အကြီးဆုံးသားသမီးတွေက ပိုပြီးဉာဏ်ကောင်းကြပါတယ်။

blank

လေ့လာမှုအသစ်တစ်ခုအရ အကြီးဆုံးသားသမီးတွေရဲ့ IQ ဟာ အငယ်တွေထက် ပိုကောင်းကြတယ်လို့သိရပါတယ်။ ဘာဖြစ်လို့လဲ အကြီးဆုံးသားသမီးတွေဟာ အငယ်တွေကို သင်ကြားပြသရပါတယ်။ ပြီးတော့ အကြီးဆုံးသားသမီးတွေဟာ မိဘတွေရဲ့ အာရုံစိုက်မှုကို အရင်ဆုံးအအပြည့်အဝရရှိခဲ့ကြတယ်လေ။

ဒါကိုလေ့လာဖို့အတွက် လေ့လာသူတွေက မောင်နှမရင်းချာတွေရဲ့ ဉာဏ်ပညာကို လေ့လာခဲ့ပါတယ်။ သားသမီးနှစ်ယောက်တည်း ရှိတဲ့ မောင်နှမတွေတောင်မှ အကြီးဆုံးသားသမီးတွေဟာ အငယ်တွေထက် ဉာဏ်ရည်ဉာဏ်သွေး ၆ဝ% ရာခိုင်နှုန်းပိုကောင်းတယ်ဆိုတာ သိရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကလေးငယ်တစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးဆိုတာ မျိုးရိုးဗီဇထက် ကလေးတစ်ယောက်ဘယ်လိုပြုစုပျိုးထောင်ခံရလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။  အကြီးဆုံးသားသမီးတွေဟာ ဘဝရဲ့ ကနဦးအချိန်တွေမှာ  မိဘတွေရဲ့ အာရုံစိုက်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို တစ်ဦးတည်းရရှိတဲ့အတွက် ဦးနှောက်သွေးကြောတွေကောင်းစွာဖွံ့ဖြိုးဖို့ အခွင့်အရေးရရှိတယ်လို့ဆိုပါတယ်။ မိမိထက်ငယ်တဲ့သူတစ်ယောက်လောကထဲကို ရောက်လာပြန်တော့လည်း ရှေ့ဆောင်လမ်းပြအဖြစ် ကူညီပေးရင်း ပိုပြီးထက်မြက်ကြတယ်လို့သိရပါတယ်။

သင်ဟာ မောင်နှမတွေထဲမှာ အကြီးဆုံးဆိုရင် ဂုဏ်ယူစွာနဲ့ ဒီစာစောင်လေးကို SHARE ထားလိုက်ပါနော်။