ထူးဆန်းပါပေ့…. ဆရာတွတ်ရေ….

blank

၁။ လူတွေရဲ့ တံတွေးဟာ သာမန်ရေထက် ရေဆူမှတ်သုံးဆပိုပါတယ်။

၂။ ခန္ဓာကိုယ်ရဲ့ သဘောတရားအရ ဆီးစွန့်ခြင်းနဲ့ သွေးလှူခြင်းကို တစ်ချိန်တည်းမှာ ပြုလုပ်လို့မရနိုင်ပါဘူး။

၃။ J အက္ခရာဟာ periodic table မှာ ပါဝင်ခြင်းမရှိပါဘူး။

၎။ နှလုံးအတွက် နေရာပေးရတာကြောင့် လူတွေရဲ့ ဘယ်ဖက်အဆုတ်ဟာ ညာဖက်အဆုတ်ထက် ကြီးပါတယ်။

၅။ ဓာတ်ကင်ကုသမှုကို ခံစားရတဲ့ ကင်ဆာရောဂါဝေဒနာရှင်တစ်ချို့ရဲ့ ကျွတ်ပြီးသားဆံပင်တွေရဲ့ နေရာမှာ ဆံပင်အရောင်၊ ဆံပင်အကောက်အဖြောင့် ကွဲသွားတဲ့ ဆံပင်တွေပြန်ထွက်လာတတ်ပါတယ်။

၆။ ၁၁၁,၁၁၁,၁၁၁ x ၁၁၁,၁၁၁,၁၁၁ ကို မြှောက်တဲ့အခါ ၁၂၃၄၅၆၇၈၉၈၇၆၅၄၃၂၁  ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ လင်းပိုင်တွေဟာ မျက်လုံးတစ်ဖက်ဖွင့်ပြီးအိပ်ကြတာကြောင့် သူတို့ဟာ အိပ်နေရင်းနဲ့ ရေကူးနိုင်ကြပါတယ်။

၈။ လီယိုနာဒို ဒါဗင်ချီဟာ  မိုနာလီဆာပန်းချီကားကိုဆွဲတဲ့ ရက်စွဲနဲ့ လက်မှတ်ကို လုံးဝမထိုးခဲ့ပါဘူး။

၉။ လက်ဖဝါးနဲ့ ခြေဖဝါးဟာ နေမလောင်နိုင်သလို အမွှေးလည်းမပေါက်နိုင်ပါဘူး။

၁ဝ။ နှာခေါင်းပေါက်ဟာ လူတွေရဲ့ မတူညီတဲ့အနံ့တွေကို မှတ်သားနိုင်စွမ်းရှိပြီး ညာဖက်နှာခေါင်းပေါက်ဟာ ဘယ်ဖက်နှာခေါင်းပေါက်ထက် အာရုံနိုင်စွမ်းပိုကောင်းမွန်ပါတယ်။