စိတ်ချမ်းမြေ့စရာတွေကို မျှဝေလိုက်ပါ

blank

လူတွေက ဘဝကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ ရှင်သန်နေကြပါတယ်။ ဒါပေမဲ့ လူသားအားလုံးမှာ တူညီတာတစ်ခုကတော့ အားလုံးက ဘဝကိုပျော်ရွှင်အေးချမ်းစွာ ရှင်သန်လိုကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင် သာယာပျော်ရွှင်ရင် ကိုယ် ကိုယ်တိုင်လည်း ပျော်ရွှင်ရမှာပါ။ ဒါကြောင့် ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်မှုတွေပေးနိုင်ဖို့ အောက်ပါနည်းလမ်းလေးတွေကို ဂန္တဝင် မဂ္ဂဇင်းက အကြံပြု တင်ပြလိုက်ပါတယ်။

၁။ ကြည်လင်အေးမြတဲ့ အပြုံးလေးတွေအမြဲ ဆင်မြန်းထားပါ။ ကိုယ်နဲ့ ဆက်ဆံနေရတဲ့ သူတွေရဲ့ စိတ်ထဲ ကြည်လင်အေးမြမှုလေးတွေ ကူးစပ်သွားစေမှာပါ။

၂။ တစ်စုံတစ်ယောက်ရဲ့ လုပ်ရပ်တွေအတွက် စစ်မှန်တဲ့ အသိအမှတ်ပြုခြင်း၊ ချီးမြှောက်ခြင်းတွေ ပြုလုပ်လိုက်ပါ။

၃။ ကိုယ့်အတွေ့အကြုံတွေထဲကနေ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ သို့မဟုတ် ဆိုးရွားခဲ့တဲ့ အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ပြန်လည်မျှဝေပေးပါ။ ဘယ်လောက်ဆိုးရွားခဲ့တဲ့ လောကဓံပဲဖြစ်ပါစေ အချိန်တန်တဲ့အခါ ဟာသအဖြစ် ပြန်ပြောနိုင်မှာပါဆိုတာ သက်သေပြလိုက်ပါ။

၎။ တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးတရားတွေကို အမြဲတစေ သတိတရ အသိအမှတ် ပြုပေးပါ။( ဥပမာ – အစစလိုက်ဖြည့်ဆည်းပေးနေတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ)

၅။ ရံဖန်ရံခါ သင်ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ မုန့်လေးတွေ၊ ဟင်းလေးတွေကို အိမ်နီးနားခြင်းတွေ ဒါမှမဟုတ် သူငယ်ချင်းတွေကို ကျွေးမွေးလိုက်ပါ။

၆။ တစ်စုံတစ်ယောက် စိတ်ပျက်အားငယ်နေတဲ့ အချိန်မှာ အသင့်ရှိနေပေးပါ။ ကိုယ်တတ်နိုင်သလောက် သူ့အခြေအနေကို နားလည်ပေးပြီး အကောင်းဘက်ကနေ ဖြေသိမ့်အကြံပေးပါ။

၇။ တစ်စုံတစ်ယောက် အရမ်းအလုပ်ရှုပ် ဗျာများနေတဲ့ အချိန်မှာ သူ့တာဝန်တွေထဲက တစ်ခုခုကို မျှဝေ လုပ်ဆောင်ပေးလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ တစ်စုံတစ်ယောက် စိတ်တွေမွန်းကျပ်နေချိန်မှာ သူပြောဆိုဖွင့်ဟချင်တာတွေ အတွက် နားတစ်စုံ အဆင်သင့်ရှိနေပေးပါ။

၉။ တစ်စုံတစ်ယောက် ပင်ပန်းနွမ်းနယ်နေချိန်မှာ သူကြိုက်တတ်တဲ့ အရာလေးတစ်ခုခုနဲ့ ဂရုစိုက်လိုက်ပါ။ (ဥပမာ- ကော်ဖီလေး ဖျော်တိုက်တာမျိုးပေါ့။)

၁ဝ။ အကောင်းမြင်စိတ်လေးတွေနဲ့ ပတ်ဝန်းကျင်ကို အကောင်းဆုံးဆက်ဆံပါ။

ကဲ… ဂန္ထဝင်ရဲ့ စာဖတ်ပရိသတ်ကြီးမှာရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပျော်အောင်လုပ်ပေးဖို့ ဘယ်လိုနည်းလမ်းလေးတွေ ကျင့်သုံးနေလဲ ဆိုတာ Comment box ကတဆင့် မျှဝေပေးပါအုံးနော်။

သဘောကျ နှစ်သက်ရင် Share ဖို့မမေ့နဲ့နော်။