အခက်အခဲတွေကြောင့် စိတ်ပင်ပန်းနေလား… အသက်ဝဝရှူလိုက်ပါ။

blank

အားလုံးအဆင်ပြေသွားမှာပါ။ အသက်ဝဝရှူလိုက်ပါ။ အသက်ဝဝရှူပြီး အတိတ်က ဖြစ်ခဲ့တဲ့ကြောက်စိတ်တွေကို သတိရလိုက်ပါ။ အချိန်တိုင်းမှာ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေခဲ့တယ်၊ အချိန်တိုင်းမှာ နာကျင်ခံစားနေခဲ့တယ်မဟုတ်လား။ အဲဒီအချိန်တွေကို သင့်အနေနဲ့ ဘယ်လိုကျော်ဖြတ်နိုင်ခဲ့သလဲ ပြန်စဉ်းစားကြည့်ပါ။ လောကဓံက သင့်ကို အမျိုးမျိုးရိုက်ပုတ်ခဲ့တယ် မဟုတ်လား။ ကြုံခဲ့ရတဲ့ အခက်အခဲတွေကြားမှာ လဲပြိုမသွားဘဲ သင်အကောင်းဆုံးရှင်သန်နိုင်ခဲ့တယ်လေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် အသက်ဝဝရှူပါ။ ပြီးတော့ ဒီအခက်အခဲတွေကိုလည်း ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်ထားပါ။ ဒီအခက်အခဲဆိုတာ သင့်ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲလို့ ယုံကြည်ထားပါ။ မျှော်လင့်ချက်ရေးရေးလေးမှ မရှိတော့ရင်တောင် သင်အရှုံးမပေးဘဲ ရှေ့ဆက်သွားနေသရွေ့ အရာအားလုံးကို ကျော်ဖြတ်ပြီး ပန်းတိုင်ကို ရောက်နိုင်မယ်ဆိုတာ ယုံကြည်ထားလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။