အလုပ်တွေပြီးမြောက်ပြီး နေ့တိုင်းစိတ်ချမ်းသာစေမယ့်ဂျပန်နည်းလမ်းကောင်းလေးတစ်ခု

blank

အဲ့ဒီနည်းလမ်းလေးကို ဂျပန်လိုတော့ ichigyo-zammai’ လို့ ခေါ်ပါတယ်။ အဓိကကတော့ အ တွေးမများဘဲ လက်ရှိကာလအတွင်း လုပ်စရာရှိတာလေးတွေ ပြီးမြောက်ပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ အကြံပြုထားတာဖြစ်ပါတယ်။

အလုပ်တွင်စေဖို့အတွက်…

၁။ အိပ်ရာထတာနဲ့ ဒီနေ့အတွက် ပြီးမြောက်ရမယ့်အလုပ်လေးတွေကို ချရေးပါ။

၂။ အဲ့ဒီအလုပ်တွေထဲက ပိုအရေးကြီးတာနဲ့ သိပ်အရေးမကြီးတာတွေကို နံပါတ်စဉ်တပ်ပါ။

၃။ အလုပ်တစ်ခုချင်းစီအတွက် ပြီးမြောက်မယ့်ကြာချိန်ကို ပိုင်းခြားသတ်မှတ်ပါ။

၎။ သတ်မှတ်ချိန်တွေအတိုင်း alarm ပေးထားပြီး ပြီးမြောက်အောင်လုပ်ပါ။

၅။ လုပ်ရမယ့်အလုပ်တွေကို အချိန်နဲ့တစ်ပြေးညီအာရုံစိုက်လုပ်ကိုင်ခြင်းဖြင့် ပြင်ပအတွေးတွေကို ဖယ်ထုတ်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

 

၆။ အဝတ်ပဲလျှော်လျှော်၊ အခန်းပဲရှင်းရှင်း၊ အစားအသောက်ပဲ ချက်ပြုတ်ပြုတ် စိတ်ပါလက်ပါနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ပါ။

ဒါ့အပြင် သင့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူလမ်းလျှောက်တာ၊ အားလပ်ရပ်မှာ ကော်ဖီ သောက်ရင်း အေးအေးဆေးဆေးစာဖတ်တာ၊ အဝတ်ကိုယ်တိုင်လျှော်တာလေးတွေ ပြုလုပ်ပေးပါ။ သင်မတတ်နိုင်တဲ့ စိတ်ဖိစီးစရာကိစ္စတွေအကြောင်း မစဉ်းစားပါနဲ့။ ဖြစ်မလာသေးတဲ့ အခက်အခဲတွေကိုလည်း ကြိုတွေးပြီး ပူပန်မနေပါနဲ့။ လုပ်စရာရှိတာတွေကို ပြီးမြောက်အောင်လုပ်ပါ။ တတ်နိုင်သမျှ ကြိုးစားလုပ်ပါ။ ဒီလိုဆိုရင် သင့်အလုပ်တွေလည်းပြီးမြောက်ပြီး သင်ကိုယ်တိုင်လည်း သင့်တစ်နေ့ချင်းစီကို စိတ်အချမ်းသာဆုံးဖြတ်သန်းနိုင်မှာပါ။

နည်းလမ်းကောင်းလေးတွေပြန်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။