၂၄ နှစ်အရွယ်ရဲ့ ဘဝသင်ခန်းစာ ၂၄ ခု

blank

၁။ ဖြစ်ချင်တာတွေဖြစ်ဖို့ ကိုယ့်စိတ်ကိုယ်တောင် အမိန့်ပေးလို့မရပါဘူး။

၂။ အပြောင်းအလဲတွေကို ဘယ်သူမှ လွန်ဆန်လို့မရပါဘူး။

၃။ ကိုယ့်ကိုယ်ကိုချစ်ဖို့၊ ကြင်နာစိတ်ရှိဖို့ထက် အရေးကြီးတာမရှိပါဘူး။

၎။ အချစ်နဲ့အမုန်းဆိုတာ မြဲတဲ့အရာတွေမဟုတ်ပါဘူး။

၅။ ဘာပဲကြုံလာလာ စိတ်ထားတတ်ဖို့ မမေ့သင့်ပါဘူး။

၆။ လက်ရှိထက်ပိုစိတ်ချမ်းသာချင်ရင် ကိုယ့်ကိုယ်ကို တခြားသူနဲ့လုံးဝမနှိုင်းယှဉ်သင့်ပါဘူး။

၇။ သူတစ်ဖက်သားရဲ့ ကျေးဇူးတရားတွေကို မမေ့သင့်ပါဘူး။

၈။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးချင်ရင် ကိုယ်မယုံကြည်တဲ့အရာတွေကို မလုပ်သင့်ပါဘူး။

၉။ ကိုယ်စတင်ချမှတ်ထားတဲ့စည်းဘောင်တွေကို ကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ မမေ့သင့်ပါဘူး။

၁ဝ။ တခြားသူတွေပြောတာ၊ တွေးတာတွေကို သွားရပ်တန့်ပစ်ချင်လို့ မရပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၁။ ကိုယ်ရခဲ့ဖူးတဲ့သင်ခန်းစာတွေက နာကျင်စရာကောင်းနေရင်တောင် တခြားသူကို မျှဝေဖို့ မတွန့်ဆုတ်သင့်ပါဘူး။

၁၂။ တခြားသူကို ကိုယ်ကပြောင်းလဲလို့မရသလို ကိုယ့်ကိုလည်း တခြားသူက ပြောင်းလဲလို့မရပါဘူး။

၁၃။ ပျော်ရွှင်တဲ့ဘဝရဖို့ဆိုရင် ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို အညီအမျှရွေးချယ်ဖို့ မမေ့သင့်ပါဘူး။

၁၄။ ငြင်းပယ်ခံရခြင်းဆိုတာ ဘဝမှာအမြဲကြုံနေရမယ့်ကိစ္စမို့ လက်ခံဖို့ မကြောက်ရွံ့သင့်ပါဘူး။

၁၅။ ကိုယ့်တိုးတက်မှုအတွက် လေ့လာချိန်ပေးဖို့ မနှမြောသင့်ပါဘူး။

၁၆။ တခြားသူကိုခွန်အားပေးချင်ရင် ကိုယ့်ကိုယ်ကိုအရင်ခွန်အားပြည့်သူဖြစ်အောင်လုပ်ဖို့ မမေ့သင့်ပါဘူး။

၁၇။ ဘဝမှာ တစ်ခါလဲကျတိုင်း ဆယ်ခါပြန်ထဖို့ အားမလျှော့သင့်ပါဘူး။

၁၈။ ရှေ့ဆက်သင့်တဲ့လမ်းအမှားနည်းဖို့ဆိုရင် ထိုးထွင်းဉာဏ်ကို အသုံးချဖို့ မမေ့သင့်ပါဘူး။

၁၉။ တတ်မြောက်ချင်တဲ့အရာကို ကိုယ့်ဘက်ကစတင်ဆက်သွယ်ဖို့ မနှောင့်နှေးသင့်ပါဘူး။

၂ဝ။ အရာအားလုံးအဆင်ပြေတယ်ဆိုတာ ဘယ်မှာမှမရှိပါဘူး။

၂၁။ ပြီးပြီးသားအမှားတွေကို စိတ်ညစ်နေရုံနဲ့ ပိုကောင်းတဲ့အနာဂတ်ဖြစ်မလာနိုင်ပါဘူး။

၂၂။ ငွေကြေးကို မျက်စိစုံမှိတ်မကိုးကွယ်သင့်ပါဘူး။

၂၃။ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားဖို့ မမေ့သင့်ပါဘူး။

၂၄။ ကိုယ့်ကိုကောင်းစွာ ကူညီထောက်ပံ့ပေးထားသူတွေရဲ့ ချစ်ခြင်းမေတ္တာကို အလေးထားပါ။

သင်သိထားတဲ့ ဘဝသင်ခန်းစာလေးတွေရှိရင်လည်း comment box မှာ မျှဝေခဲ့ပါဦးနော်။