၁၂ ရာသီစောင်ခြုံအိပ်တတ်တဲ့သူတွေအတွက် သတင်းကောင်း

blank
စာချစ်သူတို့ရေ…

သင့်ဟာ နွေမိုးဆောင်း ရာသီသုံးပါးမရွေးစောင်ခြုံအိပ်တတ်တဲ့သူတစ်ယောက်ဆိုရင် သင့်အတွက် သတင်းကောင်းတစ်ခုကို ဂန္ထဝင်ကသယ်ဆောင်လာခဲ့ပါပြီနော်။

သိပ္ပံနည်းကျလေ့လာမှုတွေအရ လူတိုင်းအတွက် ရာသီသုံးပါးမရွေးစောင်ခြုံပြီး အိပ်တာဟာ အထူးသင့်လျော်တယ်လို့သိရပါတယ်။ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ အိပ်ပျော်နေတဲ့အချိန်မှာ အပူချိန်တွေကျဆင်းလာပြီး အပူချိန်တွေကို ထိန်းညှိနိုင်တဲ့စွမ်းအင်တွေဟာလည်းပဲ တဖြည်းဖြည်းလျော့ကျလာပါတယ်။ ဒါကြောင့် ဘယ်လိုရာသီဥတုမျိုးပဲဖြစ်ပါစေ စောင်ခြုံအိပ်သင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်ထပ်လေ့လာမှုတစ်ခုကတော့ စောင်ခြုံပြီးနဲ့အိပ်စက်ခြင်းဟာ စိတ်ပူပန်မှုနဲ့ အိပ်မပျော်တဲ့ရောဂါတွေကို ကုသပေးနိုင်တယ်လို့သိရပါတယ်။ စောင်ခြုံပြီးအိပ်တဲ့အခါ စိတ်လုံခြုံမှုကို ခံစားရစေတဲ့အတွက် ဦးနှောက်ရဲ့ serotonin level ကို မြင့်တင်ပေးပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

သိပ္ပံနည်းကျအချက်တွေနဲ့ မဟုတ်ဘူးဆိုရင်တောင် နူးညံ့တဲ့စောင်လေးဟာ အိပ်ပျော်စေတဲ့အရာလေးဆိုတာကိုတော့ ဆယ့်နှစ်ရာသီစောင်ခြုံအိပ်တတ်တဲ့သူတွေသာ နားလည်နိုင်မယ့်အရာတစ်ခုဖြစ်ပါတယ်။