ချန်ပီယံနဲ့ သာမန်လူဘာကွာတာလဲ

blank

လူအများစုဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ အလွယ်တကူပဲ လက်လျှော့တတ်ကြပါတယ်။

လူအများစုဟာ ကြောက်ရွံ့မှုတွေကြောင့် သူတို့ရဲ့ အိပ်မက်တွေကို လက်လွတ်ပစ်တတ်ကြပါတယ်။

လူအနည်းစုကတော့ ကိုယ်စိတ်ပိုင်းဖြတ်ထားတဲ့ကိစ္စတွေကို ရအောင်လုပ်တတ်ကြပါတယ်။ ဘယ်လိုအခက်အခဲအကြပ်အတည်းတွေပဲ ရောက်လာရောက်လာ သူတို့လျှောက်ရမယ့်လမ်းကို ရောက်အောင်လျှောက်ကြတယ်။ အဲဒီစိတ်ဓာတ်ကြောင့်ပဲ သူတို့ဟာ ချန်ပီယံတွေဖြစ်လာကြတယ်။ လူတိုင်းက ကြိုးစားကြပေမယ့် လူအနည်းစုကပဲ ချန်ပီယံတွေဖြစ်လာကြတယ်။ လုပ်သမျှအလုပ်တွေကို ပြင်းပြတဲ့စိတ်နဲ့ အားသွန်ခွန်စိုက်ကြိုးစားတဲ့သူတွေကပဲ အောင်မြင်ကြတယ်။

ချန်ပီယံဆိုတာ  လူအများစုထိုင်နေတဲ့အချိန်မှာ ထလျှောက်တဲ့သူ…

လူအများစုလက်လျှော့နေတဲ့အချိန်မှာ ကြိုးစားတဲ့သူ… ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လူအများစုက အခက်အခဲတွေကြောင့် လိုချင်တာတွေကို စွန့်ခွာသွားချိန်မှာ ဖြစ်ချင်တာတွေကို ဖက်တွယ်ထားတဲ့သူ…

လူအများစုက ရည်မှန်းချက်တွေအကြောင်းပြောပြနေတဲ့အချိန်မှာ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့သူ

လူအများစုက အနားယူနေတဲ့အချိန်မှာ လေ့ကျင့်ဖို့အတွက် အားသန်နေတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

ချန်ပီယံတွေဟာ

အလုပ်တွေက စကားလုံးတွေထက်အရေးကြီးတယ်ဆိုတာကို ယုံကြည်တယ်။ အောင်မြင်ဖို့အတွက် အခက်အခဲတွေကြုံရမယ်ဆိုတာကို လက်ခံတယ်။

မိမိကိုအားပေးကူညီမယ့်သူတွေမရှိလည်း ကိုယ့်ကိုယ်ကိုအားတင်းနိုင်အောင် ကြိုးစားတယ်။

ချန်ပီယံနဲ့ သာမန်လူမှာ ရထားတဲ့အချိန်တွေလည်းတူတယ်။ ရထားတဲ့ရက်တွေချင်းလည်းတူတယ်။

ခံယူချက်နဲ့ ကြိုးစားပုံချင်းကွာသွားတာနဲ့ပဲ သာမန်လူနဲ့ ချန်ပီယံ ကွာသွားတာပါ။

သင်ကော…

သာမန်လူဖြစ်ချင်လား။

ချန်ပီယံဖြစ်ချင်လား။

ရွေးချယ်မှုက သင့်လက်ထဲမှာပဲရှိပါတယ်။