ရည်းစားဟောင်းကို စိတ်မပြတ်နိုင်ဖြစ်နေတဲ့ ချစ်သူအပေါ် ပြတ်သားချင်တယ်။ ဒါပေမဲ့ ချစ်နေသေးတယ်။

blank

ကျွန်မရဲ့ ချစ်သူက ကျွန်မထက် နှစ်နှစ်လောက်ငယ်ပါတယ်။ ကျွန်မတို့ ချစ်သူဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ။ သူ့ဆီမှာ အရင်က ရည်းစားတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူကတစ်ခါတလေ သူ့ရဲ့ရည်းစားဟောင်းကို ပြန်သတိရပါတယ်။ အဲ့ဒီလိုသတိရတိုင်း ညီမနဲ့ အဆက်အသွယ်ဖြတ်ပါတယ်။ သူ့ရဲ့ရည်းစားဟောင်းကို သွားသွားချော့ပါတယ်။ သူ့ရဲ့ရည်းစားဟောင်းက လက်မခံနိုင်တော့တဲ့အကြောင်းပြောပြီး ငြင်းငြင်းလွှတ်ပါတယ်။

အဲဒီအချိန်ဆို သူ့ရဲ့သူငယ်ချင်းတွေက ကျွန်မနဲ့ ပြန်အဆင်ပြေအောင်လုပ်ပေးပါတယ်။ သူက သူ့ရဲ့သူငယ်ချင်းတွေရဲ့ စကားဆိုရင် တစ်ခွန်းတည်းပါပဲ။ သူကငယ်လည်းငယ်သေးတော့ မရင့်ကျက်ပါဘူး။ ကျွန်မကိုလည်း အရမ်းနိုင်ပါတယ်။ ပြောရရင်တော့ ကလေးဆိုးဆိုးတာပါ။ ကျွန်မလည်း သူက ကျွန်မကိုချစ်လို့ ဆိုးတာပါလို့ ခွင့်လွှတ်ထားပေမယ့် စိတ်ပေါက်ရင်ပေါက်သလို ကျွန်မကိုအဆက်အသွယ်ဖြတ်တာကို မကြိုက်ပါဘူး။ အဲ့ဒီလိုလုပ်တာများလာတော့ ကျွန်မစိတ်ထဲမှာ အဖုအထစ်တွေဖြစ်လာပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှရေးသားတင်ဆက်သည်။

သူကတော့ သူမရင့်ကျက်သေးလို့ ရည်းစားဟောင်းနဲ့ကျွန်မကြားမှာ ဝေခွဲမရဖြစ်နေတာလို့ ပြောပါတယ်။ သူစိတ်ကြည်နေရင်လည်း ကျွန်မကို တီတီတာတာပြောပါတယ်။ တစ်ခါတလေလည်း စိတ်လေနေတယ်။ ရည်းစားဟောင်းကို သတိရတယ်လို့ပြောပါတယ်။ သူကရည်းစားဟောင်းကိုလည်း နိုင်ချင်သလိုနိုင် ဆိုးချင်သလိုဆိုးလို့ ပြတ်သွားတာကိုလည်း ဝန်ခံပါတယ်။ သူက ရည်းစားဟောင်းကို လွမ်းသလို ကျွန်မဆီကလည်း ရုန်းမထွက်နိုင်ပါဘူး။

ကျွန်မလေ စိတ်လည်းမွန်းကြပ်တယ်။ သူ့ကိုလည်းချစ်တယ်။ သူ့အနားမှာရှိနေရင်လည်း မပျော်ဘူး။ ဝေးနေရင်လည်း လွမ်းနေပြန်ရော။

ကျွန်မဘာလုပ်ရမလဲဟင်….။