“ ဘဝ” ဆိုတဲ့ ကံကောင်းခြင်းလက်ဆောင်ကို ညည်းညူခြင်းနဲ့ မဖြုန်းတီးပစ်လိုက်ပါနဲ့။

blank

၁။ သူတပါးကို ဘယ်တော့မှအပြစ်မတင်ပါနဲ့။ တစ်ခါတရံ သင့်ကိုယ်သင်တောင် စိတ်တိုင်းမကျတဲ့ အချိန်လေးတွေရှိတယ်မဟုတ်လား။

၂။ အစားအသောက် ချေးမများပါနဲ့။ တချို့လူတွေဆိုရင် ထမင်းနပ်မှန်အောင်တောင် မစားကြရပါ ဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သင့်လက်တွဲဖော်အကြောင်း ဘယ်တော့မှမညည်းညူပါနဲ့။ သူတို့ရဲ့အတိတ်နေ့ရက်တွေမှာ ဘယ်လိုအဆိုးတွေကြုံခဲ့ဖူးတာကို သင်မသိနိုင်လို့ပါ။

၎။ သင့်အိမ်အကြောင်း ဘယ်တော့မှမညည်းညူပါနဲ့။ တချို့လူတွေအတွက်ဆိုရင် လုံခြုံတဲ့အမိုး အကာတောင် မရှိပါဘူး။

၅။ သင့်ကလေးတွေအကြောင်း မညည်းညူပါနဲ့။ တချို့လူတွေဆိုရင် မိဘတောင်ဖြစ်ခွင့်ရတာ မဟုတ်ပါဘူး။

၆။ သင့်အလုပ်အကြောင်း မညည်းညူပါနဲ့။ တချို့လူတွေဆိုရင် အလုပ်လက်မဲ့ဖြစ်နေကြလို့ပါ။

၇။ သင့်ဘဝကို မကျေမနပ် မညည်းညူပါနဲ့။ တချို့ငယ်ငယ်ရွယ်ရွယ်နဲ့ နာမကျန်းဖြစ်ပြီး ဘဝကို ဖြတ်သန်းနေကြတာတွေကို သင်လည်းမြင်တွေ့ဖူးမှာပါ။

တကယ်တော့ ဘဝတစ်ခုဖြစ်တည်လာခဲ့ပြီဆိုကတည်းက သင့်မှာ ကံကောင်းခြင်း လက် ဆောင်တစ်ခုကို ရရှိလိုက်တာပါပဲ။ အဲ့ဒီကံကောင်းခြင်းကို ညည်းညူခြင်းနဲ့ မဖြုန်းတီးပစ်သင့်ပါ ဘူး။ သင့်အနေနဲ့ တစ်စုံတစ်ခုကို လုံးဝမကြိုက်ဘူးဆိုရင်တောင် သင်အသက်ရှင်သန်နေသေးတာ ကို သတိရပါ။ အသက်ရှင်နေတယ်ဆိုတာကိုက အရာရာကို ဖြေရှင်းဖို့ အခွင့်အရေးရှိနေတယ်ဆို တဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကြောင့် ဘယ်အခြေအနေရောက်ရောက် ဘယ်တော့မှမညည်းညူဘဲ အ ကောင်းဆုံး ရှင်သန်သွားလိုက်ပါနော်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။