သူတစ်ပါးဆီက အမှန်တရားကိုလိုချင်ရင် ကိုယ့်ဘက်က အရင်မှန်အောင်နေပါ။

blank

မုန့်ဖုတ်သမားတစ်ယောက်ဟာ လယ်သမားတစ်ယောက်ဆီက ထောပတ်တစ်ပေါင်ဝယ်လိုက် ပါတယ်။ ဝယ်လိုက်တဲ့ထောပတ်ကို အိမ်မှာပြန်ချိန်တွယ်ကြည့်တဲ့အခါ တစ်ပေါင်မပြည့်တာကို တွေ့ လိုက်ရတဲ့အတွက် မုန့်ဖုတ်သမားဟာ ဒေါပွသွားပါတယ်။ ဒါနဲ့ အလေးခိုးတဲ့လယ်သမားကို တရားစွဲပါ တော့တယ်။

တရားရုံးကိုရောက်တဲ့အခါ တရားသူကြီးက လယ်သမားကို “ထောပတ်ကိုချိန်တွယ်ခဲ့တုန်းက ဘယ်အချိန်အတွယ်ကို သင်အသုံးပြုခဲ့တာလဲ” လို့ မေးတယ်။ လယ်သမားက ရိုးသားစွာနဲ့ “ ရိုးရိုးသား သားပြောရရင် ကျွန်တော့်မှာ အချိန်အတွယ်တစ်ခုမှ မရှိပါဘူးခင်ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာ တိုင်းတာ တဲ့အရာတစ်ခုတော့ရှိပါတယ်” လို့ ပြန်ဖြေတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ဘာနဲ့တိုင်းတာတာလဲ” လို့ တရားသူကြီးက ထပ်မေးတယ်။

အဲ့ဒီအခါ လယ်သမားက အောက်ပါအတိုင်း ရှင်းပြလိုက်ပါတယ်။

“ ဒီလိုပါ ခင်ဗျာ။ တရားသူကြီးရဲ့လက်ရှိအမှုသည်ဖြစ်တဲ့ မုန့်ဖုတ်သမားဟာ ကျွန်တော့်ဆီက ထောပတ်မဝယ်ခင် သူ့ဆီကနေ နေ့စဉ်ပေါင်မုန့်တစ်ပေါင်ကို ကျွန်တော်အမြဲတမ်းဝယ်ခဲ့ပါတယ်။ ဒါ ကြောင့် အခု သူကျွန်တော့်ဆီက ထောပတ်ဝယ်တဲ့အခါ သူ့ဆီကဝယ်တဲ့ ပေါင်မုန့်နဲ့ပြန်ချိန်တွယ်ပြီး ထောပတ်ကို ရောင်းပေးလိုက်တာပါ။ ကျွန်တော်ရောင်းလိုက်တဲ့ထောပတ်က တစ်ပေါင်မပြည့်ဘူး ဆိုရင် ဒါဟာ သူ့ပေါင်မုန့်ကလည်း တစ်ပေါင်မပြည့်လို့ဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့် အပြစ်ရှိစတမ်းဆိုရင် ကျွန်တော့်ကို ပေါင်မုန့် တစ်ပေါင်မပြည့်ဘဲ အလေးခိုးပြီး စရောင်းခဲ့တဲ့ မုန့်ဖုတ်သမားကသာ တရားခံအစစ်ပါခင်ဗျာ” တဲ့။

ကဲ… ဒီဇာတ်လမ်းလေးဖတ်ပြီး သင်တစ်ခုခုရလိုက်တယ်ဆိုရင် comment box မှာ ရေးခဲ့ ပါဦးနော်။