သက်ရှည်ကျန်းမာနုပျိုဖို့ ပျော်ပျော်ပါးပါး ကခုန်စို့

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးထဲမှာ အကဝါသနာရှင်လေးတွေ ပါသလား။ အခုမှစပြီး ကခုန်ခြင်းပညာရပ်ကို လိုက်စားမယ့်သူတွေရော ရှိလား။ Dancer တွေပဲဖြစ်ဖြစ်၊ လုံးဝ မကဖူးတဲ့သူတွေပဲဖြစ်ဖြစ် ကခုန်ခြင်းကို အားကစားတစ်ရပ်လိုသတ်မှတ်ပြီး လိုက်စားပါ။ ဘာလို့လဲဆိုတော့ ကခုန်ခြင်းကြောင့် အောက်ပါအကျိုးကျေးဇူးတွေ ရနိုင်တယ်လေ။

၁။ စည်းကမ်းတကျ လုပ်ဆောင်တတ်လာတယ်။

ကနေတဲ့အချိန်မှာ စည်းချက်မှန်ဖို့၊ အများနဲ့ ညီညွတ်ဖို့၊ ပုံစံမှန်ဖို့ ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ်ပြီး ထိန်းသိမ်းရပါတယ်။ ဒီအကျင့်လေးကနေတဆင့် စည်းကမ်းလိုက်နာတတ်တဲ့ အကျင့်လေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ ပတ်ဝန်းကျင်လေ့လာမှုအားကောင်းလာတယ်။

ကခုန်နေတဲ့အချိန်မှာ ကိုယ့်ဘေးနားက ကဖော်ကဖက်တွေနဲ့ ကကွက်ညီနေရဲ့လား၊ ကကွက်တွေလွဲနေလားဆိုတာကို ခေါင်းမလှည့်ဘဲ ကြည့်ရပါတယ်။ အဲဒီလိုကြည့်ရတဲ့အတွက် ပတ်ဝန်းကျင်ကို အချိန်တိုလေးအတွင်းမှာ အကဲခတ်လေ့လာနိုင်တဲ့ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်လာနိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်။

Dancer တွေကို ကြည့်လိုက်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အသွင် ထင်ဟပ်နေပါတယ်။ ကကွက်အသစ်အဆန်းတွေ၊ လှပတဲ့ ကိုယ်ဟန်တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးပွားလာရခြင်းလည်း ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဉာဏ်ရည်ထက်မြက်လာစေတယ်။

ကခုန်နေတဲ့အချိန်မှာ နှလုံးကနေ ဦးနှောက်ကို သွေးများများပို့ပေးနိုင်တာကြောင့် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကခုန်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သီချင်းလိုက်ဆိုခြင်း၊ နံပါတ်စဉ်ရေတွက်ခြင်းတွေကို တစ်ချိန်တည်းမှာ လုပ်ရတာကြောင့် ဦးနှောက်ကို လေ့ကျင့်ပေးသလို ဖြစ်စေပြီး ဉာဏ်ရည်ထက်မြက်စေနိုင်ပါတယ်။

၅။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတယ်။

ကခုန်နေတဲ့အချိန်မှာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ အန်ဒေါ်ဖင် (endorphin) ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး စိတ်ကို လန်းဆန်းပျော်ရွှင်စေပါတယ်။

၆။ ကြွက်သားတွေကို သန်မာစေတယ်။

ကခုန်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် ကြွက်သားနဲ့ ဦးနှောက်ကို ဆက်သွယ်ပေးတဲ့ အာရုံကြောတွေ အားကောင်းလာပြီး ကြွက်သားတွေကို ပိုမို သန်မာစေနိုင်ပါတယ်။

ဒါကြောင့် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ ကျားမ မရွေး ကခုန်ကြဖို့၊ ကခုန်ခြင်းကို အားကစားတစ်ခုလိုသတ်မှတ်ပြီး လေ့လာလိုက်စားဖို့ တိုက်တွန်းလိုက်ပါတယ်။ ကခုန်ခြင်းဟာ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ဆက်သွယ်ပေးနိုင်တဲ့ အပြုအမူတစ်ရပ်ပဲ မဟုတ်လား။

ကခုန်ခြင်းကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။