အိမ်မှာ ပင်စိမ်းပင်စိုက်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

၁။ ပင်စိမ်းပင်စိုက်မယ်ဆိုရင် ရေစီးဆင်းပြီး စိုစွတ်တဲ့ neutral pH မြေမှာ စိုက်တာက အကောင်းဆုံးပါ။ မြေသြဇာနည်းနည်း ထည့်ပါ။

၂။ မြေသြဇာထည့်တာများလွန်းရင် ပင်စိမ်းရဲ့ အာနိသင်တွေ လျော့သွားနိုင်ပါတယ်။

၃။ ပင်စိမ်းပင်ကို တစ်နေ့မှာ ၆ နာရီလောက် နေရောင်ကောင်းစွာရတဲ့နေရာမှာ ထားပါ။ နေရောင်ကောင်းကောင်းမရရင် အပင်မသန်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ပင်စိမ်းပင်ရဲ့ အခြေနားက မြေသားကို ကိုင်ကြည့်ပါ။ ခြောက်နေပြီဆိုတာနဲ့ ရေလောင်းပါ။

၅။ ရေလောင်းရင်လည်း အရွက်တွေကို မထိဘဲ မြေကြီးကိုပဲလောင်းပါ။

၆။ ပင်စိမ်းပင်ကို အတန်းလိုက် မြေမှာချစိုက်မယ်ဆိုရင် တစ်ပင်နဲ့တစ်ပင်ကြား ၁၂ လက်မလောက် ခွာပြီးစိုက်ပါ။

၇။ ပင်စိမ်းအတွက် အကောင်းဆုံးအဖော်က ခရမ်းချဉ်ပင်ပါ။ ခရမ်းချဉ်ပင်စိုက်ရင်လည်း ဘေးနားမှ ပင်စိမ်းပင်တွဲစိုက်ရင် အရသာကောင်းပြီး အာနိသင်များတဲ့ ခရမ်းသီးတွေ ရပါတယ်။ ပင်စိမ်းပင်အနေနဲ့လည်း ခရမ်းချဉ်ပင်နဲ့ တွဲစိုက်ရင် အပင်သန်ပါတယ်။

၈။ ပင်စိမ်းရွက်ကို လိုရင်လိုသလောက်ခူးနိုင်ပါတယ်။ မလိုရင်လည်း ပင်စိမ်းပန်းမပွင့်ခင် အဖူးလေးတွေကို ခူးခူးပေးပါ။ အဖူးတွေကို ခူးမပေးရင် အပွင့်တွေကို အားရောက်ပြီး အရွက်တွေ မဝေတာမျိုး၊ အပင်မကြီးတာမျိုးဖြစ်တတ်ပါတယ်။

မှတ်သားစရာတွေ ရလိုက်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။