လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့အခါ ဘာတွေလုပ်သင့်လဲ။

blank
၁။ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူတိုင်း ခံစားရလေ့ရှိတဲ့ အခြေအနေများ။
  • ကြောက်ရွံ့ခြင်း၊ ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ အထီးကျန်သိမ်ငယ်ခြင်းနဲ့ စိတ် ဓာတ်ကျခြင်း။
  • ကျူးလွန်ခံရတာက မိမိအမှားမဟုတ်တာတောင်မှ ကျူးလွန်ခံရခြင်းအတွက် ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရခြင်း။
  • တစ်လောကလုံးမှာ တစ်ယောက်တည်းလို ခံစားရခြင်း။
  • သူငယ်ချင်း၊ မိသားစုနဲ့ ရဲကိုပြောတဲ့အခါ ကိုယ့်ကိုမယုံကြည်မှာ ကြောက်ခြင်း။
  • ဘဝမှာ မျှော်လင့်ချက်မဲ့သွားသလို ခံစားရခြင်း။
  • ကိုယ်တတ်နိုင်တဲ့တုံ့ပြန်မှုဘာမှမရှိသလို ခံစားရခြင်း။
  • ကျူးလွန်သူရှိနေနိုင်တဲ့ဘယ်လိုနေရာကိုမဆို သွားရမှာထိတ်လန့်နေခြင်း။
  • အချိန်တိုင်းစိတ်သောကရောက်နေခြင်း။
  • ကိုယ့်ခန္ဓာကိုယ်ကို မသတီတော့ခြင်း။
၂။ တခြားသူဆီက အကူအညီဘယ်လိုရယူမလဲ။

ဒီလိုကျူးလွန်ခံရတာက ကိုယ့်အမှားမဟုတ်တာကို သိပါ။ ကိုယ်ပြောတဲ့ စကား၊ ကိုယ်ဝတ်တဲ့ အဝတ်၊ ကိုယ်ရှိနေတဲ့နေရာကြောင့်လည်း မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာ ကို ရပ်လိုက်ပါ။

ဆေးကုသမှုချက်ချင်းခံယူနိုင်အောင် ကြိုးစားပါ။ ဆေးပညာရှင်တွေက ကိုယ့်မှာရှိတဲ့အနာတရ တွေကို ကုသပေးမှာဖြစ်သလို တရားရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေမယ့် သက်သေအထောက် အထားတွေကို စုဆောင်းထားပေးမှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို “rape kit” လို့ခေါ်ပါတယ်။ ကိုယ့် အနေနဲ့ ရဲတိုင်မယ်ဆိုရင် ရေမချိုးဖို့၊ အဝတ်မလဲဖို့၊ ဆေးရုံမသွားခင် ဆေးကြောသန့်စင်မှုတွေမလုပ်ဖို့ လည်း အရေးကြီးပါသေးတယ်။ ကိုယ်နဲ့အတူ သက်သေတစ်ယောက်ယောက်ပါရင်တော့ အကောင်း ဆုံးပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်လို့ ရဲကိုချက်ချင်းမတိုင်ကြားချင်သေးဘူးဆိုရင်တောင် ကိုယ်ပြောတာတွေအားလုံး မှန်ကန်ကြောင်း ဆေးစစ်ခံထားဖို့ အရေးကြီးပါတယ်။ တချို့တွေက နောက်မှစိတ်ပြောင်းပြီး တိုင်ချင် တာရှိပါတယ်။ ဆရာဝန်တွေအနေနဲ့ အကြမ်းဖက်ခံထားရတဲ့ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့အပြင်၊ ကိုယ်ဝန်ရှိမရှိလည်း စမ်းသပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ၊ ကိုယ်ဝန်ရနိုင်တဲ့အခွင့်အလမ်းတွေကို လျှော့ချပေးဖို့လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကိုလည်း ပေးနိုင်ပါ လိမ့်မယ်။

ဒါမှမဟုတ် လိင်အကြမ်းဖက်မှုကာကွယ်ကယ်ဆယ်ရေးဆိုင်ရာ ပြည်တွင်းအဖွဲ့အစည်းတစ်ခု ခုကို ဖုန်းဆက်အကူအညီတောင်းပါ။ မိသားစုဝင်တစ်ယောက်ယောက်၊ အိမ်နီးချင်း၊ သူငယ်ချင်းနဲ့ ကိုယ်ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်ယောက်ကိုလည်း ပြောပြနိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကို ဘယ်လိုကူညီမလဲ။
  • တစ်ယောက်တည်းမနေမိအောင် ကြိုးစားပါ။
  • အထူးသဖြင့် ကိုယ့်ကိုကျူးလွန်ခဲ့သူနဲ့ ဝေးဝေးနေပါ။
  • ကိုယ့်ပတ်ဝန်းကျင်ကို နိုးနိုးကြားကြားရှိပါ။
  • အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်ဖို့၊ ဒါမှမဟုတ် ရှောင်ကြဉ်ဖို့ လုံခြုံမှုရှိတဲ့အစီအစဉ်တွေကို စဉ်းစားပါ။
  • စိတ်ချယုံကြည်ရတဲ့နေရာတစ်ခုမှာနေပါ။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလျှော့ချဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။