အထိုင်များတဲ့သူတွေ မဖြစ်မနေဖတ်ဖို့ သတိပေးစာ

blank

စာချစ်သူတို့ရေ…

သင်ဟာ တစ်နေ့လုံးရုံးမှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူလား။ ဒါမှမဟုတ် တစ်နေကုန်နီးပါး ဆိုင်ထိုင်ရတဲ့သူလား။ “အထိုင်များတဲ့သူတွေဟာ လှုပ်လှုပ်ရှားရှားနေတဲ့သူတွေထက် ရောဂါထူပြောပြီး အသက်တိုတတ်တယ်” လို့ ရှေးလူကြီးတွေက ပြောစမှတ်ပြုကြပါတယ်။ လူကြီးတွေပြောသလို အထိုင်များတဲ့သူတွေမှာ ဘယ်လိုကျန်းမာရေးဆိုးကျိုးတွေရှိနေလဲဆိုတာ တစ်ချက်လောက်ဖတ်ကြည့်လိုက်ရအောင်။ အထိုင်များတဲ့သူတွေဟာ………….

၁။ နှလုံးကိုထိခိုက်စေတယ်။

၂။ အသက်တိုစေတယ်။

၃။  ဆီးချို၊ သွေးတိုးနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကိုဖြစ်ပွားစေတယ်။

၎။ ခြေလက်တွေကို လေးလံထိုင်းမှိုင်းစေတယ်။

၅။ ကယ်လိုရီလောင်ကျွမ်းမှုကို နှေးကွေးစေတာကြောင့် အဆီစုစေတယ်။

၆။ ခြေထောက်တွေမှာ သွေးကြောထုံးတွေဖြစ်စေတယ်။

၇။ ကိုယ်အလေးချိန်တိုးစေတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ စိတ်ဖိစီးမှုများစေတယ်။

၉။ နောက်ကျောတက်တာ၊ ကျီးပေါင်းတက်တာစတဲ့ အကျောရောဂါတွေဖြစ်ပွားစေတယ်။

၁ဝ။ ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်စေတယ်။

၁၁။ အရိုးအားနည်းစေတယ်။

၁၂။ အလွယ်တကူ ပင်ပန်းနွမ်းနယ်စေတယ်။

ဒါကြောင့်…. သင်က တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင်…

မနက်ခင်းတိုင်း လေ့ကျင့်ခန်းမှန်မှန်လျှောက်ပါ။

ရုံးဆင်းချိန်တွေမှာ လမ်းလျှောက်ပေးပါ။

ရေများများသောက်ပါ။

မိနစ် (၃ဝ) လောက်တစ်ခါ အကျောဆန့်တာ၊ လှေကားအတက်အဆင်းလုပ်တာတွေ ပြုလုပ်ပေးပါ။

စာချစ်သူတွေအားလုံး ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။