ပျော်ရွှင်မှုကို ပိတ်ထားတဲ့ “နိုး” ဆိုတဲ့ စကားလေးရဲ့ နောက်ကွယ်မှာ

blank

လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကျွန်မရဲ့ သမီးက ကျွန်မကိုမေးတယ်။ “မေမေသမီးရဲ့ ဆံပင်တွေကို ပန်းရောင်ဆိုးလို့ရမလား” တဲ့။ ကျွန်မက မဆိုင်းမတွဘဲ “နိုး… လုံးဝမရဘူး” လို့ဖြေခဲ့တယ်။

အဲဒီနှစ်နွေရာသီမှာပဲ သမီးတက်နေတဲ့သင်တန်းမှာ မီးလောင်ခဲ့ချိန်မှာ သမီးခန္ဓာကိုယ်ရဲ့ ၇ဝ% ရာခိုင်နှုန်းလောက် မီးလောင်ခံခဲ့ရတယ်။ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံကုတင်မှာလဲလျောင်းနေတဲ့ သမီးလေးကိုကြည့်ရင်း “သမီးလေးတစ်ခုခုဖြစ်သွားရင်” ဆိုတဲ့ စိတ်က ကျွန်မကိုဖိစီးနေခဲ့တယ်။ သမီးလေးသေလို့မဖြစ်ပါဘူး။ သူမသိပ်ဆိုးချင်တဲ့ ဆံပင်ပန်းရောင်ဆိုးခွင့်ပေးချင်သေးတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကံကောင်းထောက်မစွာနဲ့ပဲ လအနည်းငယ်အကြာမှာ သမီးလေးနေပြန်ကောင်းလာခဲ့တယ်။ ဆံပင်တွေရိတ်ထားရတဲ့သမီးလေးကို “ဆံပင်ရှည်လာရင် ပန်းရောင်ဆိုးမယ်နော်.. သမီး” လို့ ကျွန်မ ပြောလိုက်မိတယ်။ သမီးလေးက ကျွန်မကိုတင်းတင်းဖက်ရင်း မျက်ရည်တွေဝဲနေခဲ့တယ်။

ကျွန်မတို့ချစ်တဲ့သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖြည့်ဆည်းပေးဖို့ ငြင်းဆန်တတ်ကြတယ်။ တိုတောင်းလှတဲ့ဘဝမှာ ချစ်တဲ့သူတွေနဲ့ အချိန်မလောက်ကျန်သေးလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး ချစ်တဲ့သူတွေရဲ့ ဆန္ဒလေးတွေကို တားမြစ်ပိတ်ပင်မိတဲ့အခါ ဖြည့်ဆည်းပေးဖို့ နောက်ထပ်အခွင့်အရေးတွေရချင်မှ ရမှာပါ။ ဒါကြောင့်တိုတောင်းတဲ့ဘဝမှာ ချစ်တဲ့သူတွေရဲ့ ပျော်ရွှင်မှုတွေကို “နိုး” ဆိုတဲ့စကားလေးတွေနဲ့ ပိတ်ပင်ထားမယ့်အစား “သိပ်ရတာပေါ့” ဆိုတဲ့ စကားလေးတွေနဲ့ အစားထိုးလိုက်ရအောင်။