အောင်မြင်မှုဆီသွားရာလမ်းဆိုတာ အရှုံးတွေနဲ့ခင်းထားတာပါ။

blank

အရှုံးတွေကြား စိတ်ပျက်မိနေသလား။ ပြန်လည်ကြိုးစားဖို့ စိတ်ပျက်အားလျော့နေမိသလား။ ဒီလိုဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါ ဦးနော်။

၁။ သင့်တန်ဖိုးကိုလျော့စေတာက ကျဆုံးမှုမဟုတ်ဘူးဆိုတာသိပါ။

လူတစ်ယောက်အကြောင်းကိုပဲ လူတိုင်းက အမြဲတွေးနေဖို့ အချိန်မရှိပါဘူး။ ဒါပေမဲ့ လူအများ စုကတော့ ကိုယ့်ကိုလူတွေက အမြဲအာရုံစိုက်နေတယ်ထင်ပြီး ကိုယ့်အောင်မြင်မှုကိုပဲ လူတွေသိစေ ချင်တယ်။ ကျဆုံးမှုကို လူတွေသိမှာကြောက်ကြတယ်။ ကျဆုံးခြင်းက ကိုယ့်ဘဝကို တန်ဖိုးကျဆင်း စေတယ်လို့ မြင်ကြတယ်။ တကယ်တော့ ကျဆုံးမှုကို လက်ခံပြီး ဘာမှမလုပ်တော့ဘဲ ဘဝကို အရှုံးပေးလိုက်တာကမှ ကိုယ့်ကိုတန်ဖိုးကျစေတာပါ။ ဒါကြောင့် အမြဲအောင်မြင်နေတဲ့သူမရှိဘူးဆိုတာ လက်ခံပါ။ ကျဆုံးမှုကိုလက်ခံပြီး ပြန်လည်အောင်မြင်အောင် ကြိုးစားပါ။ ကမ္ဘာကျော်တ စတိဗ်ဂျော့နဲ့ ဘီလ်ဂိတ်တို့ဆိုရင်လည်း အခုကြိုးစားပြီး အခုအောင်မြင်လာတာမဟုတ်ပါဘူး။

၂။ ကျဆုံးခြင်းဆိုတာ နောက်ထပ်အောင်မြင်မှုတံခါးတွေကို ဖွင့်ပေးတဲ့သော့ပါ။

တစ်ခါတရံမှာ ကျဆုံးမှုကြောင့် ကိုယ့်ကမ္ဘာကြီးလည်း အဆုံးသတ်သွားသလို ထင်တတ်ကြ တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကျဆုံးမှုဆိုတာ လက်ခံဖို့ ခဲယဉ်းပေမဲ့ အမြဲရပ်တန့်နေတဲ့ အရာ မဟုတ်ပါဘူး။ အဲ့ဒီကျဆုံးမှုကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့အောင်မြင်မှုဆီ ရှေ့ဆက်လို့ရပါ တယ်။ ဒါပေမဲ့ စိတ်ရှည်လက်ရှည်နဲ့ ကြိုးစားဖို့တော့ လိုအပ်ပါတယ်။

၃။ ကျဆုံးခြင်းဆိုတာ ကိုယ့်ကိုပိုပြီးကြံ့ခိုင်သန်မာလာစေတဲ့ တွန်းအားတစ်ခုပါ။

တဒင်္ဂကျဆုံးမှုက ကိုယ့်ကြိုးစားမှုခြေလှမ်းတွေကို ခဏယိုင်နဲ့သွားစေပေမဲ့ အရှုံးမပေးသူ အတွက်တော့ ဆက်လက်ကြိုးစားဖို့ ခွန်အားတွေပေးပါတယ်။ ကိုယ့်ကိုသက်တောင့်သက်သာရှိစေတဲ့ အခြေအနေကနေ ပိုကောင်းတဲ့တိုးတက်ပြောင်းလဲမှုဆီ ဦးတည်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ခြေလှမ်း တွေကို ရိုက်ချိုးသလို ခက်ခဲမှုတွေရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုနာကျင်စေတဲ့အရာတွေကပဲ ကိုယ့်ကိုကြံ့ခိုင်အောင် လုပ်ပေးနေကြတယ်ဆိုတာကို သတိရပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကျဆုံးမှုဆိုတာ ခဏနှောင့်နှေးကြန့်ကြာမှုသာဖြစ်ပြီး အဆုံးသတ်မဟုတ်တာသိပါ။

အခက်အခဲတွေဆိုတာတော့ လူတိုင်းရဲ့ဘဝမှာ မရှောင်လွှဲနိုင်ကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကြံ့ ခိုင်သူတွေကတော့ ကျဆုံးမှုဆိုတာ ခဏတာနှောင့်နှေးမှုလို့ ယူဆပြီး လဲကျနေရာက ပြန်ရုန်းထကြိုး စားတတ်ကြတယ်။ ဒါကြောင့် အခက်အခဲတွေကြုံတဲ့အခါ ကိုယ့်ဘဝရဲ့အဆုံးသတ်လို့ မယူဆဘဲ ခဏတာနှောင့်နှေးကြန့်ကြာမှုလို့ တွေးပြီး ရှေ့ဆက်လျှောက်လိုက်ပါ။

စာချစ်သူတို့ရေ… အမေရိကန်က နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဆန်နာရတ်စတုန်း (Sumner Redstone) ကတော့ “ အောင်မြင်မှုဆိုတာ အောင်မြင်မှုအပေါ်မှာ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ကျဆုံးမှုတွေ၊ စိတ်ပျက်စရာတွေနဲ့ တစ်ခါတရံ ကပ်ဘေးဒုက္ခတွေအပေါ်မှာ တည် ဆောက်ထားတဲ့အရာပါ” လို့ ဆိုပါတယ်။ ကဲ… သင်လည်း ကျဆုံးမှုတွေကြုံတဲ့အခါ စိတ်ပျက်အားလျော့မနေဘဲ အောင်မြင်မှုဆီ ပိုနီးစပ်လာပြီဆိုတာ နှလုံးသွင်းလိုက်ပါနော်။

စိတ်ဓာတ်ခွန်အားသစ်တွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။