“ စေတနာ”ဆိုတာ ထားတတ်ရင် သူတစ်ပါးအတွက် အထောက်အပံ့ကောင်းဖြစ်စေပါတယ်

blank

ရုံးခန်းထဲကနေ အိမ်ပြန်ဖို့ ထွက်လာတဲ့ မစ္စတာဖိလစ်ဟာ သူ့ဇနီးက ငှက်ပျောသီးဝယ်ပြန်ခဲ့ဖို့ မှာလိုက်တာကို သတိရသွားတယ်။ အဲ့ဒီအချိန်မှာပဲ လမ်းတစ်ဖက်မှာ ငှက်ပျောသီးထိုင်ရောင်းနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို သူ လှမ်းတွေ့လိုက်ပါတယ်။ ခါတိုင်းတော့ ဖိလစ်က ရုံးနဲ့အတန်ငယ် လှမ်းတဲ့ ကုန်စုံဆိုင်က ငှက်ပျောသီးကို ဝယ်နေကျပါ။ ဒါပေမဲ့ ဒီနေ့တော့ အိမ်ကိုလည်း စောစောပြန် ချင်တာနဲ့ အမျိုးသမီးကြီးဆီက ငှက်ပျောသီးကိုပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ဖိလစ်ဟာ အမျိုးသမီးကြီးဆီကို လျှောက်သွားပြီး ငှက်ပျောသီးဈေးနှုန်းကို မေးလိုက် တယ်။

“ ငှက်ပျောသီး ဘယ်လိုရောင်းလဲ အဒေါ် ”

အမျိုးသမီးကြီးက  “ ၁-ကီလိုကို ၇-ဒေါ်လာပါကွယ်” လို့  ပြန်ဖြေတယ်။

“ ဈေးကြီးလိုက်တာ။ ကျွန်တော်ဝယ်နေကျ ကုန်စုံဆိုင်မှာတောင် ၁-ကီလိုကို ၅-ဒေါ်လာပဲပေး ရတယ်ဗျ။ အဲ့ဒီဈေးနှုန်းအတိုင်း ရောင်းပေးနိုင်မလား အဒေါ်” လို့ ဒေးဗစ်က မေးလိုက်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အမျိုးသမီးကြီးက  “ မရဘူးကွယ့်။ အဲဒီဈေးနှုန်းနဲ့ဆို အဒေါ့်အတွက် မကိုက်ဘူး။ တကယ်လို့ ငါ့တူလိုချင်ရင်တော့ ၁-ကီလိုကို ၆-ဒေါ်လာနဲ့ ရောင်းပေးပါ့မယ်။ ဒါက နောက်ဆုံးထားပေးနိုင်တဲ့ ဈေး နှုန်းပါပဲ ”လို့  ပြန်ဖြေပါတယ်။

ဒါနဲ့ ဖိလစ်လည်း မဝယ်တော့ဘဲနဲ့ သူဝယ်နေကျ ကုန်စုံဆိုင်ကိုပဲ သွားလိုက်တော့တယ်။ ဖိလစ် ဟာ ကုန်စုံဆိုင်ထဲဝင်သွားပြီး ခါတိုင်းလိုပဲ ကောင်းတဲ့ငှက်ပျောသီးတစ်ဖီးကို ရွေးလိုက်တယ်။ ပြီးတော့  ငွေရှင်းကောင်တာဆီကို ငွေသွားရှင်းတဲ့အခါမှာတော့ ဖိလစ်လုံးဝအံ့အားသင့်သွားရတော့တယ်။ အ ရောင်းစာရေးက “ ငှက်ပျောသီး ၁-ကီလိုကို ၁ဝ-ဒေါ်လာ’’ လို့ ပြောလိုက်လို့ပါ။

“ တစ်နှစ်လုံးလုံး တစ်ဈေးနှုန်းထဲနဲ့ပဲ ကျွန်တော်အမြဲဝယ်လာခဲ့တာ။ ဘာကြောင့် ဈေးတက် သွားတာလဲ။ ကျွန်တော်က အမြဲတမ်းဝယ်နေကျဖောက်သည်ပါ။ အဆင်ပြေအောင် ဈေးညှိပေးပါ ”လို့ ဖိလစ်က တောင်းဆိုလိုက်တယ်။ သူတို့ပြောနေတာတွေကို ကြားသွားတဲ့ ဆိုင်မန်နေဂျာက သူတို့ဆီကို လျှောက်လာပါတယ်။ ပြီးတော့ ဖိလစ်ကို “ စိတ်မကောင်းပါဘူး ဆရာ။ ဒါပေမဲ့ ကျွန်တော်တို့ ဈေးနှုန်း ကတော့ ဒီထက် မလျှော့နိုင်တော့ပါဘူးခင်ဗျ ” လို့ ခပ်ပြုံးပြုံးပြောတယ်။ ညှိလို့မရတော့ဘူးဆိုတာ ဖိလစ်က သဘောပေါက်လိုက်တဲ့အတွက် ငှက်ပျောသီးကို ပြန်ထားခဲ့ပြီး စောစောက အမျိုးသမီးကြီး ဆိုင်ကိုပဲ ပြန်လျှောက်သွားလိုက်တော့တယ်။  ဖိလစ်ပြန်လာတာကို မြင်လိုက်တဲ့အမျိုးသမီးကြီးက  “ ငါ့တူရေ အဲ့ဒီဈေးနှုန်းအတိုင်း အဒေါ့်ဘက်က တကယ်မရောင်းပေးနိုင်လို့ပါကွယ်။ အဲ့ဒီဈေးနဲ့ရောင်းရင် အဒေါ့်အတွက် အမြတ်တစ်ပြားမှ မကျန်ဘဲနေမှာ ” လို့ လှမ်းရှင်းပြရှာတယ်။

ဖိလစ်က ပြုံးလိုက်ပြီး “ ရပါတယ် အဒေါ်။ စိတ်မပူပါနဲ့။ ကျွန်တော် အဒေါ့်ကို  ၁-ကီလိုကို ၁ဝ-ဒေါ်လာပေးပါ့မယ်။ အခု ၂-ကီလိုဂရမ်ပေးပါ ” လို့ ပြောလိုက်တယ်။ ဒေးဗစ်စကားကြားလိုက်ရတဲ့ အမျိုးသမီးကြီးဟာ သိပ်ကို ပျော် ရွှင်သွားတော့တယ်။

အမျိုးသမီးကြီးက ငှက်ပျောသီး ၂-ကီလိုဂရမ်ထုပ်ပိုးပေးရင်းနဲ့ “ ငါ့တူရဲ့ ကြင်နာတတ်တဲ့စိတ် ထားကောင်းလေးကိုတော့ အသိအမှတ်ပြုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်ကွယ်။ ဒါပေမဲ့ ၁ဝ-ဒေါ် လာတော့ မယူပါရစေနဲ့။ ၁-ကီလိုကို ၇-ဒေါ်လာပဲယူပါ့မယ်” လို့ ပြန်ပြောတယ်။

တစ်ဆက်တည်းမှာပဲ ….

“ အဒေါ့်ရဲ့ခင်ပွန်းဟာ သစ်သီးအရောင်းဆိုင်သေးသေးလေးကို ဖွင့်ထားပါတယ်။ ဒါပေမဲ့ အခု သူက ရောဂါနဲ့အိပ်ရာထဲမှာလဲနေပါတယ်။ အဒေါ်တို့မှာ ကျောထောက်နောက်ခံသားသမီးလည်း တစ် ယောက်မှမရှိတဲ့အတွက် ဘာအထောက်အကူမှလည်း မရှိပါဘူး။ ဆိုင်လေးကိုလည်း သူ့ရဲ့ဆေးဖိုး အတွက် ရောင်းချလိုက်ရပြီ။ ဒါပေမဲ့  မလုံလောက်ဘူးလေ ”လို့ ရင်ဖွင့်ရင်းနဲ့ အမျိုးသမီးကြီးရဲ့ မျက် လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။

“ ဒါကြောင့် အဒေါ်တို့ဘဝအတွက် အထောက်အကူရအောင် အခုလို ဈေးရောင်းနေရတာပါ ကွယ်။  အရင်းအနှီးလည်းမရှိတဲ့အတွက် ရောင်းနိုင်သလောက်လေး ရောင်းနေတာပါ ” လို့လည်း အ မျိုးသမီးကြီးက သနားစဖွယ် ဆက်ပြောရှာတယ်။

ဖိလစ်က ပြုံးရင်း “ စိတ်မပူပါနဲ့ အဒေါ်။ ဒီနေ့တော့ အဒေါ်ကံကောင်းပါပြီ။ နောက်ဆိုရင် အ ဒေါ့်ဆီကပဲ ကျွန်တော်အမြဲတမ်းအားပေးတော့မှာပါ ”လို့ပြောပြီးတာနဲ့ ပိုက်ဆံအိတ်ထဲက တစ်ရာ တန်တစ်ရွက်ဆွဲထုတ်ပြီး အမျိုးသမီးကြီးကို ပေးလိုက်ပါတယ်။

“ ဒီပိုက်ဆံကို ယူထားလိုက်ပါ အဒေါ်။ ဒီပိုက်ဆံနဲ့  တခြားသစ်သီးတွေကိုပါ ရောင်းဖို့ ဝယ်လိုက်ပါ။ ကျွန်တော်လည်း အဒေါ့်ဆီက အမြဲတမ်းဝယ်ပါ့မယ် ”လို့ ဖိလစ်က ဆက်ပြောတယ်။  အမျိုးသမီးကြီးဟာ ဝမ်းသာလွန်းလို့ မျက်ရည်တွေဝဲနေရှာတော့တယ်။

အဲဒီနောက်မှာတော့ ဖိလစ်က တခြားလုပ်ဖော်ကိုင်ဖက်တွေကိုပါ အမျိုးသမီးကြီးဆီဝယ်ဖို့ ညွှန်းပေးတယ်။ ဖိလစ်အညွှန်းကောင်းတာကြောင့် ဝယ်တဲ့သူတွေများပြားလာပြီး အမျိုးသမီးကြီးရဲ့ ဘဝလည်း ပိုအဆင်ပြေလာခဲ့တယ်။

ပရိသတ်ကြီးရေ… ဒီဇာတ်လမ်းလေးကို ဖတ်ပြီးတော့ အဖိုးတန်တဲ့မက်ဆေ့ဂ်ျကောင်းလေး တစ်ခုကို ရရှိလိုက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကျွန်မတို့ အတော်များများဟာ ဈေးဝယ်ထွက်ဖို့ စဉ်း စားရင် ဈေးဆိုင်ကြီးတွေ၊ ကုန်စုံဆိုင်ကြီးတွေကိုပဲ အမြဲရွေးချယ်လေ့ရှိကြတယ်။ ကပ်ထားတဲ့ဈေးနှုန်း အတိုင်းလည်း ဈေးမဆစ်ဘဲ အမြဲတမ်းရက်ရက်ရောရောပေးကြတယ်။ ပစ္စည်းချင်းတူပြီး ဈေးနှုန်း လည်း သက်သာတဲ့လမ်းဘေးဈေးဆိုင်လေးတွေကိုတော့ ဈေးဆစ်ကြတယ်။ တကယ်တော့ ဒါဟာ အ များစုသော ဈေးသည်တွေအတွက် အသက်ရှင်သန်မှု၊ ဘဝရပ်တည်မှုလည်း ဖြစ်နိုင်ပါတယ်။ သူတို့ နောက်ကွယ်က မိသားစု အခက်အခဲတွေလည်း အမျိုးမျိုးဖြစ်နိုင်တာကြောင့် တန်ရာတန်ကြေးပေး ဝယ်တာက သူတို့အတွက် ဘယ်လောက် အထောက်အပံ့ဖြစ်စေသလဲဆိုတာကို ဇာတ်လမ်းလေးက မက်ဆေ့ဂ်ျပေးသွားပါတယ်။

ရသစာစုလေးကို ပြန်လည်မျှဝေဖို့အတွက် SHARE လိုက်ပါဦးနော်။