စာချစ်သူတို့ရေ……
“အသက် ၄ဝ မှ ဘဝစတယ်” တဲ့။ လူတော်တော်များများကစနောက်ပြီးပြောကြတဲ့ စကားလေးတစ်ခုပေါ့။ အဲဒီစကားလေးဘာကြောင့်မှန်လဲဆိုတာသိချင်တယ်ဆိုရင် ဒီစာလေးကိုဖတ်ကြည့်လိုက်ပါနော်။ အသက်ကြီးလာတဲ့အခါ…..
ပေါတောတောအလေ့အကျင့်တွေ ဝါသနာတွေကိုဖုံးကွယ်စရာမလိုတော့ဘဲလွတ်လွတ်လပ်လပ်နေတတ်လာတယ်။
ဘဝအတွေ့အကြုံတွေရှိလာပြီးတဲ့အတွက် လူတွေဘယ်လိုမြင်မလဲဆိုတာကိုမတွေးမိတော့ဘဲအရာရာကိုမိမိဆန္ဒနဲ့ ဆုံးဖြတ်တတ်လာတယ်။
မိမိထက်ငယ်တဲ့လူတွေကိုအကြံဉာဏ်တွေပေးပြီးထိန်းကျောင်းပြုပြင်တတ်လာတယ်။
ငွေကြေးတန်ဖိုးတွေကိုသိလာပြီးစနစ်တကျစုဆောင်းတတ်လာတယ်။
ပြဿနာပေါင်းများစွာကိုရင်ဆိုင်ပြီးဖြစ်တဲ့အတွက် အရာရာကိုသွေးအေးအေးနဲ့ ဖြေရှင်းတတ်လာတယ်။
ကိုယ့်ကိုယ်ကိုချစ်ဖို့လိုတယ်ဆိုတာကိုသဘောပေါက်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုအတွက်လည်းအချိန်တွေပေးတတ်တာတယ်။ ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
အိပ်ယာဝင်ချိန်စောတာနောက်ကျတာတွေကအရေးမကြီးတော့ဘဲအိပ်ယာထချင်တဲ့အချိန်ထလည်းဆူမယ့်သူမရှိဖြစ်လာတယ်။
“အသက်တွေလည်းမငယ်တော့ဘူး” ဆိုတဲ့စကားကိုတွင်တွင်သုံးပြီးကိုယ့်ကိုယ်ကိုဆုံးမတတ်လာတယ်။
“ကိုယ်တို့ငယ်ငယ်တုန်းကဆို”ဆိုတဲ့ စကားကိုအပြောများလာတာကြောင့် ငယ်ရွယ်သူတွေရဲ့ မေတ္တာပို့သံတွေကိုခံယူရလာတယ်။
ကျွန်မအကြိုက်ဆုံးအရာတစ်ခုကတော့ အသက်ကြီးလာတဲ့အခါ ငယ်ငယ်တုန်းကလိုစာကျက်ဖို့အရိုက်မခံရသလိုစာမေးပွဲတွေ မဖြေရတော့ဘူး။ သင်ကော….