လောကမှာ ဉာဏ်ကြီးသူသာလျှင် အားသာစမြဲ

blank

ရွာလေးတစ်ရွာမှာ အကြွေးတွေနဲ့နစ်နေရှာတဲ့ သနားစရာလယ်သမားတစ်ယောက်ရှိပါတယ်။ သူ့ကို မတန်တဆအတိုးတွေနဲ့ ချေးငွေထုတ်ပေးတဲ့ ငွေရှင်ဟာ အသက်ကြီးပြီး ရုပ်ဆိုးသလောက် လယ်သမားရဲ့သမီးချောလေးကို မျက်စိကျနေခဲ့တယ်။ ဒါကြောင့် အဲ့ဒီမိန်းကလေးနဲ့သာ လက်ဆက် ခွင့်ပြုရင် လယ်သမားကြီးရဲ့အကြွေးတွေကိုလျှော်ပေးမယ်လို့ ကမ်းလှမ်းပါတယ်။

အဲ့ဒီကမ်းလှမ်းချက်ကြောင့် လယ်သမားကြီးတို့သားအဖဟာ ထိတ်လန့်သွားကြတယ်။ ငွေရှင် က သူတို့သားအဖအတွက် ရွေးချယ်စရာအခြေအနေတစ်ခုကို ပေးပါတယ်။ ငွေရှင်က အိတ်တစ်လုံး ထဲကို အဖြူရောင်ကျောက်တုံးတစ်တုံးနဲ့ အနက်ရောင်ကျောက်တုံးတစ်တုံးကို ထည့်ထားမယ်။ ပြီးရင် မိန်းကလေးအနေနဲ့ အိတ်ထဲကိုမကြည့်ဘဲ ကျောက်တုံးတစ်တုံးကို နှိုက်ထုတ်ရမယ်။ အနက်ရောင် ကျောက်တုံးကို ယူမိရင် ငွေရှင်ကို လက်ထပ်ရမယ်။ လယ်သမားကြီးရဲ့ အကြွေးတွေကိုလည်း ဆပ် စရာမလိုတော့ပါဘူး။ တကယ်လို့ အဖြူရောင်ကျောက်တုံးကိုသာ ကောက်ယူမိတယ်ဆိုရင် ငွေရှင်ကို လက်ထပ်စရာမလိုပါဘူး။ အကြွေးတွေကိုလည်း ပြန်ဆပ်စရာမလိုတော့ပါဘူး။ ကျောက်တုံးတစ်တုံးမှ မယူဘူးဆိုရင်တော့ လယ်သမားကြီးကို ထောင်ထဲပို့ရလိမ့်မယ်လို့ ငွေရှင်က အကြပ်ကိုင်ပါတယ်။

ရွေးချယ်စရာမရှိတဲ့ သနားစရာလယ်သမားသားအဖဟာ ငွေရှင်ရဲ့ကမ်းလှမ်းချက်ကို လက်ခံ သဘောတူလိုက်ရတော့တယ်။ ဒါနဲ့ပဲ သူတို့သုံးယောက်ဟာ လယ်သမားရဲ့လယ်ကွင်းထဲက ကျောက် တုံးတွေကြားကို လျှောက်သွားလိုက်ကြတယ်။ ပြောထားတဲ့အတိုင်း ငွေရှင်ဟာ ကျောက်တုံးနှစ်တုံးကို ကောက်ယူပြီး ငွေအိတ်ထဲကို ထည့်လိုက်ပါတော့တယ်။ ဒါပေမဲ့ သူထည့်လိုက်တာဟာ အဖြူရောင်နဲ့ အနက်ရောင်မဟုတ်ဘဲ နှစ်ခုစလုံးအနက်ရောင်ဖြစ်နေတာကို မျက်စိလျင်တဲ့ လယ်သမားကြီးရဲ့သမီး က သတိထားမိလိုက်ပါတယ်။ ငွေရှင်သူဌေးဟာ ကောက်ကျစ်စွာနဲ့ပြုံးလိုက်ရင်း မိန်းကလေးကို ကျောက်ခဲတစ်တုံးနှိုက်ယူခိုင်းလိုက်ပါတယ်။    ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မိန်းကလေးဟာ တည်ငြိမ်စွာနဲ့ပဲ အိတ်ထဲကိုမကြည့်ဘဲနဲ့ ကျောက်တုံးတစ်တုံးကို စမ်းနှိုက် လိုက်တယ်။ ဒါပေမဲ့ အဲ့ဒီကျောက်တုံးက အပြင်ရောက်တာနဲ့ ချက်ချင်းပဲ အောက်ကိုလွတ်ကျသွား တယ်။  အောက်မှာလည်း ကျောက်တုံးတွေအများကြီးမို့ အများနဲ့ရောပြီး ဘာအရောင်နှိုက်မိမှန်း မသိဘဲ ဖြစ်သွားပါတယ်။

မိန်းကလေးဟာ ထိတ်ထိတ်ပျာပျာနဲ့…

“ အိုး… တောင်းပန်ပါတယ် သူဌေးမင်းရယ်။ ကျွန်မပေါ့လျော့သွားတာပါ။ ဒါပေမဲ့ စိတ်တော့ မပူပါနဲ့။ အထဲမှာကျန်ခဲ့တဲ့ နောက်ထပ်ကျောက်တုံးကိုကြည့်လိုက်ရင် ကျွန်မနှိုက်ယူလိုက်တဲ့ ကျောက် တုံးက ဘာအရောင်ဆိုတာ သိနိုင်ပါတယ်” လို့ ပြောလိုက်တယ်။ ငွေရှင်ဟာ သူ့ရဲ့မရိုးသားတဲ့ အပြု အမူအတွက် သူ့ဘာသာပြန်ငြင်းဆန်လို့မရဘဲ လက်ခံလိုက်ရပါတော့တယ်။

ထပ်မံနှိုက်ယူလိုက်တဲ့ကျောက်တုံးက အနက်ရောင်မို့ မိန်းကလေးဟာ ငွေရှင်နဲ့ လက်ထပ် စရာမလိုတော့ဘဲ လယ်သမားကြီးလည်း အကြွေးတွေနဲ့ကင်းလွတ်သွားပါတော့တယ်။

စာချစ်သူတို့ရေ… တကယ်တော့ မိန်းကလေးဟာ အလွန်အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်အောင် ဉာဏ်ပညာကို အသုံးပြုပြီး ရုန်းထွက်သွားတာဖြစ်ပါတယ်။ လူတွေရဲ့ ဘဝမှာ လည်း တစ်ခါတရံမှာ ထွက်ပေါက်မရှိတော့သလိုပြဿနာမျိုးတွေ မဖြစ်မနေကြုံဖူးကြပါတယ်။ အဲ့ဒီအ ချိန်ကျရင် ပုံစံခွက်ထဲကနေထွက်ပြီး မတူညီတဲ့နည်းလမ်းတွေ စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။ ဒါဆို ရင်တော့ ပြဿနာတိုင်းမှာ ဉာဏ်ပညာနဲ့ဖြေရှင်းနည်းတစ်ခုတော့ ရှိစမြဲဆိုတာတွေ့ရမှာပါနော်။

ဒီစာစောင်လေးဖတ်ပြီး တစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။