၁။ မနက်စာအတွက် ပရိုတင်းဓာတ်များများစားပါ။
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ မနက်စာကိုစားခြင်းက ခန္ဓာကိုယ်အလေးချိန်ကို အမြန်ဆုံးလျှော့ချပေးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
၂။ ရေများများသောက်ပါ။
ရေသောက်ခြင်းက metabolism နှုန်းကို မြန်စေပြီး အစာစားချင်စိတ်ကိုလျှော့ချပေးပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကယ်လိုရီတွေ များများလောင်ကျွမ်းစေနိုင်ပြီး အစားနည်းနည်းပဲ စားစေပါတယ်။
၃။ ကာဘိုဟိုက်ဒရိတ် (carbohydrates) ဓာတ် လျှော့စားပါ။
တစ်နေ့စာ စားသောက်မှုမှာ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို လျှော့စားခြင်းက အဆီလျှော့စားခြင်းထက်ပိုပြီး ဝိတ်ကျမြန်စေတာကို တွေ့ရပါတယ်။
၎။ ရေခဲသေတ္တာထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကိုပဲ ထားပါ။
အိမ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေပဲရှိတော့ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်စွာ ပိုပြီးစားဖြစ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၅။ ဈေးဝယ်မထွက်ခင် အိမ်ကနေ ဗိုက်ဝအောင်စားသွားပါ။
ဗိုက်ဆာနေတဲ့အချိန်ဈေးဝယ်ခြင်းက မလိုတာတွေကို ပိုဝယ်မိစေတယ်၊ ပြီးတော့ အပြင်စာစားမိစေတယ်။ ဒီတော့ အစားများများပိုစားမိစေပြီး ငွေလည်းများများကုန်ကျစေပါတယ်။
၆။ ပန်းကန်အသေးလေးတွေနဲ့ပဲ စားပါ။
ထူးဆန်းစွာပဲ ပန်းကန်အသေးလေးတွေနဲ့ စားခြင်းက မြန်မြန်ဗိုက်ဝတယ်လို့ ခံစားမိစေပြီး အစားလျှော့စားဖြစ်စေပါတယ်။ ဒီတော့ ဝိတ်ကျချင်တဲ့သူတွေအတွက် ပိုကောင်းသွားတာပေါ့။
၇။ ကယ်လိုရီများတဲ့ အချိုရည်တွေကို မသောက်ပါနဲ့။
Coke၊ အချိုရည်၊ ဘီယာ၊ အဆီထုတ်မထားတဲ့ နွားနို့ စတဲ့ ကယ်လိုရီများတဲ့ အရည်တွေကို ရှောင်ကြဉ်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကို မြန်မြန်ကျအောင် ကူညီပေးပါတယ်။
၈။ ပရိုတင်းဓာတ်များများစားပါ။
ကာဘိုဟိုတ်ဒရိတ်တွေကို လျှော့ချပြီး ပရိုတင်းဓာတ်များများစားခြင်းက ကိုယ်အလေးချိန်ကို လျှော့ချရာမှာ အကူအညီပေးပါတယ်။
၉။ အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးပျက်ခြင်းက အစာစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကိုထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် ဝိတ်လျှော့မယ်ဆိုရင် အရင်ဆုံး အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။
၁ဝ။ TV ကြည့်ရင်း အစားမစားပါနဲ့။
အစားစားရင်း TV ကြည့်ခြင်းက ဗိုက်ဝမှန်းသတိမထားမိဘဲ အစားများများစားမိစေပါတယ်။
ဝိတ်ချဖို့ ကြိုးစားနေတဲ့ သူငယ်ချင်းလေးတွေအတွက် SHARE ပေးလိုက်ပါဦးနော်။