“သဘောကောင်းပါ၊ ဒါပေမဲ့ကိုယ့်ကိုယ်ကိုလည်းချစ်ပါ”

blank

သဘောကောင်းလွန်းတဲ့သူတွေဟာ …………..

  • သူတစ်ပါးကို ဦးစားပေးတတ်ပြီး မိမိရဲ့ဆန္ဒတွေကို နောက်ဆုတ်တာများလာတဲ့အခါ မိမိဖြစ်ချင်တာတွေကို မြိုသိပ်တတ်တဲ့အကျင့်စွဲလာတော့တယ်။
  • သူတစ်ပါးအတွက် ပေးဆပ်တတ်ပေမဲ့ မိမိအတွက် မတောင်းဆိုတတ်တာကြောင့် အချိန်ကြာလာတဲ့အခါ လူတွေက မိမိရဲ့ဆန္ဒကိုထည့်မတွက်တော့တာမျိုး ဖြစ်လာတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • သူတစ်ပါးကို စိတ်ပါလက်ပါ ကူညီတတ်ကြတာကြောင့် အကူအညီလိုတဲ့အခါ မိမိကို ပြေးပြီးသတိရတတ်ကြပါတယ်။ အခြားအချိန်တွေမှာ မိမိကိုသတိမရတတ်တဲ့အဖြစ်မျိုးတွေလည်း ရှိတတ်တာကြောင့် ဝမ်းနည်းနေရတတ်ပါတယ်။
  • သူတစ်ပါးကိုကူညီဖို့အတွက် မိမိရဲ့အရေးကြီးတဲ့ကိစ္စတွေကို ဖယ်ထားတတ်တာကြောင့် အလုပ်တွေနှောင့်နှေးတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။
  • တစ်ခါတလေမှာ မိမိမကူညီနိုင်တဲ့ ကိစ္စတွေကို ငြင်းဆန်မိတဲ့အခါ မိမိကိုယ်ကို အပြစ်ရှိသလို ခံစားတတ်ကြပါတယ်။
  • တစ်ခါတလေမှာ လူတွေကို စိတ်ချမ်းသာစေချင်တဲ့အဖြစ်နဲ့ မိမိကိုယ်ကို စိတ်ပင်ပန်းခံလိုက်ရတဲ့ အဖြစ်မျိုးတွေလည်း ဖြစ်တတ်ပါတယ်။

စာချစ်သူတို့ရေ…

သဘောကောင်းတယ်ဆိုတာ လောကကြီးအတွက် ကောင်းမွန်တဲ့အရာဖြစ်ပေမဲ့ မိမိရဲ့ဆန္ဒတွေကိုနောက်ပြန်ဆုတ်ထားတာများတဲ့အခါ အချိန်ကြာလာရင် မိမိကိုယ်ကိုမကျေနပ်တာ စိတ်အလိုမကျတာတွေဖြစ်လာပြီး မပျော်ရွှင်နိုင်တော့တာတွေဖြစ်လာနိုင်ပါတယ်။ “တန်ဆေးလွန်ဘေး” လို့ ဆိုတဲ့အတိုင်း မိမိကိုယ်ကိုအတွက်လည်း ဂရုစိုက်ရင်း ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်ဖို့ ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်နော်။ တောင်ဝှေးကောင်းမှ ဖိုးသူတော်ကို ကူနိုင်မှာ မဟုတ်လား။

သဘောကျနှစ်ခြိုက်ခဲ့ရင် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦး။