သက်ရှည်ကျန်းမာနုပျိုစေဖို့ လူတိုင်းသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

blank

၁။ ၃နာရီကျော်ကြာအောင် ထိုင်နေခြင်းက ဘဝသက်တမ်းကို ၂နှစ်ခန့် ပိုပြီး တိုတောင်းစေနိုင်ပါတယ်။

၂။ ကိုယ်လက်လေ့ကျင့်ခန်း လုံးဝမလုပ်သူတွေဟာ ဆေးလိပ်သောက်သူတွေလိုပဲ အသက်အန္တရာယ်ရှိနေပါတယ်။

၃။ လေလည်ခြင်းက သွေးတိုးကျစေပြီး ကျန်းမာရေးကောင်းမွန်စေပါတယ်။

၎။ မနက်စာနဲ့ ညစာကို အပြင်မှာစားလေ့ရှိသူတွေဟာ အခြားသူတွေထက် အဝလွန်နိုင်ခြေ ၂ဆပိုများပါတယ်။

၅။ ၁၅ မိနစ်စက်ဘီးနင်းခြင်းက အကြိမ် ၁ဝဝ ရယ်မောခြင်းနဲ့ တူညီတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ရနိုင်ပါတယ်။

၆။ ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ခြင်း၊ ကိုယ်ကာယလှုပ်ရှားခြင်းနှင့် ဆေးလိပ်ရှောင်ကြဉ်ခြင်းတို့က ကင်ဆာဖြစ်ပွားနိုင်ခြေကို ၃ဝ% ပိုမိုလျော့ကျစေနိုင်ပါတယ်။

၇။ တစ်နေ့တာမှာ အိပ်ချိန် ၇နာရီထက်လျော့နည်းပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၈။ ဆေးလိပ် တစ်လိပ်သောက်လိုက်တာနဲ့ သင့်ဘဝသက်တမ်းထဲကနေ ၁၁ မိနစ်ခန့် ဆုံးရှုံးလိုက်ရပါတယ်။

၉။ ဆိုဒါတစ်ဘူးဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၂၂% မြင့်တက်စေနိုင်ပါတယ်။

၁ဝ။ အားကစားလုပ်ခြင်းနဲ့ လမ်းလျှောက်ခြင်းက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို ၂၅% လျော့ကျစေပါတယ်။

၁၁။ ဖခင်တွေရဲ့ စားသောက်မှုပုံစံအတိုင်း သားသမီးတွေက စားသောက်တတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၂။ စိတ်ဓာတ်ကျခြင်းက လူတစ်ယောက်ကို အသက်အရွယ်ထက် ပိုမိုအိုမင်းရင့်ရော်စေနိုင်ပါတယ်။

၁၃။ အဝလွန်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ် ၃ဝအတွင်းမှာ ၃ဆခန့်မြင့်တက်လာပါတယ်။

၁၄။ လူတစ်ယောက်ဟာ တစ်နှစ်ကို ပျမ်းမျှ သကြား ၅၂ပေါင်ခန့် အချိုရည်သောက်သုံးခြင်းကနေရရှိနေပါတယ်။

၁၅။ မနက်စာကို နေ့တိုင်းမပျက်မကွက်စားသုံးခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။

၁၆။ အိပ်စက်ခြင်းက TV ထိုင်ကြည့်ခြင်းထက်ပိုပြီး ကယ်လိုရီတွေကို လောင်ကျွမ်းပစ်နိုင်ပါတယ်။

၁၇။ စားသမျှအစားအစာတွေကို အူလမ်းကြောင်းအတွင်းမှာ ကြေညက်အောင်ချေဖျက်နိုင်ဖို့ အချိန် ၁၂နာရီခန့် ကြာမြင့်ပါတယ်။

၁၈။ အဝလွန်ခြင်းက နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၁၉။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၇ သန်းဝန်းကျင်က အစာအဆိပ်သင့်မှုကြောင့် သေဆုံးနေရပါတယ်။

၂ဝ။ အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… အထက်ပါအကြောင်းအရာတွေကို သိရှိခဲ့ပြီးနောက်မှာတော့ ကျန်းမာရေးကို အရင်ကထက်ပိုပြီး ဂရုစိုက်ပါလို့ အကြံပေးတိုက်တွန်းပါရစေ။ ကျန်းမာရေးဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးဆုံးပဲ မဟုတ်ပါလားရှင်။

ကျန်းမာရေးပညာပေးစာစောင်လေးကို ချစ်ခင်ရသူတွေအတွက် SHARE ပေးဖို့ မမေ့နဲ့နော်။