အွန်လိုင်းပေါ်က လွမ်းစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်

blank

            အွန်လိုင်းပေါ်မှာ သူတို့နှစ်ယောက်စတင်ဆုံတွေ့ခဲ့ကြတယ်။ ဇာတ်လမ်းက ရိုးရိုးလေးပါပဲ။ ကောင်မလေးက ကောင်လေးကို အရင်စနှုတ်ဆက်တယ်။ အဲ့ဒီကနေ နှစ်ယောက်သား သူငယ် ချင်းတွေဖြစ်ခဲ့ကြတယ်။ နောက်တော့ နေ့ကောညပါ လိုင်းပေါ်မှာ စကားတွေပြောဖြစ်သွားတယ်။

ကောင်မလေးကြောင့် ကောင်လေး ပြုံးရယ်ရတယ်။

အချိန်တစ်ခုကြာလာချိန်မှာ နှစ်ယောက်သား တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကောင်လေးက ကောင်မလေးကို ချစ်မိနေပါပြီ။ တစ်ခါတွေ့ပြီးတော့ နှစ်ယောက်သား စကားတွေပိုပြောဖြစ်လာတယ်။ မကြာခဏလည်း တွေ့ဆုံဖြစ်ကြတယ်။ နောက်တော့ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်လာတယ်။ တစ်ညမှာတော့ ကောင်လေးက ကောင်မလေးကို ချစ်တဲ့အကြောင်း အွန်လိုင်းပေါ်ကနေ ဖွင့်ပြောခဲ့ တယ်။ ကောင်မလေးကလည်း ချစ်ပါတယ်ဆိုတဲ့အဖြေကို ပြန်ပေးခဲ့တယ်။

သူတို့နှစ်ယောက်အတွက်တော့ အပျော်ရွှင်ဆုံးကာလပါပဲ။

ရက်တွေ၊ လတွေဟာ ဘယ်လိုကုန်ဆုံးသွားခဲ့မှန်းတောင် မသိပါဘူး။ ဒါပေမဲ့ တစ်နှစ်ဆိုတဲ့ကာ လကို ဖြတ်သန်းခဲ့ပြီးချိန်မှာတော့ သူတို့ကြားထဲကို အခက်အခဲတွေ အငြင်းပွားစရာလေးတွေ ရောက် လာတယ်။ တစ်ခါတလေလည်း ကျော်လွှားနိုင်ကြပေမဲ့ ကောင်လေးက တစ်ခါတစ်ခါပေါက်ကွဲတယ်။ ဒါပေမဲ့ ကောင်မလေးကတော့ ခွင့်လွှတ်ပေးခဲ့တယ်။ ကောင်လေးမှာ ကောင်မလေးအပေါ် ခံစားချက် တွေ စတင်ပျောက်ဆုံးလာတယ်။ သူမကို ကောင်လေးငြီးငွေ့လာခဲ့ပြီလေ။ ကောင်မလေးက ကောင် လေးကို လမ်းခွဲမပေးချင်ဘူး။ ကောင်မလေးဘဝမှာ အလိုအပ်ဆုံးအရာက ကောင်လေးပဲ။ ဘာလုပ်ရ မှန်းမသိတဲ့ကောင်မလေးက တစ်ညလုံးငိုနေခဲ့တယ်။ ကောင်လေးက ကောင်မလေးကို ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတစ်ခုကို ပစ်ချထားခဲ့သလိုမျိုး လမ်းခွဲသွားခဲ့တယ်။ ကောင်မလေးမရှိတော့ရင် သူ့ဘဝ ပိုပျော်စရာကောင်းမှာလို့လည်း တွေးခဲ့တယ်။ ကောင်မလေးဘယ်လိုကျန်ရစ်ခဲ့လဲဆိုတာ ကောင်လေး မသိပါဘူး။ နောက်ထပ်ပျော်ရွှင်စရာအသစ်တွေရှာဖွေရင်းနဲ့ ဘဝကို ရှေ့ဆက်လျှောက်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ သူ့ဘဝက ပျော်ရွှင်မလာခဲ့ပါဘူး။ ကောင်လေးရင်ထဲက တစ်စုံတစ်ခုဟာ လစ်ဟာ ပျောက်ဆုံးနေခဲ့တယ်။

အဲ့ဒီအချိန်မှာ ကောင်မလေးဘေးမှာတော့ ကောင်မလေးရဲ့ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးနိုင် မယ့် နောက်ထပ်ကောင်လေးတစ်ယောက်ရှိနေခဲ့ပါပြီ။ တစ်ညမှာတော့ ကောင်မလေးကို ကောင်လေး သိပ်လွမ်းလာတယ်။ ကောင်မလေးဘေးမှာ တခြားကောင်လေးတစ်ယောက်ရောက်နေခဲ့တာလည်း သိနေခဲ့ပေမဲ့ နှလုံးသားရဲ့အလိုဆန္ဒကို ကောင်လေး လွန်ဆန်မရနိုင်ခဲ့ဘူး။

ဒါနဲ့ ကောင်မလေးဆီကို မက်ဆေ့ခ်ျပို့လိုက်တယ်။

ဒါပေမဲ့ တစ်ညလုံးသာထိုင်စောင့်နေခဲ့တာ ကောင်မလေးဆီက စာပြန်မလာပါဘူး။ နေ့ရက် တွေသာ ကြာသွားတယ်။ ပို့လိုက်တဲ့စာကို ကောင်မလေးဖတ်တာကို seen ပြပေမဲ့ စာတော့ လုံးဝပြန် မလာခဲ့ပါဘူး။  မျှော်လင့်မထားတဲ့ ညတစ်ညမှာတော့ ကောင်မလေးဆီက ဖုန်းဝင်လာခဲ့တယ်။ ဝမ်း သာအားရဖုန်းကိုင်လိုက်တဲ့ကောင်လေးကို ကောင်မလေးက ရင်ဖွင့်တယ်။ ကောင်မလေးရဲ့ လက်ရှိ ချစ်သူနဲ့စိတ်ဆိုးလို့ ခံစားနေရတဲ့အကြောင်း၊ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ကောင်လေးဆီက အကြံ ဉာဏ်တောင်းတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ပါတဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကောင်လေး ငိုင်ကျသွားတယ်။ သစ္စာရှိလှတဲ့ကောင်မလေးကတော့ သူမရဲ့လက်ရှိချစ်သူက လွဲပြီး ကောင်လေးဆီ ပြန်လှည့်ဖို့ လုံးဝစိတ်ကူးမရှိတော့တာကိုလည်း ကောင်လေး ကောင်းကောင်း နားလည်သွားတယ်။ ကောင်လေးအကောင်းဆုံးကူညီပေးလိုက်တဲ့အတွက် ကောင်မလေးတို့ ချစ်သူ နှစ်ယောက်ပြန်အဆင်ပြေသွားတယ်။

သစ္စာရှိတဲ့ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပေမဲ့ တန်ဖိုးမထားတတ်ခဲ့တဲ့ ကောင် လေးကတော့ နောင်တမျက်ရည်တွေကို အဖော်ပြုရင်း တစ်သက်လုံးလွမ်းကျန်ရစ်ခဲ့တော့တယ်။

စာချစ်သူတို့လည်း သစ္စာတရားကို တန်ဖိုးထားခြင်းဖြင့် ပျော်ရွှင်စရာအချစ်ကို ရာသက်ပန်ပိုင် ဆိုင်ခွင့်ရကြပါစေနော်။ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။