၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီ ၉-ရက်နေ့မှ ၁၅-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဆွေမျိုးတွေရဲ့အကူအညီ၊ အထောက်အပံ့ကောင်းတွေရရှိမယ့်ကာလပါ။ နိုင်ငံရပ်ခြားပညာ တော်သင်သွားရမယ်။ နေအိမ်သစ်ပြောင်းရွှေ့ရမယ်။ ကျန်းမာရေးအနေနဲ့ အတန်ငယ်အညံ့ရှိတယ်။ ခါးနဲ့ပတ်သက်တဲ့ဝေဒနာခံစားရတတ်တယ်။ အလေးအပင်တွေ မ,မပါနဲ့။ အချစ်ရေး ကောင်းပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီပန်းလှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ခရီးကံကောင်းနေတဲ့ ကာလဖြစ်ပါတယ်။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ဆွေမျိုးအလှူကိစ္စ တွေနဲ့ ခရီးတွေများနေမယ်။ မိတ်ဆွေသစ်တွေတွေ့ပြီး ပိုကောင်းတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိမယ်။ ငွေကြေးကံလည်း ကောင်းနေပါတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အိမ်ထောင်သည်များအတွက် နှစ်ဖက်မိသားစုဆီက အမွေအနှစ်ကောင်းတွေ ခံစားရရှိတတ်တဲ့ ကာလဖြစ်ပါတယ်။ ချစ်သူရှိသူများ မင်္ဂလာကိစ္စအထိ ခရီးရောက်နိုင်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အ ပြောင်းအရွှေ့ရှိမယ်။ အခွင့်အလမ်းကောင်းတွေရရှိမယ်။ အကြီးအကဲစောင့်ရှောက်မယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချစ်ခင်သူတွေနဲ့ အထင်အမြင်လွဲမှားစရာလေးတွေကြုံရတတ်တာကြောင့် အပြောအဆို ဆင်ခြင်သတိပြုပါ။ ကြားစကားတွေကို မယုံပါနဲ့။ ငွေကြေးကံကောင်းနေပါတယ်။ အမွေရကိန်း၊ ထီပေါက်ကိန်းရှိတယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သောကြာနံနဲ့စတဲ့ လုပ်ငန်းတွေအထူးအကျိုးပေးမယ့် ကာလဖြစ်ပါတယ်။ ပူးပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ငွေကြေး ဆုံးရှုံးတတ်ပါတယ်။ လူတိုင်းအပေါ် မယုံပါနဲ့။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ ခွေးလေးတွေကို အစာကျွေးပါ။

၆။ ကန်ရာသီဖွား (Virgo)   

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

မျှော်လင့်မထားတဲ့ ဘဝအချိုးအကွေ့၊ အပြောင်းအလဲသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် ကာ လဖြစ်ပါတယ်။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့အတွက် စိတ်မပျက်ပါနဲ့။ သင့်ကြိုးစားမှုကို နှစ်ဆတိုး မြှင့်ခြင်းဖြင့် အောင်မြင်မှုတွေကို ရရှိမှာပါ။ အချစ်ရေးမှာ အဝေးကလူနဲ့ ဖူးစာဆုံတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဖိုးတန်ပစ္စည်း၊ ငွေကြေး အပျောက်အရှရှိတတ်တဲ့ကာလပါ။ ပစ္စည်းတွေကို သေချာသတိ ထားသိမ်းဆည်းပါ။ လူတိုင်းကို မယုံပါနဲ့။ အချေးအငှားကိစ္စရှောင်ပါ။ မိသားစုအတွင်း ပျော်စရာ သတင်းထူးကြားသိရမယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ ငွေသုံးထောင်ပံ့သကူပစ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာလေးတွေ ပြည့်နေတဲ့ ကာလဖြစ်ပါတယ်။ ကား၊ ဆိုင်ကယ်စတဲ့ ယာဉ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ ယာယီခရီးတွေများနေမယ်။ သင့်အတွက် အောင်မြင်မှုတွေ ရရှိစေမယ့် ခရီးတွေဖြစ်ပါတယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ဘုရားရေသပ္ပာယ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

မနာလိုသူတစ်ယောက်ရဲ့ သွေးထိုးစကားကြောင့် မိသားစုကြား စိတ်ဝမ်းကွဲရတတ်တဲ့ ကာလ ဖြစ်ပါတယ်။ ကြားစကားတွေကို နားမယောင်ပါနဲ့။ စိတ်လိုက်မာန်ပါလည်း မတုံ့ပြန်ပါနဲ့။ ပြဿနာတွေ ပိုကြီးထွားတတ်ပါတယ်။ နားလည်မှုနဲ့သာ ဖြေရှင်းပါ။ အချစ်ရေးမှာ သင်စိတ်ဝင်စားနေတဲ့သူဆီက သတင်းကောင်းကြားရမယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို လက်ဖက်ထမင်းကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

နိုင်ငံရပ်ခြားရောက်နေတဲ့ မိတ်ဆွေဟောင်းရဲ့ ထောက်ပံ့ကူညီမှုကို လက်ခံရရှိမယ့်ကာလ ဖြစ်ပါတယ်။ သင်စိတ်ဝင်စားရင် နိုင်ငံရပ်ခြားသွားဖို့ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရရှိမယ်။ ပညာရေးသမားများ နောက်ထပ်ပညာရပ်အသစ်တွေ သင်ယူဖို့ အခွင့်အရေးရရှိမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးနဲ့ကန်တော့ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အနုပညာဝါသနာပါသူများအတွက် အခွင့်အလမ်းကောင်းတွေရရှိမယ့် ကာလဖြစ်ပါတယ်။ ပြိုင်ပွဲတွေမှာ ဆုတွေရရှိမယ်။ ငွေကြေးဝင်မယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ရောဂါနဲ့ ဆေးရုံ၊ ဆေးခန်းရောက်ရတတ်တယ်။ အစားအသောက်ဆင်ခြင်ပါ။ အချစ်ရေးမှာ နီးနီးလေးကလူနဲ့ တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်အင်တာဗျူးဖြေထားသူများ သတင်းကောင်းကြားရမယ့် ကာလဖြစ်ပါတယ်။ လုပ်ငန်းခွင် နေရာကောင်းရရှိမယ်။ လူတော်လူကောင်းတွေနဲ့တွေ့မယ်။ ငွေကြေးဝင်မယ်။ အလှူအတန်းတွေ လည်း ပြုရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။