၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၁၁-ရက်နေ့မှ ၁၇-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

နေအိမ်ကို ရပ်ဝေးဧည့်သည်တွေ လာတတ်တဲ့ ကာလဖြစ်ပါတယ်။ ငွေကုန်ကြေးကျများနေ တာကြောင့် အတန်ငယ်စိတ်မောရမယ်။ အိမ်ထောင်သည်များ လူမှုရေးကိစ္စတွေနဲ့ လုံးပန်းနေရမယ်။ စီးပွားရေးလုပ်ငန်းသစ် ချဲ့ထွင်ရမယ်။ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေမှာ အကျိုးမပေးသေးပါ။

ယတြာ။         ။ မွေးရက်မှာ မိဘတွေကို ငွေကြေးကန်တော့ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ 

သူတစ်ပါးဒုက္ခတွေကို ကူညီဖြေရှင်းပေးရင်း ကိုယ့်ကိုလည်း အမှုပတ်တတ်တဲ့ ကာလဖြစ်ပါ တယ်။ နေရာတကာမှာ ဝင်မပါပါနဲ့။ မလိုသူတွေကြောင့် စေတနာက ဝေဒနာဖြစ်တတ်ပါတယ်။ စီစဉ် ထားတဲ့ စီးပွားရေးခရီးသွားဖြစ်မယ်။ အောင်မြင်မှုတွေ ရရှိစေမယ့်ခရီးဖြစ်တာကြောင့် မသွားခင် ကြို တင်ပြီး သေချာပြင်ဆင်သင့်ပါတယ်။ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ သင့်အပေါ် အကောင်းဆုံးသူငယ်ချင်းကို လက်ဆောင်တစ်ခုခုဝယ်ပေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)     
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

မိသားစုနဲ့ အချစ်ရေးကြားမှာ ဗျာများနေရမယ့်ကာလဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါ မတုံ့ပြန်ဘဲ သေချာစဉ်းစားပြီး အကောင်းဆုံးကိုလုပ်ဆောင်ပါ။ မကြာခင်မှာ အရာရာအဆင်ပြေသွားမှာပါ။ စီးပွား ရေးမှာ စနေနံနဲ့စတာတွေ အကျိုးပေးမယ်။ ပူးပေါင်းဆောင်ရွက်မယ့်မိတ်ဆွေကောင်းတွေ တွေ့မယ်။ ငွေကြေးကံကောင်းတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုထဲ မင်္ဂလာသတင်းတွေဝင်လာမယ့် ပျော်စရာကာလဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က အကောင်းတွေစုနေမယ်။ ပညာရပ်အသစ်တွေသင်ယူခွင့် ကြုံမယ်။ သင့်အ တွက် ပိုကောင်းမယ့်ပညာရပ်ကို ရွေးချယ်သင်ယူလိုက်ပါ။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။
ယတြာ။         ။ အကူအညီလိုနေသူတစ်ဦးကို စိတ်ပါလက်ပါ ကူညီလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သွားချင်နေတဲ့ နိုင်ငံရပ်ခြားခရီးစဉ်ကို စရိတ်သက်သက်သာသာနဲ့ သွားခွင့်ကြုံမယ့်ကာလဖြစ် ပါတယ်။ မိတ်ဆွေကောင်းတွေနဲ့ ဆုံဆည်းရမယ်။ မိသားစုအကြီးအကဲတွေရဲ့ ကျန်းမာရေး ဂရုစိုက်ပါ။ ငွေရေးကြေးရေးကံ သင့်ပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo )  

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ကြန့်ကြာနေတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မယ့် ကာလဖြစ်ပါတယ်။ မြုပ်နေတဲ့ ငွေကြေး တွေ ပြန်ပေါ်လာမယ်။ တောင်းမရတဲ့ကြွေးဟောင်းတွေ မမျှော်လင့်ဘဲ ပြန်ရမယ်။ အလှူဒါနတွေ များ များပြုရမယ်။ ဆွေမျိုးထဲမှာ နာရေးပေါ်တတ်တယ်။ အချစ်ရေး သွေးအေးနေပါတယ်။

ယတြာ။         ။ စိတ်ညစ်နေသူတစ်ဦးကို ပျော်ရွှင်စေမယ့်အရာတစ်ခု ဖန်တီးပေးပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးမှာ စန်းအလွန်ပွင့်နေတဲ့ ကာလဖြစ်ပါတယ်။ ရွေးချယ်စရာတွေ များနေတာကြောင့် ဆုံးဖြတ်ချက်ချရခက်နေတတ်တယ်။ အထူးသဖြင့် မိန်းကလေးများအနေနဲ့ မှားယွင်းရွေးချယ်မိတတ် တာကြောင့် သတိပြုသင့်ပါတယ်။ ပညာရေးကံကောင်းနေတယ်။ လုပ်ငန်းခွင်ဝင်နေသူများ အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်ရမယ်။ အောင်မြင်မှုတွေဆောင်ကြဉ်းပေးမယ့် ခရီးဖြစ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ကျန်းမာရေးအတန်ငယ်ညံ့နေတဲ့ ကာလဖြစ်ပါတယ်။ ဂရုမစိုက်ရင် ဆေးရုံဆေးခန်းအထိ ရောက်တတ်ပါတယ်။ ရေချိုးသတိပြုပါ။ ငွေကြေးကံ အထူးကောင်းနေပါတယ်။ အမွေရတာ၊ ထီ ပေါက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နေအိမ်အသစ်ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ်ကြီးကြီးမားမား ဝင်ကိန်းရှိပါတယ်။

ယတြာ။         ။ နာမကျန်းနေသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ       

ဦးစားပေးစရာလေးတွေ များနေလို့ အတန်ငယ်စိတ်ရှုပ်စရာဖြစ်နေတဲ့ ကာလဖြစ်ပါတယ်။ ဆုံး ဖြတ်ချက်တွေချဖို့ မလောပါနဲ့။ သေချာအချိန်ယူပါ။ ဘဝအတွက် အရေးကြီးတာတွေကို လူကြီးမိဘ တွေနဲ့တိုင်ပင်အကြံဉာဏ်ယူပါ။ အပေါ်ယံကောင်းချင်ဟန်ဆောင်ပြီး နောက်ကျောကို ဓားနဲ့ထိုးတတ် တဲ့သူငယ်ချင်းတွေနဲ့ ဆုံတတ်တယ်။ သတိထားပါ။

ယတြာ။         ။ ခိုတွေကို ပေါင်မုန့်ကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ တစ်လှည့်စီဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ အခက်အခဲတွေ၊ အ ဆင်မပြေမှုတွေကြုံရင် အကြာကြီးပူဆွေးမနေပါနဲ့။ မျှော်လင့်မထားတဲ့ ပျော်ရွှင်မှုတွေက တစ်လှည့် ပြန်ရောက်လာမှာပါ။ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပါ။ သင်ချစ်တဲ့သူတွေကို အချိန်ပိုပေးနိုင်အောင် ကြိုးစားပါ။ စစ်မှန်တဲ့မေတ္တာတရားတွေက သင့်ကြိုးစားမှုတွေကို အထောက်အပံ့ပြန်ရစေမှာပါ။ ထီထိုး ပါ။

ယတြာ။         ။ သက်ကြီးဘိုးဘွားတွေကို တတ်နိုင်သလောက် ငွေကြေးလှူဒါန်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )    

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

သူတစ်ပါးအပေါ် ထားရှိခဲ့တဲ့ စေတနာတွေ ရောင်ပြန်ဟပ်ပြီး ကောင်းကျိုးခံစားရမယ့် ကာ လဖြစ်ပါတယ်။ အနုပညာရှင်များ လက်တွဲခေါ်ကူညီမယ့်သူတွေတွေ့မယ်။ အခွင့်အလမ်းကောင်းတွေ ပေါ်မယ်။ ကြိုးစားသလောက် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိမယ့်အချိန်ပါ။ ဝါသနာပါတဲ့ အလုပ်တွေအတွက် အချိန်ပိုပေးပြီး ကြိုးစားသင့်ပါတယ်။

ယတြာ။         ။ လမ်းဘေးက ဒုက္ခိတခွေးလေးတွေကို အစားအစာအာဟာရဒါနပြုပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

တစ်ဖက်သတ်အထင်လွဲခံရတတ်တဲ့ ကာလဖြစ်ပါတယ်။ အသွားအလာ၊ အနေအထိုင်၊ အပြော အဆို ဆင်ခြင်သတိရှိပါ။ ခရီးယာယီရှိတယ်။ ဆွေမျိုးဟောင်းတွေနဲ့ ပြန်ဆုံနိုင်တဲ့ ခရီးဖြစ်ပါတယ်။ မနိုင်တဲ့ဝန်တွေမထမ်းဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ရှေ့ဆက်သင့်တဲ့အချိန်ပါ။ ဖြစ်သင့်တာတွေကို ကြိုးစားတာ သင့်အတွက် ပိုအောင်မြင်စေမှာပါ။ ငွေကြေးကံ ကောင်းနေပါတယ်။

ယတြာ။         ။ နံနက်စောစောမှာ အရပ်ရှစ်မျက်နှာကို မေတ္တာပို့ပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။