ခါးသီးပေမဲ့ အားရှိစေတဲ့ အောင်မြင်မှုအတွက် ဗီတာမင်များ

blank
၁။ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေကို စွန့်လွှတ်ပါ။

အပျက်သဘောအတွေးအမြင်တွေက ဘဝကို အကျိုးမဲ့စေပါတယ်။ ဒေါသနဲ့ကြောက်ရွံ့မှုတွေ ကို ဦးစားပေးနေရင် အောင်မြင်မှုဆီ မရောက်နိုင်ပါဘူး။ ဒါကြောင့် အပျက်သဘောဆောင်တဲ့အတွေး အမြင်တွေကိုစွန့်လွှတ်ပြီး သင့်ဘဝကို ကောင်းတဲ့အတွေးအမြင်တွေနဲ့သာ ဝန်းရံထားသင့်ပါတယ်။

၂။ အခက်အခဲတွေကျော်လွှားမယ်ဆိုတဲ့စိတ်ကို မွေးမြူပါ။

အောင်မြင်မှုကိုလိုချင်ရင် အိပ်မက်ပဲမက်နေလို့မရပါဘူး။ လက်တွေ့ကြိုးစားသင့်ပါတယ်။ ဒါ့ အပြင် အောင်မြင်မှုဆိုတာ လွယ်လွယ်ရနိုင်တဲ့အရာမဟုတ်တာကြောင့် ထိုက်သင့်တဲ့အခက်အခဲတွေ ကို ကျော်လွှားမယ်ဆိုတဲ့စိတ်ကို မွေးမြူထားသင့်ပါတယ်။

၃။ တန်ဖိုးထားမှုနဲ့ ကိုက်ညီတဲ့ အောင်မြင်မှုမျိုးကို ရွေးချယ်ပါ။

သင့်အောင်မြင်မှုက အခြားသူအပေါ်တည်မှီနေတဲ့၊ တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးရလာတဲ့အောင် မြင်မှုမျိုး မဖြစ်သင့်ပါဘူး။ သင့်ကို တကယ်ပျော်ရွှင်စေတဲ့အရာကိုပဲ ပြီးမြောက်အောင်မြင်အောင် အား ထုတ်သင့်ပါတယ်။

၎။ အရှိအတိုင်းလက်ခံပါ။

ပြီးပြည့်စုံတဲ့သူနဲ့ပြီးပြည့်စုံတဲ့အရာဆိုတာ လောကမှာမရှိပါဘူး။ မဖြစ်နိုင်တဲ့အရာတွေကိုအမီ လိုက်ဖို့ကြိုးစားမယ်ဆိုရင်စိတ်ပင်ပန်းပြီး သင်လိုချင်တဲ့အောင်မြင်မှုနဲ့အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် အောင်မြင်ဖို့ကြိုးစားရာမှာ တချို့အရာတွေကို အရှိအတိုင်းလက်ခံတတ်ဖို့ ကြိုးစားသင့်ပါတယ်။

၅။ တစ်ကြိမ်ရှုံးနိမ့်ရင် နှစ်ကြိမ်ပြန်ကြိုးစားပါ။

တစ်ကြိမ်ကြိုးစားပြီး ချက်ချင်းအောင်မြင်တဲ့သူဆိုတာ ရှားပါတယ်။ စစ်မှန်ခိုင်မြဲတဲ့အောင်မြင်မှု အများစုကတော့ အကြိမ်ကြိမ်ပြန်ကြိုးစားတည်ဆောက်ယူကြရတာပါ။ ဒါကြောင့် သင်လိုချင်တဲ့အောင် မြင်မှုကိုရဖို့ တစ်ကြိမ်တည်းနဲ့မအောင်မြင်ခဲ့ရင် ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားသင့်ပါတယ်။

၆။ သင့်ပျော်ရွှင်မှုကို သင်ကိုယ်တိုင်တည်ဆောက်ပါ။

သင့်ပျော်ရွှင်မှုအတွက် တခြားသူတွေအပေါ် တည်မှီနေရမယ်ဆိုရင် တခြားသူတွေမရှိတဲ့အခါ သင့်ပျော်ရွှင်မှုလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ဘဝပျော်ရွှင်မှုကို သင်ကိုယ်တိုင်ဖန်တီး နိုင်တဲ့သူဖြစ်အောင် တည်ဆောက်သင့်ပါတယ်။

၇။ စွန့်စားရဲတဲ့ သတ္တိရှိပါ။

ကျဆုံးမှုဆိုတာ အောင်မြင်မှုဆီသွားဖို့ ပထမဆုံး ခြေတစ်လှမ်းပဲဖြစ်ပါတယ်။ ကျဆုံးမှာကို တွေးကြောက်နေရင် အောင်မြင်မှုဆီကိုလည်း ရောက်ရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်မှု အတွက် လိုအပ်လာရင် စွန့်စားရဲတဲ့သတ္တိကို မွေးမြူထားသင့်ပါတယ်။

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။