အပြောင်းအလဲဆိုတာ ကိုယ်ကိုယ်တိုင်ကနေ စတင်ရတဲ့အရာ

blank

 “ကိုယ်ကိုယ်တိုင် မပြောင်းလဲသေးသရွေ့ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး” ဆိုတာပဲ မဟုတ်လား ပရိသတ်ကြီးရေ…

ကိုယ်ကိုယ်တိုင်က  ပိုကောင်းတာတွေကို ကြိုးစားပြီးမလုပ်ဆောင်သေးသရွေ့ ပိုကောင်းတဲ့အရာတွေကို ရရှိလာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုကောင်းတဲ့ ဘဝတစ်ခုကို ရဖို့ဆိုတာ…

အခြေအနေတွေနဲ့ မသက်ဆိုင်ပါဘူး။

ကံတရားနဲ့လည်း မသက်ဆိုင်ပါဘူး။

ဘဝမှာကြုံတွေ့နေရတဲ့ အကောင်းအဆိုးတွေဟာ ကိုယ့်ဘဝမှာ ရောက်လာတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုတုံ့ပြန်တာလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

အခက်အခဲတွေဆိုတာ လူ့ဘဝမှာ ကြုံတွေ့ရမယ့် သာမန်အရာတွေထဲက တစ်ခုပါပဲ။

ကိုယ်က အခြေအနေတွေကို ဘယ်လိုတုံ့ပြန်သွားသလဲဆိုတဲ့ ရွေးချယ်မှုတွေကပဲ ဘဝကို ဆုံးဖြတ်သွားတာပါ။

စီးပွားရေးတွေတိုးတက်ပြောင်းလဲချင်တာလား….

ဘဏ်စာရင်းတွေကို တိုးတက်များပြားလာချင်တာလား

အချစ်ရေးတွေ ပိုမိုကောင်းမွန်လာချင်တာလား…

ဘာကိုပဲပြောင်းလဲချင် ပြောင်းလဲချင်..

ကိုယ်ကိုယ်တိုင်က အပြောင်းအလဲတွေကို စတင်ဖန်တီးဖို့လိုပါတယ်။

ဒါ့ကြောင့် အခြားအရာတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံးသုံးသပ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူတစ်ပါးစိတ်ကျေနပ်အောင်ပဲ ဖြည့်ဆည်းပေးနေတတ်တဲ့ အကျင့်ကနေ တစ်လှမ်းဆုတ်ပြီး ကိုယ်ဘာတွေတိုးတက်အောင်လုပ်ဖို့ လိုနေသေးတာလဲ၊ ကိုယ်ဘာတွေမှားနေတာလဲဆိုတာကို ရိုးရိုးသားသားဆင်ခြင်ကြည့်ပါ။

ကိုယ့်ဘဝရဲ့ ရှုထောင့်အစုံကို မကွယ်ဝှက်တမ်း သုံးသပ်ကြည့်မိတဲ့အခါ ကိုယ်ဘာတွေတိုးတက်အောင် လုပ်ဖို့လိုနေတာလဲဆိုတာကို တွေ့ရှိပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို သုံးသပ်ပြီး အားနည်းချက်တွေကို ရှာဖွေပြီးတဲ့အခါ ဘယ်လိုပြင်ဆင်မလဲ ဘယ်လိုပိုကောင်းအောင် ကြိုးစားနိုင်မလဲဆိုတာကို အာရုံစိုက်ပါ။

ဘဝတိုးတက်အောင်မြင်ရေးကို ဘယ်အရာတွေက ပိတ်ပင်တားမြစ်နေတာလဲဆိုတာကို ရှာဖွေပြီး ဖယ်ရှားပစ်ပါ။

ကိုယ့်ရောက်ချင်တဲ့ ဘဝကိုမရောက်အောင် ဖန်တီးပေးနေတဲ့ ခလုတ်ကန်သင်းတိုင်းကို ဖယ်ရှားပစ်ပါ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကို အဆိပ်ခတ်နေတဲ့ အကျင့်ဆိုးတွေ၊ ကိုယ့်စိတ်ထဲကို အမှိုက်လာလာပစ်နေတဲ့ လူတွေအားလုံးအားလုံးကို မတွန့်ဆုတ်ဘဲ ဖယ်ရှားပစ်လိုက်ပါ။

ရည်မှန်းချက်တွေကို ကိုယ်နဲ့ တသားတည်းထားပြီး စိတ်ဓာတ်ခိုင်မာစွာ လျှောက်လှမ်းပါ။ ကိုယ်ရောက်ချင်တဲ့နေရာ သင်ဖော်ဆောင်ချင်တဲ့အပြောင်းအလဲတွေအတွက် ကိုယ်ကိုယ်တိုင်ကနေ စတင်ပါ။ အောင်မြင်မှုဟာသင့်ဆီကို  သေချာပေါက်ရောက်လာပါလိမ့်မယ်။

ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုကို အစပြုဖို့ အခုပဲ သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ပါဦး။