ဂင်းနစ်စံချိန်ချိုးခဲ့တဲ့ ကမ္ဘာ့လက်သည်းအရှည်ဆုံးအမျိုးသမီး

blank

အေယန်နာဝီလျံစ် (Ayanna Williams) ဆိုတာ အမေရိကန်ပြည်ထောင်စု၊ တက္တဆက်(Texas)ပြည်နယ်၊ ဟူစတန်(Houston)မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမ ဟာ နှစ်ပေါင်း (၂ဝ) ကျော်ကြာတဲ့အထိ လက်သည်းတွေကို ညှပ်မပစ်ဘဲ အရှည်ထားခဲ့ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းတွေအရ သူမရဲ့ စုစုပေါင်းလက်သည်းအရှည်အတိုင်းအတာ ပေါင်း ၅၇၆.၄ စင်တီမီတာ( ၁၈ ပေနဲ့ ၁ဝ.၉ လက်မ) ရှိပါတယ်။

သူမရဲ့ဘယ်ဘက်လက်က လက်သည်းတွေဟာ ညာဘက်လက်သည်းတွေထက် ပိုရှည်ပြီး စုစုပေါင်းတိုင်းတာချက်အရ ၃၂၆.၅ စင်တီမီတာ( ၁ဝ ပေ ၈.၅ လက်မ) နဲ့ ၂၄၉.၈ စင်တီမီတာ (၈ပေနဲ့ ၂.၃ လက်မ) စီရှိပါတယ်။ အဲ့ဒီလက်သည်းတွေကိုဆိုးဖို့ လက်သည်းနီ ၂ ဘူးကုန်ပြီး နာရီအားဖြင့် နာရီ ၂ဝ လောက်အချိန်ပေးရပါတယ်။ သူမလက်သည်းတွေကို သူမကိုယ်တိုင်တော့ ဆေးဆိုးလေ့မရှိဘဲ လက်သည်းကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့သာ ဆိုးလေ့ရှိပါတယ်။ အေယန်နာဟာ သူမရဲ့လက်သည်း တွေကို အလွန်မြတ်နိုးတာကြောင့် မပျက်စီးအောင် ပန်းကန်ဆေးတာ၊ အဝတ်လျှော်တာတွေကို ရှောင် ကြဉ်ပါတယ်။ အိပ်တဲ့အခါလည်း လက်သည်းတွေမကျိုးမပဲ့အောင် ခေါင်းအုံးပေါ် သေချာဂရုတစိုက် ထားပြီးမှ အိပ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယနေ့မှာတော့ သူမဟာ ကမ္ဘာ့လက်သည်းအရှည်ဆုံးအမျိုးသမီးတစ်ယောက်အဖြစ် မှတ်တမ်း တင်ခံထားရပြီး  သူမရဲ့ဘဝတစ်စိတ်တစ်ပိုင်းလိုဖြစ်နေတဲ့ လက်သည်းရှည်တွေကို နောက်လည်း ဖြတ်ဖြစ်မှာ မဟုတ်ဘူးလို့ အေယန်နာက ဆိုထားပါတယ်ရှင်။