မလိုသူတွေရဲ့ပြစ်တင်ဝေဖန်မှုဆိုတာ ဘဝတိုးတက်လမ်းအတွက် အမှိုက်ပါ

blank

           မလိုသူရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် အိပ်မပျော်နိုင်အောင် စိတ်ထဲမှာ တနုံ့နုံ့ဖြစ်နေလား။ သင့်ကိုယ်သင် သူထင်သလို တကယ်ပဲ အသုံးမကျသူအဖြစ် တွေးထင်အားငယ်နေမိသလား။ တ ကယ်တော့ မလိုသူတွေရဲ့ပြစ်တင်ဝေဖန်မှုတွေဆိုတာ ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေအတွက် တော့ ဘဝတိုးတက်လမ်းပေါ်က အမှိုက်စတွေပါပဲ။ အဲ့ဒီအမှိုက်စလေးတွေကို ဘယ်လိုဖယ်ရှားကြ မလဲ။ ဖယ်ရှားသင့်သလဲဆိုတဲ့ အကြံပြုချက်ကောင်းလေးတွေကို ဂန္ထဝင်မှ မျှဝေလိုက်ပါတယ်နော်။

၁။ သဘောထားကြီးလိုက်ပါ။

စိတ်နေပြည့်ဝသူက စိတ်ကူးစိတ်သန်းတွေအကြောင်း ပြောတယ်။ သာမန်လူက အဖြစ်အပျက် အကြောင်း ပြောတယ်။ စိတ်ထားသေးသိမ်တဲ့လူကတော့ လူတွေရဲ့အတင်းကို ပြောပါတယ်။ မလိုသူ တျွေက သင့်အကြောင်းပြောတယ်ဆိုတာ သူတို့ဘဝမှာ ဘာကြိုးစားမှုမှမရှိဘဲ အချိန်တွေပိုနေလို့ပါ။ ဒါ ကြောင့် သဘောထားကြီးစွာနဲ့ ဥပက္ခာပြုလိုက်ပါ။

၂။ မကောင်းမြင်စိတ်ဆိုတာ သူတို့ရဲ့မပြည့်ဝတဲ့စိတ်အခံကြောင့် ဖြစ်ပေါ်လာတာကို နားလည်ပါ။

တခြားသူကိုပဲ ဂရုစိုက်နေတဲ့သူတွေဆိုတာ များသောအားဖြင့် သူတို့ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတဲ့သူတွေ၊ ဘဝအဓိပ္ပာယ်မဲ့နေတဲ့သူ တွေ၊ အလုပ်မရှိတဲ့သူတွေပါ။ သူတပါးရဲ့ အသိအမှတ်ပြုမှုကို လိုချင်လို့ ပြစ်တင်ဝေဖန်တိုက်ခိုက်နေ ကြတာမို့ သူတို့ကို နားလည်ပေးလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူတို့အမြင်က သင့်ရဲ့တကယ့်ဘဝမဟုတ်တာကို လက်ခံပါ။

မလိုသူတွေကတော့ သင့်ဘဝမှာဘာဖြစ်သင့်တယ်၊ ဘာလုပ်ရမယ်ဆိုတာမျိုး အမြဲပြစ်တင် ဝေဖန်နေကြမှာပါပဲ။ ဒါပေမဲ့ သူတို့ထင်တိုင်း သင်က တကယ်ဖြစ်နေတာ မဟုတ်ပါဘူး။ သင့်ဘဝက သင်လျှောက်လှမ်းတဲ့အပေါ်မှာပဲ မူတည်နေတဲ့အတွက် သူတို့ရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဘေးဖယ် ထားလိုက်ပါ။

၎။ သင့်အလုပ်သင်လုပ်ပါ။

တခြားသူက သင့်အပေါ် ပြစ်တင်ဝေဖန်တဲ့စကားဆိုတာ တကယ်တော့ သူတို့ဘယ်သူဆိုတာ ဖော်ပြနေကြတာပါ။ သူတို့သာစိတ်ရင်းမှန်ရင် သင့်အပေါ်ရိုးသားမှန်ကန်စွာဆက်ဆံမှာပါ။ သူတို့ စိတ် ရင်းက မမှန်ဘူးဆိုရင် သင့်အပေါ်လည်း အဆိုးတွေအမြဲမြင်နေမှာပါပဲ။ ဒါကြောင့် သင့်အလုပ်ကိုပဲ မှန် မှန်လုပ်လိုက်ပါ။

၅။ လူတွေဟာ တစ်ဖက်သားအပေါ် သူတို့မြင်ချင်သလို မြင်ကြတယ်ဆိုတာကို သဘောပေါက်ပါ။

သင်ဘယ်လိုကောင်းအောင်နေတယ်၊ ဘာတွေကြိုးစားနေတယ်ဆိုတာ အရေးမကြီးပါဘူး။ လူ တိုင်းရဲ့အကြိုက်ဖြစ်အောင်လည်း ဘယ်သူမှမစွမ်းဆောင်နိုင်ပါဘူး။ သင့်အပေါ် အမြင်မကြည်လင်နေ တဲ့သူဆိုတာ သင်ဘယ်လိုနေနေ ပြဿနာရှာနေမှာပါပဲ။ ဒါကြောင့် သူတို့ရဲ့ပြစ်တင်ဝေဖန်မှုတွေကို ခံ စားအချိန်ဖြုန်းနေမယ့်အစား သင်ဖြစ်ချင်တာတွေအတွက်သာ သင့်အချိန်တွေကို ထိုက်တန်စွာပေး လိုက်ပါ။

၆။ သင့်ကိုယ်သင်အမြင်က တခြားသူရဲ့အမြင်ထက် ပိုအရေးကြီးတာကို သိပါ။

လောကကြီးမှာ အရေးကြီးဆုံးက သင့်ကိုယ်သင် ယုံကြည်မှု၊ လေးစားမှုရှိဖို့ပါပဲ။ ဒါကြောင့် တခြားသူရဲ့အဆိုးမြင်စိတ်တွေနဲ့ သင့်ဘဝတက်လမ်းကို နှောင့်နှေးမခံဘဲ သင် ယုံကြည်ရာကို တည် ဆောက်ပါ။ သင်ဖြစ်ချင်တဲ့ဘဝကို သတ္တိရှိရှိဖန်တီးလိုက်ပါ။ အမှိုက်တွေကို ဖယ်ရှားပြီး ဘဝရဲ့ အမြင့် ဆုံးကိုလျှောက်လှမ်းသွားလိုက်ပါ။

စိတ်ဓာတ်ခွန်အားတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။