သမားရိုးကျ အတွေးတွေကနေ ဖောက်ထွက်ပြီး ပထမဦးဆုံး အမျိုးသမီး ဘီလီယံနာ ဖြစ်လာခဲ့တဲ့သူ

blank

           ဗီယက်နမ်ရဲ့ ပထမဦးဆုံး ဈေးသက်သာတဲ့ လေကြောင်းလိုင်းကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ငုယင် တီ ဖောင် သော် (Nguyen Thi Phuong Thao) ဆိုတဲ့ အမျိုးသမီးကို သိကြလား စာချစ်သူတို့..

သူမဟာ ၁၉၅၁ ကတည်းက နိုင်ငံပိုင် ဈေးကွက်စီးပွားရေးနယ်ပယ်မှာ လွှမ်းမိုးပြီးသားနယ်ပယ်ဖြစ်တဲ့ ဗီယက်နမ်လေကြောင်းလိုင်းကို ပုံစံအသစ်တစ်မျိုးနဲ့ ပြောင်းလဲချင်ခဲ့တယ်။ လေကြောင်းခရီးသွားလာရေးဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲလာနိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းခဲ့တဲ့သူမဟာ ဗီယက်နမ်လေကြောင်းဈေးကွက်ရဲ့ ၄ဝ% ထက်ပိုတဲ့ ပမာဏကို လွှမ်းမိုးထားတဲ့  ဗီယက်ဂျက် (VietJet) လေကြောင်းလိုင်းကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူမဟာ  အရှေ့တောင်အာရှရဲ့ ပထမဦးဆုံး အမျိုးသမီးဘီလီယံနာ နဲ့ ဗီယက်နမ်နိုင်ငံရဲ့ နှစ်ဦးတည်းရှိတဲ့ မီလီယံနာတွေထဲက တစ်ယောက်ဖြစ်တယ်လို့လည်း Forbes ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ အသက်(၂၁) နှစ်အရွယ်ကတည်းက ဖက်စ် ပို့တဲ့စက်နဲ့ ရာဘာစေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး  စီးပွားပွားရေးနယ်ပယ်ထဲကို ဝင်ရောက်ခဲ့တဲ့ သူမဟာ အခုအချိန်မှာတော့ အသက် (၄၅) နှစ်ရှိပြီဖြစ်ပါတယ်။

(၂ဝ၁၁) ခုနှစ်က လေယာဉ်မယ်တွေကို ရေကူးဝတ်စုံတွေနဲ့ ကြော်ငြာခဲ့တဲ့ သူမရဲ့ လေကြောင်းလိုင်းဟာ အချိန်အနည်းငယ်အတွင်းမှာ ဟိုးလေးတကြော်ကြော်ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာဆိုရင် ရေကူးဝတ်စုံနဲ့ လေယာဉ်မယ်တွေကို လူတွေကို ဆွဲဆောင်ဖို့ ရေကူးဝတ်စုံဝတ်ပြီး လုပ်ဆောင်စေတာကြောင့် “bikini airline” ဆိုတဲ့ နာမည်ကိုတောင် ရလာခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ အစိုးရဆီက ခွင့်ပြုချက်မယူဘဲ မော်ဒယ်တွေကို ရေကူးဝတ်ဝတ်ဆင်စေပြီး လေကြောင်းလိုင်းကို ကြော်ငြာစေခဲ့တာကြောင့်  အစိုးရဆီကို ဒေါ်လာ တစ်ထောင် ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ကျွန်မဟာ ကျွန်မရဲ့ အရည်အချင်းတွေကို ဒီတိုင်း ပစ်မထားပါဘူး။ ကျွန်မရဲ့ကုမ္ပဏီဘယ်လို တိုးတက်လာမလဲ။ ကျွန်မဝန်ထမ်းတွေကို လစာတွေတိုးတက်လာအောင် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ။ ဈေးကွက်ထဲမှာ ကျွန်မရဲ့လေကြောင်းလိုင်းရဲ့ ရှယ်ယာတွေများလာပြီး ထိပ်တန်းလေကြောင်းလိုင်းတစ်ခုဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ အမြဲအာရုံစိုက်တယ်”  “လူတွေက ကျွန်မရဲ့ လေကြောင်းလိုင်းကို ရေကူးဝတ်စုံနဲ့ တွဲပြီးမြင်တာကို ကျွန်မဘယ်လိုမှ မခံစားရပါဘူး။ လူတွေပျော်တယ်ဆိုရင် ကျွန်မလည်းပျော်ပါတယ်” လို့ သူမက အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

အခုဆိုရင် ဗီယက်ဂျက်ဟာ တစ်ရက်ကို လေယာဉ်ပျံသန်းမှု ၃ဝဝ ကျော်ရှိနေပြီး ဂျက်လေယာဉ်ပေါင်း ၄၅ ခုကိုလည်း ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Boeing နဲ့ Airbus ကနေပြီး လေယာဉ်အော်ဒါ ၂ဝဝ ကျော်ရရှိခဲ့တဲ့ ဗီယက်ဂျက်လေကြောင်းလိုင်းဟာ ဒေါ်လာ ၂၃ သန်းကျော် တန်ဖိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဆက်လက်ပြီးတော့လည်း ငုယင်က သူမရဲ့လေကြောင်းလိုင်းကို နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်အောင် ချဲ့ထွင်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။

ငုယင်ဟာသာမန်ထက်ကွဲထွက်တဲ့ အတွေးအခေါ်တွေကို ချီးကျူးတဲ့သူတွေရှိသလို ရေကူးဝတ်စုံနဲ့ လေယာဉ်မယ်တွေကြောင့် ဝေဖန်မှုတွေလည်း ရှိနေဆဲပါတယ်။