နေ့တစ်နေ့တာလုံးမှာ လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်ဆိုတာ

blank

ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကို ပိုမိုလှပကျစ်လျစ်စေချင်လို့ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အချိန်ကိုလိုက်ပြီးလုပ်တတ်ဖို့လည်းလိုပါတယ်။ ဘာလို့လဲဆိုတော့ ကြွက်သားတွေမှာလည်း သဘာဝအလျှောက်ရှိနေတဲ့ သဘာဝနာရီသတ်မှတ်ချက်လေးတွေ ရှိနေလို့ပါ။

လူတစ်ဦးယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ပုံစံ၊ တစ်နေ့တာဖြတ်သန်းပုံနဲ့ စားသောက်မှုပုံစံကိုလိုက်ပြီး လေ့ကျင့်ခန်းလုပ်သင့်တဲ့အချိန်တွေ မတူညီကြပါဘူး။ အရေးကြီးဆုံးအချက်ကတော့ ဒီနေ့ညနေ (၅)နာရီမှာ လေ့ကျင့်ခန်းလုပ်တယ်ဆိုရင် နောက်နေ့တွေမှာလည်း တတ်နိုင်သလောက် ညနေ (၅)နာရီဝန်းကျင်မှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

၁။ နေ့ခင်းပိုင်းတွေမှာ workout လုပ်တဲ့အခါ

နေ့ခင်းဘက်တွေမှာ အပူချိန်မြင့်တာကြောင့် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကြွက်သားတွေ ပိုမိုသန်မာလာနိုင်ပေမဲ့ ကြာကြာအမောမခံနိုင်ပါဘူး။ ဒါပေမဲ့ ချွေးထွက်များတာကြောင့် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ မနက်ခင်းတွေမှာ workout လုပ်တဲ့အခါ

မနက်ခင်းတွေမှာ workout လုပ်သူတွေဟာ နေ့ခင်းပိုင်းမှာ သွေးဖိအားကို ၁ဝ% ပိုမိုလျော့ကျပြီး ညဘက်တွေမှာ ၂ဝ% ပိုမိုလျော့ကျနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မနက်ခင်းတွေမှာ workout လုပ်တာဟာ အခြားအချိန်တွေမှာ workout လုပ်တာထက်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အပြင်ည ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တာကိုလည်း တွေ့ရပါတယ်။

၃။ ညနေခင်းနဲ့ ညဘက်တွေမှာ workout လုပ်တဲ့အခါ

ည ၈နာရီနဲ့ နောက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးခုန်နှုန်းကိုမြန်စေပြီး ခန္ဓာကိုယ်အပူချိန်မြင့်တက်စေတာကြောင့် အိပ်ချိန်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

နောက်ထပ်မှတ်သားသင့်တဲ့ အချက်တစ်ခုကတော့ ဗိုက်ထဲမှာ အဆာမရှိဘဲ workout လုပ်ခြင်းက အဆီတွေကို ၂ဝ% ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးမှာ လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်က မနက်ခင်းစောစောအချိန်လို့ ပြောနိုင်ပါတယ်။

Workout လုပ်ခြင်းက စိတ်ဖိစီးမှုတွေကိုလျှော့ချစေပြီး စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနိုင်တာကြောင့် စိတ်ညစ်နေတဲ့အချိန်တွေမှာလည်း လုပ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လေ့ကျင့်ခန်းလုပ်ဖို့အသင့်တော်ဆုံးအချိန်ကို သင်ကိုယ်တိုင်သတ်မှတ်ပါ။ အရေးကြီးတာက သတ်မှတ်ထားတဲ့အချိန်အတိုင်း နေ့ရက်တိုင်းမှာ ပုံမှန်လုပ်ဖို့ပါပဲ။

သဘောကျနှစ်သက်ရင် ဒီစာစောင်လေးကို SHARE လိုက်ပါ။