သူတို့တွေ ဘာကြောင့် အောင်မြင်တိုးတက်နေကြတာလဲ။

blank

အောင်မြင်နေသူတွေမှာ အမြဲလိုလို ရှိတတ်တဲ့အကျင့်က သူတို့ရဲ့အချိန်ကို အလဟဿဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေကို ခွဲခြားသတ်မှတ်ထားတတ်ကြတဲ့ အကျင့်ပါပဲ။ ကျွန်မတို့တွေအားလုံးဟာ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အောင်မြင်မှုဆီလှမ်းတဲ့ခြေလှမ်းတွေကို မသွက်စေဘဲ ခြေရာတွေပိုနက်လာစေတဲ့ အချိန်ဖြုန်းတဲ့အလုပ်တွေကို လုပ်မိနေတတ်ကြတယ်။ ပိုဆိုးတာကတော့ ကိုယ်အချိန်ဖြုန်းမိနေတဲ့ ကိစ္စကို ကိုယ်တိုင်သတိမထားမိဘဲ အများက ထောက်ပြမှ သိရခြင်းပါပဲ။

တစ်ရက်ချင်းစီ၊ တစ်နာရီချင်းစီမှာ ကျွန်မတို့ အချိန်ကို ဘယ်လိုအသုံးချသလဲဆိုတာကို ဆန်းစစ်နိုင်ဖို့လိုအပ်သလို အချိန်မဖြုန်းမိစေဖို့အတွက်လည်း နည်းလမ်းကောင်းတွေကို ရှာဖွေနေသင့်ပါတယ်။ ဒီတော့ ကျွန်မတို့ ကမ္ဘာတစ်လွှားက အောင်မြင်နေတဲ့လူတွေဘယ်တော့မှ မလုပ်ကြတဲ့ အချိန်ဖြုန်းတဲ့ကိစ္စတွေကို လေ့လာကြည့်လိုက်ရအောင်။

ကမ္ဘာတစ်လွှားက အောင်မြင်နေတဲ့သူတွေက-

၁။ Social Media တွေကို အချိန်အများကြီးပေးပြီး စွဲစွဲလမ်းလမ်း မသုံးကြဘူး။

၂။ အစီအစဉ်စနစ်တကျမဆွဲဘဲ ပြီးစလွယ်အလုပ်လုပ်တဲ့အကျင့် မရှိကြဘူး။

၃။ ခံစားချက်တွေကို ရှေ့တန်းတင်တဲ့လုပ်ရပ်တွေ မလုပ်ကြဘူး။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သူတို့မထိန်းချုပ်နိုင်တဲ့ ကိစ္စရပ်တွေအတွက် စိုးရိမ်ပူပန်နေတာမျိုး မရှိကြဘူး။

၅။ အဆိုးမြင်တတ်တဲ့လူတွေနဲ့ ပတ်သက်ဆက်နွှယ်တာမျိုး မလုပ်ကြဘူး။

၆။ အတိတ်ကအမှားတွေကို ပြန်လည်သတိရပြီး ဝမ်းနည်းတွေဝေနေတာမျိုး မရှိကြဘူး။

၇။ တခြားလူတွေ ဘာလုပ်နေလဲဆိုတာကို အချိန်ကုန်ခံပြီး စပ်စုတာမျိုးတွေ မလုပ်ကြဘူး။

၈။ ကိုယ့်ကိုယ်ကို ဦးစားမပေးဘဲ သူတစ်ပါးကို ဦးစားပေးလွန်းတာမျိုး မလုပ်ကြဘူး။

ကဲ… ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ သင်ရော သူတို့မလုပ်တဲ့ အလုပ်တွေလုပ်ပြီး အချိန်တွေ ဖြုန်းမိနေပြီလား။ ဒါဆိုရင်တော့ ဒီလိုအချိန်ဖြုန်းမိတဲ့လုပ်ရပ်လေးတွေကို ရှောင်ကြဉ်ပြီး အောင်မြင်မှုကို မြန်မြန်ဆွတ်ခူးရယူဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

ဒီလိုလုပ်ရပ်လေးတွေကို မလုပ်မိအောင် SHARE ပြီး မှတ်ထားဖို့လည်း မမေ့နဲ့နော်။