လူကြီးလူကောင်းမဆန်တဲ့အပြုအမူ(၃)မျိုး

blank

လုပ်ငန်းခွင်နဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ထဲမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေပါသလား။ ဒါဆိုရင်တော့ နှုတ်ထွက်စကားကို စောင့်စည်းဖို့အရေးကြီးသလို ခန္ဓာ ကိုယ်အမူအယာလေးတွေကလည်း ကိုယ်ရည်ကိုယ်သွေးကို ပိုင်းဖြတ်ပေးတယ်ဆိုတာ သိစေဖို့ အောက်ပါအချက်လေးတွေကို ဖတ်ကြည့်ထားသင့်ပါတယ်ရှင်။

၁။  ပျင်းရိပျင်းတွဲထိုင်နေတာ။

လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက်ရဲ့စိတ်ခံစားချက်အခြေအနေဆိုတာ နှုတ်က ထုတ်ဖော်မပြောခင် အဲ့ဒီလူရဲ့အမှတ်တမဲ့အပြုအမူကို ကြည့်ပြီးတော့လည်း ခန့်မှန်းနိုင်ပါတယ်။ ဥပ မာ- အကြောင်းတစ်စုံတစ်ခုကြောင့်စိတ်ဓာတ်ကျနေတာ၊ စိတ်ပျက်နေတာ၊ အရှူံးနဲ့ရင်ဆိုင်နေရတာ မျိုးဆိုရင် လူကလည်း တက်တက်ကြွကြွမရှိဘဲ တွေဝေငေးငိုင်နေတတ်ပါတယ်။ ဒါကြောင့် တခြားသူ တွေနဲ့ အတူရှိနေတဲ့အခါ ပရော်ဖက်ရှင်နယ်ဆန်တဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် မိမိရဲ့ အတွင်းစိတ် တွေကို ဖော်ပြနေမယ့် ပျင်းရိပျင်းတွဲအမူအယာမျိုးတွေကို မပြုလုပ်မိအောင် ခါးမတ်မတ်ထိုင်တာမျိုး၊ ဖြောင့်ဖြောင့်တန်းတန်းမတ်တပ်ရပ်တာမျိုးတွေနဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်သင့်ပါတယ်။

 

၂။ ကောင်းကောင်းအာရုံမစိုက်တာ။

တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံစကားပြောနေတဲ့အခါ ကောင်းကောင်းနားမထောင်ဘဲ ဟိုဟို ဒီဒီလိုက်ကြည့်နေတာ၊ ဖုန်းနှိပ်နေတာမျိုးက တစ်ဖက်သားအပေါ် ဂရုမစိုက်ရာကျသလို မိမိအပေါ်မှာ လည်း စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ပရော်ဖက်ရှင်နယ်ဆန်တဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် စကားပြောနေချိန်မှာ အပြည့်အဝအာရုံမစိုက်ဘဲနေတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ စကားပြောတဲ့အခါ မျက်လုံးချင်းမဆုံဘဲ ရှောင်လွှဲနေတာ။

စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောတာက စကားဝိုင်းကို ပိုမိုလေးနက်မှုရှိစေပြီး တစ် ဦးနဲ့တစ်ဦးရင်းနှီးယုံကြည်မှုကို တည်ဆောက်နိုင်စေပါတယ်။ မျက်လုံးချင်းမဆုံဘဲ ရှောင်လွှဲပြောနေ တာက မိမိအနေနဲ့ တစ်ဖက်သားအပေါ် အလေးအနက်မရှိသလို အထင်အမြင်လွဲခံရနိုင်တဲ့အတွက် ပရော်ဖက်ရှင်နယ်ဆန်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် အဲ့ဒီအပြုအမူကို ရှောင်ကြဉ်သင့်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးမယ့် ဗဟုသုတရစရာ ယခုစာစောင်လေးကို တခြားသူ တွေကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။