Apple ကုမ္ပဏီက ပြောပြခဲ့တဲ့ iPhone အသုံးပြုသူတွေရဲ့ အမှားများ

blank

၁။ iPhone တွေကို original အားသွင်းကြိုးနဲ့ပဲ အားသွင်းပါ။ အရည်အသွေးမကောင်းတဲ့ ဈေးပေါပေါအားသွင်းကြိုးတွေကြောင့် ဖုန်းပျက်တာတွေ၊ ဖုန်းပေါက်ကွဲတာတွေအထိ ဖြစ်နိုင်ပါတယ်။

၂။ iCloud နဲ့ ဆက်ထားတဲ့ ဖုန်းနံပါတ် SIM card မပျောက်ပါစေနဲ့။ Update လုပ်လို့ reboot လုပ်ပြီးတဲ့အခါ ဖုန်းဖွင့်ဖို့ code ကို iCloud ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုပဲ ပို့တာဖြစ်လို့ပါ။

၃။ Multitasking မှာ ပွင့်နေတဲ့ application တွေကို အကုန်မရှင်းပါနဲ့။ ဖုန်းအားကုန်သက်သာစေဖို့ multitasking ရှင်းစရာမလိုပါဘူး။ တကယ်လို့ရှင်းလိုက်တယ်ဆိုရင် အဲဒီ application ထဲ ပြန်ဝင်တဲ့အခါ ပိုပြီးတော့တောင် battery ကုန်ပါတယ်။

၎။ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ပေးနိုင်ပြီး လုံခြုံစိတ်ချရတဲ့ ဖုန်းကာဗာသုံးပါ။

၅။ ရာသီဥတုအရမ်းပူနေရင် ဖုန်းပိတ်ထားပါ။ ရာသီဥတု အရမ်းအေးနေရင် ဖုန်းကို နွေးထွေးစေဖို့ အိတ်ထဲထည့်ထားပါ။

၆။ iPhone ကို တစ်ညလုံး အားသွင်းမထားပါနဲ့။ Battery သက်တမ်းတိုတတ်ပါတယ်။ ပြီးတော့ battery level 100% မပြည့်ခင် အားသွင်းကြိုးဖြုတ်လိုက်ပါ။ Battery level ကို 20% ကနေ 80% ကြားမှာထားတာ အကောင်းဆုံးပါပဲ။

၇။ ဖုန်းအားမသွင်းဘဲ အကြာကြီး ပစ်မထားပါနဲ့။ Battery ဒေါင်းသွားတတ်ပါတယ်။ ဒါကြောင့် iPhone ဝယ်တော့မယ်ဆိုရင် ပုံမှန်ဖုန်းသုံးမယ်ဆိုတာ သေချာမှ ဝယ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ Application တွေ အများကြီးက notification တွေ ခဏခဏတက်တာ မကောင်းပါဘူး။ ဒီလို noti တွေ ခဏခဏတက်နေတာက ဖုန်းအားကုန်မြန်စေပါတယ်။ အရေးမကြီးတဲ့ application တွေဆိုရင် noti-off ထားတာ အကောင်းဆုံးပါပဲ။

၉။ Location service ကို အချိန်ပြည့်ဖွင့်မထားပါနဲ့။ Location ကို အမြဲတမ်းဖွင့်ထားရင် battery ပျက်လွယ်ပါတယ်။ Location service ဆိုတာ “Find my iPhone” နဲ့ Maps တို့လို အရေးကြီး application တွေအတွက်လောက်ပဲ သုံးတာကောင်းပါတယ်။

၁ဝ။ တစ်ပတ်တစ်ခါ reboot (restart) လုပ်ပါ။ iPhone တွေ ရုတ်တရက်ပါဝါကျသွားပြီး home button ကြောင်တယ်ဆိုတာ ဖုန်းက အနားယူချင်လို့ပါ။ တကယ်တော့ reboot လုပ်တယ်ဆိုတာ iPhone တွေအတွက်တော့ တရားထိုင်တာနဲ့ အတူတူပါပဲ။

၁၁။ Wi-Fi နဲ့ Bluetooth ကို အမြဲတမ်းဖွင့်မထားပါနဲ့။ ဒါတွေကို အမြဲတမ်းဖွင့်ထားတာက ဘာမှမသုံးဘဲ ရေပိုက်ဖွင့်ထားတာနဲ့တူပါတယ်။ ရေတော့ကုန်နေတယ်၊ ဒါပေမဲ့ အသုံးမဝင်သလိုပေါ့။ ဒါကြောင့် Wi-Fi နဲ့ Bluetooth တွေ မသုံးရင် ပိတ်ထားလိုက်ပါ။

iPhone အသုံးပြုသူတွေ SHARE ထားသင့်တဲ့ စာစောင်လေးပါ။