တိုတောင်းတဲ့ဘဝမှာ အကျိုးရှိရှိနေထိုင်သွားနိုင်စေမယ့် ဘဝအတွေးအမြင်လေးများ

blank

၁။ ဘဝက တရားမမျှတပါဘူး။ ဒါပေမဲ့ အဲ့ဒါကိုက ဘဝရဲ့အဓိပ္ပာယ်ပါ။

၂။ တစ်ခုခုကို သံသယဝင်နေတဲ့အခါ ချက်ချင်းမလုပ်သေးဘဲ နည်းနည်းအချိန်ယူလိုက်ပါ။

၃။ ဘဝဆိုတာ သူတစ်ပါးကို မုန်းတီးဖို့အချိန်မရှိလောက်အောင် တိုလွန်းတာ သတိရပါ။

၎။ သင့်ကိုယ်သင် ဦးစားပေးလွန်းတာလျှော့ပါ။ ဘယ်သူမှ သင့်ကို အဲ့ဒီလို မလုပ်ပေးနိုင်တာသိပါ။

၅။ အခွန်မှန်မှန်ဆောင်ပါ။

၉။ အငြင်းပွားမှုတိုင်းမှာ သင်ပဲအမြဲအနိုင်ရချင်လို့ မဖြစ်နိုင်ပါဘူး။ သဘောမတူညီမှုကို လက်ခံပါ။

၇။  အဖော်နဲ့အတူငိုပါ။ တစ်ယောက်တည်းငိုတာထက် အငိုတိတ်လွယ်မှာပါ။

၈။ ခြေတစ်လှမ်းနောက်ဆုတ်တိုင်း အရှုံးပေးတာမဟုတ်ပါဘူး။ အများကြီးလှမ်းဖို့ အားယူတာပါ။

၉။ မရေရာမှုတွေကို စောင့်ဆိုင်းနေတဲ့အခါ ရေရာမှုတွေက သင့်ဆီက ထွက်ခွာသွားမှာပါ။

၁ဝ။ သင့်ပစ္စုပ္ပန်ကိုလည်း နှိပ်စက်ရာမကျဖို့အတွက်  သင့်အတိတ်ကို လက်ခံပါ။

၁၁။ သင့်သားသမီးတွေကို သင့်ခံစားချက်တွေ သိမြင်ခွင့်ပြုပါ။

၁၁။ သင့်ဘဝကို တခြားသူတွေရဲ့ဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့။  ထပ်တူကျတဲ့ဘဝဆိုတာ မရှိတာသိပါ။

၁၂။ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ လျှို့ဝှက်ချက်တွေရှိနေရင် အဲ့ဒီဆက်ဆံရေးထဲ ရုန်းထွက် လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၃။ ဘဝဆိုတာ စိတ်ခံစားမှုကိုပဲ ဦးစားပေးနေရအောင် အချိန်မရှိပါဘူး။ နေဖို့နဲ့ သေဖို့အတွက် သာ အလုပ်ရှုပ်လိုက်ပါ။

၁၄။ သင့်တစ်နေ့တာရဲ့အဆိုးအကောင်းဆိုတာ သင်ပြုမူတဲ့အရာတွေက ဆုံးဖြတ်သွားတာပါ။

၁၅။ စာရေးဆရာက စာရေးတယ်။ သင့်မှာလည်း ဖြစ်ချင်တဲ့ရည်မှန်းချက်ရှိရင် ရည်မှန်းချက် အတွက် အလုပ်လုပ်ပါ။

၁၆။ ပျော်စရာကလေးဘဝကို ပြန်ရဖို့  ဘယ်တော့မှနောက်မကျပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကလေးကလည်း သင်ပဲမို့ပါ။

၁၇။ အပူအပင်ကင်းကင်းနေချင်တယ်ဆိုရင် မမေးဘဲနဲ့ မဖြေမိအောင် ဂရုစိုက်ပါ။

၁၈။ ကောင်းကောင်းနေပါ။ ကောင်းကောင်းစားပါ။ အဲ့ဒီလိုနေဖို့စားဖို့ ကြုံကြိုက်မယ့်အချိန်ကို စောင့်မ နေပါနဲ့။ ဒီနေ့ကလည်း သင့်အတွက် အထူးနေ့ပါ။

၁၉။ ပြင်လွန်းတာက ပိုရုပ်ဆိုးသွားစေနိုင်တာ သတိရပါ။

၂ဝ။ အသက်ကြီးတဲ့အထိ အချိန်စောင့်မနေပါနဲ့။ လုပ်ချင်တာတွေကို ချက်ချင်းလုပ်ပါ။

၂၁။ ဘဝမှာ အရေးကြီးဆုံးက ဦးနှောက်သုံးပြီး စဉ်းစားတွေးခေါ်တတ်မှုပါ။

၂၂။ သင့်ပျော်ရွှင်မှုအတွက် တခြားသူဖြည့်ဆည်းပေးမယ့်အချိန်ကို စောင့်တာက အချိန်ဖြုန်း နေတာပါ။

၂၃။ ဘဝမှာ စည်းကမ်းရှိပါ။ ဒါပေမဲ့ အသက်ရှူကြပ်စေမယ့် ဘောင်တွေကို ဝေးဝေးရှောင်ပါ။

၂၄။ အရာရာတိုင်းအတွက် လူတိုင်းကို ခွင့်လွှတ်ပါ။

၂၅။ လူတွေက သင့်အကြောင်းဘယ်လိုတွေးတွေး အဲ့ဒါ သင့်အလုပ်မဟုတ်တာ သိပါ။

၂၆။ အချိန်က အရာရာတိုင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။ အချိန်အတွက် အချိန် ပေးလိုက်ပါ။

၂၇။ အဆိုးအကောင်းဆိုတာ အမြဲဒွန်တွဲနေတာဖြစ်တဲ့အတွက် ဖြစ်လာသမျှကို လက်ခံရင်ဆိုင် တတ်တဲ့ စိတ်မွေးပါ။

၂၈။ သင်ဖျားနာနေတဲ့အခါ သင့်အလုပ်က သင့်ကို ပြုစုမှာမဟုတ်ပါဘူး။ သင့်မိသားစုနဲ့ သူငယ် ချင်းတွေကသာ ပြုစုမှာပါ။ ဒါကြောင့် သူတို့နဲ့ ချစ်ချစ်ခင်ခင်နေပါ။

၂၉။ သင်မကြားဖူးသေးတဲ့ အံ့သြစရာအဖြစ်တွေ လောကမှာ အများကြီးဆိုတာ ယုံကြည်ပါ။

၃ဝ။ သင့်ကိုယ်သင် ကြံ့ခိုင်အောင်တည်ဆောက်ထားရင် ဘယ်အရာကမှ သင့်ကိုမဖြိုလှဲပစ်နိုင် တာ ယုံကြည်ပါ။

၃၁။ အသက်နဲ့အတူ မကြီးပြင်းပါနဲ့။ ရင့်ကျက်မှုနဲ့အတူ ကြီးပြင်းပါ။

၃၂။ သင့်ကလေးတွေမှာ ကလေးဘဝကို တစ်ကြိမ်ပဲပိုင်ဆိုင်ခွင့်ရတာပါ။ သူတို့အတွက် အမှတ် တရလေးတွေပြုလုပ်ပေးပါ။

၃၃။ လောကကြီးရဲ့နေရာတိုင်းမှာ အံ့သြစရာတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ဒါကြောင့် အပြင်ထွက်ပါ။

၃၄။ ရှုပ်နေတဲ့ပြဿနာကို မရှင်းဘဲ လွှင့်မပစ်ပါနဲ့။ ပိုဆိုးတဲ့ပြဿနာတွေ ရောက်လာမှာပါ။

၃၅။ ဘဝကို စာရင်းမစစ်ပါနဲ့။ လက်တွေ့အချိန်ကိုပဲ မှန်ကန်တိကျစွာ ကျော်ဖြတ်သွားပါ။

၃၆။ ဘဝထဲက အသုံးမဝင်တဲ့၊ မလှပတဲ့၊ ပျော်စရာမရှိတဲ့အရာတွေကို ဖယ်ထုတ်လိုက်ပါ။

၃၇။ မှန်ကန်တဲ့အရာတိုင်းရဲ့အဆုံးသတ်မှာ သင့်အတွက် လိပ်ပြာလုံခြင်းတွေ ကျန်ခဲ့မှာပါ။

၃၈။ မနာလိုခြင်းဆိုတာ အချိန်ဖြုန်းတီးမှုတစ်ခုပါပဲ။ သင်လိုအပ်တာအားလုံး သင့်မှာရှိပြီးသားပါ။

၎ဝ။ အကောင်းဆုံးဆိုတာ ဖြစ်မလာသေးတဲ့အရာကို ပြောတာပါ။

၄၁။ သင်ဘယ်လိုခံစားရတယ်ဆိုတာ အရေးမကြီးပါဘူး။ မတ်တပ်ရပ်ပါ။ သပ်သပ်ရပ်ရပ်ဝတ်ပါ။ အပြင်ထွက်လိုက်ပါ။

၄၂။ စိတ်တည်ငြိမ်စေဖို့ဆိုရင် အသက်ဝဝရှူပေးပါ။

၄၃။ သင် မတောင်းဆိုရင် သင်လိုချင်တာမရနိုင်တဲ့ လောကဥပဒေသကို နားလည်ပါ။

၄၄။ လက်လျှော့သင့်တဲ့အရာတွေကို လက်လျှော့ပါ။

၄၅။ ဘဝဆိုတာ ဖဲကြိုးနဲ့ချည်နှောင်ထားတာမဟုတ်တဲ့ လက်ဆောင်တစ်ခုပါ။

သိမှတ်ဖွယ်ရာလေးတွေ ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။