အသားအရေကို ထိပါးနှောင့်ယှက်နေတဲ့ အစားအစာ (၄) မျိုး

blank

           အရေးအကြောင်းတွေ များသည်ထက်များလာပြီး ဝက်ခြံတွေထွက်၊ အဆီပြန်နေတဲ့ မျက်နှာလေးကြောင့် စိတ်ညစ်နေလား….စာချစ်သူတို့ရေ….

လှပတဲ့မျက်နှာလေးကို ဖျက်လိုဖျက်ဆီးနဲ့ ထိပါးနှောင့်ယှက်နေတဲ့ ဝက်ခြံနဲ့ အရေးအကြောင်းတွေဟာ သင်စားနေတဲ့ အစားအသောက်တွေနဲ့ သက်ဆိုင်မှုရှိနေတယ်လို့ပြောရင်ကော ယုံမလား။ ကျွန်မတို့စားသောက်နေတဲ့ အစားအသောက်တွေဟာ ကျွန်မတို့ရဲ့ မျက်နှာအလှကို ဖျက်စီးနိုင်တဲ့အရာလေးတွေဖြစ်နေတတ်ပါတယ်။ ဘယ်လိုအစားအစာလေးတွေလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်နော်…။

၁။ အဆီထုတ်မထားတဲ့ နွားနို့တွေ၊ နို့ထွက်ပစ္စည်းတွေ အစားများခြင်းဟာ ဝက်ခြံဖြစ်နေနိုင်ပါတယ်။ မျက်နှာအဆီပြန်ပြီး ဝက်ခြံတွေဖြစ်နေတယ်ဆိုရင် နို့ထွက်ပစ္စည်းသောက်သုံးမှုကို လျော့ချသင့်ပါတယ်။

၂။ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသင့်စားအစားအစာတွေ အစားများခြင်းဟာ အသားအရေကို နီရဲဖောင်းပွစေပါတယ်။ အသင့်စားအစာတွေဟာ အလှအပတစ်ခုတည်းသာမကဘဲ ကိုလက်စထရောများတာ၊ ဆီးချိုသွေးချိုရောဂါ စတာတွေပါဖြစ်စေတာကြောင့် လတ်ဆတ်တဲ့အသီးအရွက်တွေကို များများစားသုံးပေးသင့်ပါတယ်။

၃။ တိုက်ရိုက်ကင်ထားတဲ့ အသားတွေရဲ့ အသားဓာတ်နဲ့ အဆီဓာတ်တွေရဲ့ ဓာတုဓာတ်ပြုမှုဟာ အသားတွေကို ယောင်ယမ်းစေပြီး အိုမင်းရင့်ရော်ပုံပေါက်စေပါတယ်။ ဒါကြောင့် အကင်တွေကို ကန့်သတ်ပြီး စားသုံးသင့်ပါတယ်။

၎။ ဆိုဒီယမ်ဓာတ်များတဲ့ အကြော်တွေ၊ cracker တွေ၊ ထောပတ်ပေါက်ပေါက်တွေ အစားများခြင်းဟာ မျက်အိတ်တွဲတာ၊ အသားအရေတွေ နီရဲဖောသွပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။

လှချင်ပေမဲ့ အစားမရှောင်ချင်တဲ့ သူငယ်ချင်းကို mention ခေါ်လိုက်ပါဦး။