ခြေသာချော်ကျချင်ကျပါ။ လျှာတော့ ဘယ်တော့မှ မချော်ကျပါစေနဲ့။

blank

တစ်ခါတုန်းက လူကြီးတစ်ယောက်ဟာ သူ့ရဲ့အိမ်နီးချင်းလူငယ်တစ်ယောက်ကို သူခိုးဆိုပြီး ကောလာဟလဖြန့်ပါတယ်။ အကျိုးဆက်အဖြစ် လူငယ်က ထောင်ကျသွားပါတယ်။ ဒါပေမဲ့ လူငယ်က ရိုးသားကြောင်းပေါ်လွင်နေတာကြောင့် မကြာခင်မှာဘဲ အချုပ်အနှောင်က လွတ်မြောက်လာခဲ့တယ်။ လွတ်လာတာနဲ့ သူ့ကို မတရားစွပ်စွဲခဲ့တဲ့ လူကြီးကို တရားပြန်စွဲပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်ရင်း တရားသူကြီးနဲ့စကားပြောတဲ့အခါမှာ လူကြီးက…

“ ကျွန်တော်က ဝေဖန်သုံးသပ်ရုံသက်သက်ပဲ ပြောခဲ့တာပါ။ တမင်နစ်နာအောင်လုပ်ခဲ့တာ မ ဟုတ်ပါဘူး ” လို့ လျှောက်လဲချက်ပေးတယ်။

တရားသူကြီးက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ကောင်းပါပြီ။ ဒီလူငယ်ကို ပြောခဲ့သမျှ စကားလုံးတိုင်းကို စာရွက်လွတ်တစ်ခုပေါ် အကုန်ချ ရေးလိုက်ပါ။ ပြီးရင် စက္ကူကို အပိုင်းပိုင်းစုတ်ဖြဲပြီး ခင်ဗျားအိမ်ပြန်လမ်းကျရင် ကားပြတင်းပေါက်က လွှင့်ပစ်ခဲ့ပါ။ မနက်ဖြန်ကျရင် ပြန်လာပြီး ဒီအမှုအတွက် ပြစ်ဒဏ်စီရင်ချက်ကို ကြားနာပါ ”

နောက်တစ်နေ့မှာ လူကြီးပြန်ရောက်လာတော့ တရားသူကြီးက စကားစတယ်။

“ လောလောဆယ် ပြစ်ဒဏ်စီရင်ချက်မချခင် ခင်ဗျားအပြင်ထွက်ပြီး မနေ့က လွှင့်ပစ်ခဲ့တဲ့ စက္ကူအပိုင်းအစတွေအားလုံးကို ပြန်ဆက်ပြီး ယူလာခဲ့လိုက်ပါ ”

လူကြီးက “ တရားသူကြီးက မဖြစ်နိုင်တာတွေပြောနေတယ်။ ကားပြတင်းကနေ လွှင့်ပစ်ခဲ့တဲ့ စက္ကူပိုင်းတွေကို ကျွန်တော်က တစ်ပိုင်းစီဘယ်လိုလိုက်ပြန်ရှာဆက်ယူလို့ရမှာလဲ။ ကျွန်တော် မလုပ် နိုင်ပါဘူး ”

တရားသူကြီးက ပြုံးရင်းနဲ့ အောက်ပါအတိုင်းပြောလိုက်ပါတယ်။

“ ကျွန်တော်ပြောချင်တာ အဲ့ဒါပါပဲ။ ရိုးစင်းတဲ့စကားလုံးတွေ၊ ဝေဖန်သုံးသပ်စကားတွေဆိုတာ လည်း လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို လွှင့်ပစ်ခံလိုက်ရတဲ့စက္ကူပိုင်းတွေလိုပဲ ပျက်စီးသွားစေနိုင်ပါ တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လူတစ်ယောက်ရဲ့ ကောင်းကြောင်းကို မချီးကျူးနိုင်ရင်တောင် မကောင်း ကြောင်းကို လွယ်လွယ်မပြောပါနဲ့။ တချို့ဂုဏ်သိက္ခာတွေ၊ နာမည်တွေဆိုတာ တစ်ဖက်သားအတွက် တစ်သက်လုံး ပင်ပင်ပန်းပန်းတည်ဆောက်လာရတဲ့အရာတွေပါ။ သူခိုးတွေက ဆိုးပါတယ်။ ဒါပေမဲ့ အတင်းအဖျင်းတွေက သူခိုးတွေထက် အဆပေါင်းများစွာပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားလူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံး ဂုဏ်သိက္ခာတွေ၊ နာမည်တွေ၊ အများရဲ့ယုံကြည်လေးစား မှုတွေကို ခိုးယူသွားတာမို့ပါ။ ဒါကြောင့် နှုတ်ကိုထိန်းသိမ်းပါ။ ကိုယ့်နှုတ်အတွက် ကိုယ်ကသခင်ဖြစ် မယ်ဆိုရင် စကားလုံးတွေကြောင့် အကျဉ်းကျရတဲ့ဘဝလည်း ဘယ်တော့မှရောက်တော့မှာ မဟုတ်ပါ ဘူး။ ကျွန်တော်ပြောတာလေးကို အမြဲမှတ်ထားပါ။ ခင်ဗျားခြေချော်ကျတဲ့အခါ ခင်ဗျားပြန်ပြီးဟန်ချက် ညီအောင် ထိန်းလျှောက်လို့ရတယ်။ ခင်ဗျားရဲ့ လျှာချော်ကျသွားပြီးရင်တော့ ခင်ဗျားရဲ့စကားလုံးတွေ ကို တစ်သက်လုံးပြန်ပြင်ချင်လို့ မရတော့ပါဘူး ”

စာချစ်သူတို့ရေ… တစ်ခါတလေမှာ ကိုယ့်နှုတ်က လွယ်လွယ်ထွက်လိုက်တဲ့စကားတစ်ခွန်းက တခြားသူတွေရဲ့ဘဝကို မထိခိုက်စေခြင်းကလည်း ပျော်စရာလောကဝန်းကျင်ကို ဖန်တီးတာနဲ့ အတူ တူပါပဲ။ ပုံပြင်လေးထဲကလိုပဲ ခြေသာချော်ချင်ချော်ပါ။ လျှာတော့မချော်မိအောင်ထိန်းသိမ်းကြရင်း ဘဝ ခရီးကို ပျော်ရွှင်စွာလျှောက်လှမ်းကြပါစို့နော်။

အပြုသဘောဆောင်တဲ့အတွေးအခေါ်လေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။