ပါ တယ်။ စိတ်မပူပါနဲ့။ စိတ်မလောပါနဲ့။ ငွေကြေးရင်းနှီးမြှုပ်နှံရတဲ့ကိစ္စတွေမှာ သေချာအချိန်ယူစဉ်းစား ဆုံးဖြတ်ပါ။ အမှားပါတတ်ပါတယ်။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ သီလရှင်တစ်ပါးကို ဆန်တစ်ပြည်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ ငွေကြေးဝင်သလောက် ငွေကုန်ကြေးကျ စရာတွေလည်း များနေမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ အဖိုးတန်ပစ္စည်းပျောက်တတ်တယ်။ ငွေကြေး အချေးအငှားဆုံးရှုံးတတ်တယ်။ သတိပြုပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ရွေးချယ်စရာအလုပ်အကိုင်အခွင့်အလမ်းတွေ များပြားနေတဲ့ ကာလဖြစ်ပါတယ်။ ဘဝအတွက် အရေးကြီးတဲ့အလုပ်မို့ တစ်ယောက်တည်းမဆုံးဖြတ်ဘဲ မိသားစုနဲ့တိုင်ပင်ဆုံးဖြတ်ပါ။ ရပ်ဝေးခရီးတွေ ရှောင်ပါ။ အစားအသောက်ဆင်ခြင်ပါ။ အစားမှားတတ်တယ်။ အချစ်ရေးမှာ ကြားလေသွေးလို့ သွေး အေးနေပါမယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင် ၃ ပင်စိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဘာမှန်းမသိတဲ့ ခံစားမှုတွေနဲ့ အတန်ငယ်စိတ်လေနေမိမယ့် ကာလဖြစ်ပါတယ်။ အလုပ်အကိုင် ပြောင်းချင်စိတ်တွေ ဖြစ်နေမယ်။ အရာရာကို စိတ်လိုက်မာန်ပါမဆုံးဖြတ်ပါနဲ့။ အခက်အခဲတွေရှိရင် မကြာခင် ပြေလည်သွားမှာပါ။ အချစ်ရေးမှာ သဘောထားကြီးသူနဲ့ဆုံစည်းရမယ်။

ယတြာ။         ။ မွေးရက်မှာ အိမ်နီးဝန်းကျင်မှာ အမှိုက်ရှင်းပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

စေတနာတွေရောင်ပြန်ဟပ်မယ့် ပျော်ရွှင်စရာကာလဖြစ်ပါတယ်။ သင်ကူညီခဲ့ဖူးသူတွေဆီက ကျေးဇူးတုံ့ပြန်မှုတွေ ခံစားရမယ်။ အပျော်ခရီးထွက်ရမယ်။ ငွေကြေးဝင်မယ်။ ပညာရေးဘက်လေ့လာ လိုက်စားနေသူဖြစ်ပါက နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရမယ်။ အချစ်ရေးမှာ မျက်လုံးချင်း စကားပြောနေတဲ့သူနဲ့ နီးစပ်မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

မနာလိုသူတစ်ဦးရဲ့ကြားဝင်သွေးထိုးစကားတွေကြောင့် မိသားစုမောင်နှမတွေကြား စိတ်ဝမ်း ကွဲစရာဖြစ်တတ်တယ်။ သတိပြုပါ။ ကြားစကားတွေကို မယုံပါနဲ့။ စီးပွားရေးသမားများ အဂါင်္နံနဲ့စတဲ့ ကုန်ပစ္စည်းတွေ အရောင်းအဝယ်လုပ်ရင် အကျိုးပေးမယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ် သူတွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်နဲ့ အိမ်နဲ့ကြားမှာ ဗျာများနေရမယ့် ကာလဖြစ်ပါတယ်။ အိမ်မှာလည်း မိသားစုကိစ္စတွေနဲ့ ရှုပ်ထွေးနေမယ်။ လူမှုရေးကိစ္စ၊ ဆွေမျိုးကိစ္စတွေများနေမယ်။ နေအိမ်ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ် ဝင်မယ်။ အချစ်ရေးမှာ အချိန်မပေးနိုင်လို့ ဝေးနေရမယ်။

ယတြာ။         ။ မွေးရက်မှာ ခေါက်ဆွဲကြော်ဆွမ်းလောင်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အစားအသောက်လုပ်ငန်းနဲ့ပတ်သက်ပြီး အဆင်ပြေမယ့်ကာလဖြစ်ပါတယ်။ ပူးပေါင်းလုပ် ကိုင်ရမယ့် ကိစ္စတွေအကျိုးပေးမယ်။ ခရီးမကြာခဏထွက်ရမယ်။ သင့်အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမယ့် ခရီးတွေဖြစ်ပါတယ်။ အချစ်ရေးမှာ မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ် တယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြန့်ကြာနေတဲ့ အကြွေးလေးတွေ ပြန်ရမယ့် ကာလဖြစ်ပါတယ်။ စိတ်ဖိစီးမှုတချို့ရှိပေမဲ့ မကြာခင်ပြေလည်သွားမှာပါ။ အထည်အလိပ်နဲ့ပတ်သက်တဲ့ လုပ်ငန်းသစ်တွေ စတင်နိုင်ရင် အကျိုးပေးပါမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မိသားစုကို ရွှေရင်အေးတိုက်ပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။