ငှက်ပျောသီးစားတဲ့အခါ အခွံမှာကပ်နေတဲ့ အမျှင်လေးတွေကို ဘာကြောင့် လွင့်မပစ်သင့်တာလဲ။

blank

လူအများစုဟာ ငှက်ပျောသီးစားတဲ့အခါ အခွံခွာပြီး အပေါ်မှာကပ်နေတဲ့ အမျှင်လေးတွေကို ပြောင်စင်နေအောင် ခွာပြီးလွင့်ပစ်လိုက်ကြပါတယ်။ တကယ်တော့ သိပ္ပံနာမည် ဖီလီယွန် ဘန်ဒလ် (phloem bundles) လို့ပေးထားတဲ့  ငှက်ပျောမျှင်လေးတွေမှာ ငှက်ပျောသီးရဲ့ အသားတွေလိုပဲ အာဟာရဓာတ်ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ဗီတာမင် အေနဲ့ ဗီတာမင် B6 ဓာတ်တွေကြွယ်ဝတဲ့အတွက် တန်ဖိုးကြီးအမျှင်လေးတွေပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖလီယွန်ဆိုတာက သစ်ပင်တွေမှာ တွေ့ရတဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး အစာအာဟာရတွေကို သယ်ဆောင်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သက်ရှိဆဲလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖလီယွန်တွေဟာ အစာအာဟာရတွေကို အပင်တစ်ပင်လုံးကို ပြန့်နှံ့စေပါတယ်။ အဲဒီလိုပဲ ငှက်ပျောသီးမှာပါတဲ့ အမျှင်လေးတွေဟာ ငှက်ပျောသီးအတွင်းမှာ သွေးလွတ်ကြောနဲ့သွေးပြန်ကြောအဖြစ်ဆောင်ရွက်ပြီး အာဟာရဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။

ဒါ့အပြင် ငှက်ပျောသီးတစ်ခုလုံးမှာ အာဟာရတွေ ကောင်းကောင်းမရောက်သေးဘူးဆိုရင် ဖလီယွန်တွေက အသီးမှာ ကပ်နေတတ်ပါတယ်။ ဒါကြောင့်ငှက်ပျောသီးတွေဟာ မမှည့်သေးဘူးဆိုရင် ခွာရခက်နေတတ်ပါတယ်။ အဲဒီလိုပဲ အမှည့်လွန်နေတဲ့ အသီးတွေမှာဆိုရင် ဖလီယွန်လေးတွေဟာ အလွန်အမင်းကွာနေတတ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးတစ်လုံးရဲ့  စားဖို့သင့်တော်ချိန်ကို ဖလီယွန်လေးတွေကိုကြည့်ပြီး သိနိုင်တာပေါ့။ အာဟာရအစုံကို ရရှိစေဖို့ ငှက်ပျောသီးစားရင် အမျှင်လေးတွေကို ခွာမပစ်နဲ့တော့နော်။

သူငယ်ချင်းတွေဗဟုသုတရစေဖို့ share ပေးလိုက်ပါဦးနော်။