ဘဝရဲ့နောက်ဆုံးအချိန်တွေကို နောင်တကင်းစွာ အကောင်းဆုံးဖြတ်ကျော်နည်း

blank

           ဝေဒနာအပြင်းအထန်ခံစားနေရတဲ့ သေလုမြောပါးလူနာတွေကို ပြုစုနေရတဲ့ Macmillan ဆေးရုံက သူနာပြုတွေက သူတို့ရဲ့လူနာတွေ မသေခင်လေးမှာ ပြောလေ့ရှိတဲ့ စကားတွေကို ပြန်ပြောပြခဲ့ပါတယ်။

တချို့လူနာတွေက သေခါနီးနောက်ဆုံးအချိန်မှာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို တွေ့ချင်တယ်လို့ ပြောခဲ့ပါတယ်။ တချို့တွေကတော့ နောက်ဆုံးအကြိမ်အဖြစ် လက်ဖက်ရည်တစ်ခွက်သောက်ချင်တယ်လို့ တောင်းခဲ့ပါတယ်။

အမျိုးသမီးလူနာအများစုကတော့ သူတို့ သေရမှာကိုမကြောက်တဲ့အကြောင်းပြောရင်း ပြုံးပြုံးလေးသေဆုံးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဘဝဆိုတာ သိပ်ကိုတိုတောင်းပါတယ်။ သင့်မှာ အချိန်ရှိနေတုန်း၊ သင်လုပ်နိုင်နေတုန်းမှာ သင်လုပ်ချင်တာ လုပ်လိုက်ပါ။ သင့်ကို ပျော်ရွှင်စေမယ့်အရာတွေကို လုပ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝမှာ လုပ်ချင်တာတွေလုပ်ခဲ့ပြီး လောကကြီးထဲက ကျေကျေနပ်နပ် ထွက်ခွာသွားနိုင်သူတွေဟာ နောက်ဆုံးအချိန်မှာတောင် ပျော်ရွှင်မှုတွေနဲ့ အဆုံးသတ်ရပါတယ်။

မကြာသေးခင်က သူနာပြုတစ်ယောက်ပြောခဲ့တာကတော့ “လူတွေရဲ့ နောက်ဆုံးအချိန်ကို ဖြတ်ကျော်မှုတွေက ရှင်တို့ထင်ထားသလို၊ TV တွေ၊ ရုပ်ရှင်တွေ ထဲကလို မဟုတ်ပါဘူး။ တကယ်ကို ထူးဆန်းအံ့သြစရာ၊ သံဝေဂရစရာ၊ ထိတ်လန့်စရာတွေအပြည့်ပါပဲ” တဲ့။

ဒီတော့ နောက်ဘဝကို အစွဲတွေပါမသွားချင်ရင်၊ နောက်ဆုံးအချိန်မှ နောင်တမရချင်ရင် အသက်အရွယ်လေးရှိတုန်း၊ ကျန်းမာနေတုန်းမှာ ကိုယ်လုပ်ချင်ရာကို ဖြစ်အောင်လုပ်သွားပါ။ ပြီးရင် ဘဝရဲ့ နောက်ဆုံးအချိန်မှာ နောင်တတရားတွေ၊ အစွဲတွေ၊ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ စိတ်ထဲမှာ လုံးဝမထားပါနဲ့။ ကိုယ့်ဘဝကိုယ် ကျေနပ်တဲ့စိတ်ကလေးနဲ့ “ငါ့တာဝန်ကြေပြီ… ငါသွားချင်ရာသွားလို့ရပြီ” ဆိုတဲ့စိတ်နဲ့ နောက်ဘဝအတွက် တောင်းဆုပြုရင်း နောက်ဆုံးအချိန်ကို ဖြတ်သန်းနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ ဘာလို့လဲဆိုတော့ လူတိုင်း တစ်နေ့နေ့မှာ သေကိုသေရမှာမို့လို့ပါ။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။