ဖုန်းကိုင်တဲ့ပုံက ပြောတဲ့ သင့် အကြောင်း

blank

ဒီနေ့ခေတ်မှာ လူတိုင်းလိုလို နေ့တိုင်းလုပ်လေ့ရှိတာကတော့ ဖုန်းကိုင်ပြီး ဂိမ်းဆော့တာ၊ အင်တာနက်သုံးတာပါပဲ။ ဖုန်းကိုင်တဲ့အခါ၊ စာရိုက်တဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ကိုင်ပုံကိုင်နည်းတွေ မတူကြပါဘူး။ အံ့သြစရာကောင်းတာက ဖုန်းကိုင်တဲ့ပုံကိုကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်နေသဘောထားကို ခန့်မှန်းနိုင်ပါတယ်။ ဘယ်လိုလဲဆိုတာ အောက်မှာ ဆက်ဖတ်ကြည့်ပါဦးနော်။

၁။ လက်တစ်ဖက်တည်းနဲ့ ဖုန်းကိုကိုင်ပြီး အဲဒီလက်ရဲ့လက်မနဲ့ စာရိုက်လေ့ရှိတယ်ဆိုရင်

မှတ်ဉာဏ်ကောင်းပြီး အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ။ တီထွင်ဉာဏ်ကောင်းတယ်၊ ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရွှင်တယ်။ စကားကို ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးပြောတတ်တာကြောင့် အပြောမတတ်သလိုဖြစ်ပြီး နားလည်မှုလွဲခံရတာတွေ ရှိတတ်ပါတယ်။ လူတိုင်းကို ပျော်စေချင်ပြီး လောကကြီးကို ကောင်းစေချင်တယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရဖူးတာကြောင့် နောက်ထပ်မယုံရဲတော့တဲ့ နှလုံးသားလေးကို ပိုင်ဆိုင်ထားသူပေါ့။

၂။ လက်တစ်ဖက်တည်းနဲ့ ဖုန်းကိုကိုင်ပြီး တခြားလက်ရဲ့လက်မနဲ့ စာရိုက်လေ့ရှိတယ်ဆိုရင်

စိတ်ဆတ်တယ်၊ စိတ်ကူးယဉ်တတ်တယ်၊ ကူညီရိုင်းပင်းလိုစိတ်ရှိတယ်၊ စာနာသနားတတ်ပြီး ရည်မှန်းချက်ခိုင်မာတယ်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝပြီး စိတ်မရှည်တတ်တဲ့အကျင့်လေးရှိတယ်။ အချစ်ခံချင်တယ်၊ အလိုလိုက်ခံချင်တယ်၊ အကာအကွယ်ပေးတာကို လိုချင်တယ်။ ကြင်နာတတ်လွန်းတာကြောင့် အခွင့်အရေးယူခံရတာတွေ ရှိတတ်တယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တယ်။ ဘေးနားကလူတွေတောင် သူ့ခံစားချက်တွေဘယ်လိုရှိတယ်ဆိုတာကို မသိနိုင်ပါဘူး။     ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဖုန်းကို လက်နှစ်ဖက်လုံးနဲ့ကိုင်ပြီး လက်မနှစ်ဖက်လုံးနဲ့ စာရိုက်လေ့ရှိတယ်ဆိုရင်

ထက်မြက်တယ်၊ ရက်ရောတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်။ တစ်ခါတစ်လေကျရင် တော်လွန်းလို့ချော်သွားတာမျိုးတွေရှိတတ်တယ်။ မျှော်လင့်ချက်ကြီးလွန်းတယ်။ အရမ်းကြီးမျှော်လင့်ထားပြီး ဖြစ်မလာတဲ့အခါမှာလည်း အရမ်းခံစားတတ်တယ်။ ခံစားချက်တွေကို နားလည်ပေးနိုင်မယ့်သူတစ်ယောက် လိုအပ်နေတယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ငွေကြေးနဲ့မတိုင်းတာဘဲ စိတ်ဓာတ်နဲ့တိုင်းတာတတ်တယ်။ လူတန်းစားမခွဲခြားဘဲ ပေါင်းသင်းတတ်တယ်။ အတိတ်က အမှတ်တရတွေကို အလွယ်တကူမေ့မပစ်နိုင်ဘူး။ အထီးကျန်မှုကို မခံစားချင်ဘူး။ ရင်ထဲမှာ ဘယ်လောက်ပဲနာကျင်ခံစားနေရပါစေ ဟန်ဆောင်ပြုံးနေတတ်တယ်။

၎။ ဖုန်းကို လက်တစ်ဖက်တည်းနဲ့ကိုင်ပြီး တခြားလက်က လက်ညှိုးနဲ့စာရိုက်လေ့ရှိတယ်ဆိုရင်

တီထွင်ဖန်တီးနိုင်စွမ်း သိပ်ကောင်းတယ်။ ထက်မြက်တဲ့စိတ်သဘောထားရှိတယ်။ အလှတရားနဲ့ အနုပညာကို အကောင်းဆုံးခံစားတတ်တယ်။ လိုက်လျောညီထွေနေတတ်တယ်။ တစ်ယောက်တည်းနေပြီး တွေးနေရတာကို ကြိုက်တယ်။ သူတစ်ပါးကို မနာကျင်စေချင်တာကြောင့် ကိုယ့်ကိုယ်ကို အနစ်နာခံတတ်တဲ့အကျင့်ရှိတယ်။ လူတိုင်းကိုပျော်စေချင်တယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းချင်တယ်။ ငွေချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ကို ဦးစားပေးတတ်တယ်။ စိတ်ထိခိုက်လွယ်လွန်းတယ်။ အပြင်ပန်းမှာ စိတ်မာသယောင်ထင်ရပေမဲ့ အတွင်းစိတ်ကတော့ ပျော့လွန်းတယ်။ သူတစ်ပါးကို သနားတတ်တယ်။ ပြီးတော့ အရမ်းလည်း အားနာတတ်တယ်။

သင်ရော… သင့်ဖုန်းကို ဘယ်လိုပုံစံမျိုးနဲ့ အများဆုံးသုံးလေ့ရှိလဲ။ မှန်တယ်ဆိုရင် SHARE သွားလိုက်ပါဦးနော်။