လက်ကောက်ခိုးယူတဲ့ တရားခံဘယ်သူလဲ။

ပူပြင်းတဲ့နွေညနေခင်းတစ်ခုမှာ ရဲစုံထောက်အရာရှိတစ်ယောက်ဟာ မြစ်ကမ်းတလျှောက် လေညင်းခံရင်း လမ်းလျှောက်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ မိန်းကလေးတစ်ယောက် ငိုနေတာကို တွေ့လိုက်ပါတယ်။

“ ဘာဖြစ်တာလဲ မိန်းကလေး။ စိတ်အေးအေးထားပြီး ဘာဖြစ်တာလဲဆိုတာ ကျုပ်ကို ပြောပြ ပါ” လို့ ရဲအရာရှိက ချော့မော့မေးလိုက်တယ်။

        မိန်းကလေးက ရှိုက်သံဗလုံးဗထွေးနဲ့ “ ရဲအရာရှိမင်းရယ်… ကျွန်မမှာ အင်မတန်မြတ်နိုးတဲ့ လက်ကောက်လေးတစ်ကွင်းရှိပါတယ်။ ကျွန်မက ဒီနေရာလေးမှာ နေ့တိုင်းနေပူဆာလာလှုံပါတယ်။ ဒီနေ့လည်း လက်ကောက်လေးကို စာအုပ်ပေါ်ချွတ်တင်ပြီး နေပူဆာလှုံနေရင်းနဲ့ ရုတ်တရက်အိပ်ပျော် သွားမိတယ်။ နိုးလာတော့ ကျွန်မလက်ကောက်က မရှိတော့ဘူးရှင်” လို့ ဝမ်းပန်းတနည်းပြန်ဖြေတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရဲအရာရှိမင်းက သေချာစဉ်းစားကြည့်တယ်။ မိန်းကလေးထိုင်နေတဲ့ဝန်းကျင်တဝိုက်က သဲပြင် ပေါ်မှာလည်း ခြေရာတွေလုံးဝမရှိဘူး။ အနီးအပါးဝန်းကျင်မှာလည်း လူမရှိဘူး။ ဒါကိုကြည့်ခြင်းအား ဖြင့် လက်ကောက်ကိုခိုးယူသွားတဲ့လူဟာ ကမ်းခြေကို ပုံမှန်လာနေကျ အထာသိပြီးသား လူတစ် ယောက်ပဲဖြစ်လိမ့်မယ်။ ပြီးတော့ သဲပေါ်ခြေရာထင်အောင်ဖြတ်သန်းစရာမလိုဘဲ လက်ကောက်ကို ရယူနိုင်တဲ့ ပစ္စည်းတစ်ခုလည်း သူ့မှာ ရှိလိမ့်မယ်။ ကမ်းခြေကိုလည်း ပုံမှန်လာနေကျဆိုတော့….။ စစ်ဆေးနေတုန်းမှာပဲ ရဲအရာရှိနောက်မှာ လူတွေလည်း ဝိုင်းအုံလာကြတယ်။ အဲ့ဒီလူတွေထဲမှာ ရေကူးနေတဲ့သူ၊ငါးမျှားချိတ်ကိုင်ထားတဲ့လူ၊ ကမ်းခြေမှာ လာကစားကြတဲ့သူတွေလည်း ပါတယ်။ အားလုံးကိုကြည့်ပြီးတော့ တရားခံကို ရဲအရာရှိမင်း သိသွားပါတယ်။

ကဲ… စာချစ်သူတို့ကော လက်ကောက်ခိုးယူတဲ့တရားခံဟာ ဘယ်သူလို့ထင်ပါသလဲ။

ပဟေဠိဝါသနာပါတဲ့ သူငယ်ချင်းတွေကိုလည်း mention ခေါ်ပေးလိုက်ပါဦးနော်။